ဒီဆောင်းပါးလေးကဖေ့စ်ဘုတ်ပေါ်မှတွေ့ လို့  ကူးယူတင်ပြတာပါ....
နိုင်ငံတော်သမ္မကြီးအား မရိုသေ- မလေးစားခြင်း- စောင်းမြောင်းရေးခြင်မဟုတ်ကြောင်းဝန်ခံပါတယ်...
ကိုယ်တိုင်တီထွင်ပြီးရေးတာလည်းမဟုတ်ပါ...
အခုရေးတဲ့ ပို့ စ်ကို ကျနော့် ဘလောက်ဖတ်နေတဲ့  မိတ်ဆွေများ သဘောကျနှစ်သက်ခဲ့ လျှင်
ကွန့် မက်မှာသော်၎င်း -စီဘောက်ခေါ် ချက်ဘောက်မှာလည်း
တစ်ခုခုမှာမှတ်တမ်းလေးရေးခဲ့ ပါ..
မျှော်လင့် နေပါတယ်..
မုန့်ဟင်းခါးရောင်းဖို့
စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ
[First Lady = သမ္မတကတော်]
Saturday , January 19, 2013
ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စာကိုယ်မလာခင် နိဒါန်းလေးတော့ ပျိုးချင်ပါတယ်။
ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုရင်
ဖတ်ရတာဖြစ်စေ၊ သိထားတာလေး ပြန်ပြော တာမှာဖြစ်စေ အင်မတန် အရသာရှိလှပါတယ်။ ဗိုလ်ချုပ်ဟာ
စက်ဘီးတောင် မစီးတတ်တာ၊ ဂျပန်ကို တော်လှန်ဖို့ အင်္ဂလိပ်နဲ့ ဆက်သွယ်စဉ်မှာ "အောင်ဆန်းရာ၊
ငါတို့နိုင်တုန်းမို့ မင်းလာပေါင်းတာ မဟုတ်လား" အမေးခံရတော့ "ဟုတ်တယ်၊ ခင်ဗျားတို့
ရှုံးနေတုန်းပေါင်းရင် ကျုပ်နိုင်ငံ အကျိုးရှိမှာမို့လား" ဆိုပြီး ဘွင်းဘွင်းကြီးပြောချလိုက်လို့
အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း က သဘောကျသွားတာ၊ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားပြီး
ကျင်းပတဲ့ ထမင်းစားပွဲကြီးမှာ ပွဲမစခင် ဟင်းတုံးနှိုက်စားပြီး စပ်ဖြဲဖြဲလုပ်နေတာ၊ နိုင်ငံရေးကို
နောက်ဆံမတင်းဘဲ လုပ်နိုင်အောင် မိသားစုကိစ္စသုံးဖို့ ရွှေထုပ်ကြီးလာပေးတဲ့သူကို ဘုပြောပြီး
အိမ်ပေါ်က မောင်းချတာ၊ ကိုယ့်အတွေးနဲ့ကိုယ် ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်သွားလို့ ဗိုလ်ချုပ်မှန်းမသိတဲ့
အစောင့်ရဲဘော်က မောင်းထုတ်တာ၊ အင်မတန်ဖင်ခေါင်းကျယ်တတ်တဲ့ အင်္ဂလန်ကို အသွားမှာ
အဝတ်အစားကောင်းကောင်းမပါလို့ အိန္ဒိယရောက်မှ နေရူးက ဆင်ပေးလိုက်ရတာ၊ အိုဗျာ
... ပြောရရင်တော့ အများကြီးပါ။
[First Lady = သမ္မတကတော်]
Saturday , January 19, 2013
ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စာကိုယ်မလာခင် နိဒါန်းလေးတော့ ပျိုးချင်ပါတယ်။
ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်
အဲဒီလိုအကြောင်းလေးတွေ စီကာစဉ်ကာကြည့်လိုက်ရင် ဗိုလ်ချုပ်ကို ချစ်လာလိုက်၊ သနားသွားလိုက်၊ အားမလိုအားမရဖြစ်လိုက်၊ နှမြောတသဖြစ်လိုက်၊ လေးစားလိုက်၊ ဗိုလ်ချုပ်ကို နည်းနည်းလောက် အသက်ရှည်စေချင်လိုက်တာဆိုပြ
တခါ ... ကျွန်တော် သတိထားမိတာက ဗိုလ်ချုပ်ရဲ့ အဲဒီအကြောင်းလေးတွေဟာ ဗိုလ်ချုပ်မရှိတော့တဲ့ အချိန်ကျမှ အနီးကပ်နေခဲ့တဲ့သူ၊ ကြုံခဲ့တဲ့သူတွေက ပြန်ဖောက်သည်ချလို့ လူအများသိကြရတာပါ။ သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း ဗိုလ်ချုပ်ကို တပြည်လုံးက ချစ်ခဲ့ကြတာပါပဲ။ ဗိုလ်ချုပ်မသေခင်မှာသာ ဒီအကြောင်းတွေကို ပြည်သူတွေသိခဲ့ရင် ဗိုလ်ချုပ်အပေါ် ထားတဲ့အချစ်ဟာ နောက်တစ်ပြန်မက တိုးခဲ့ကြဦးမယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ သေမှ ချစ်ရမှန်းသိတဲ့ ဥပမာတွေကလည်း အများသားလေ။
ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ သေမှ/
အဲဒီတော့ ကျွန်တော်ခေါင်းစဉ်တင်ထားတဲ
အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/
ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။
အန်တီကြီးရဲ့အကြံ ဘာကြောင့်အကောင်အထည်မဖော်ဖြ
သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။ လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။
ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ
ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊
ကဲ... မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရ
==========================
ရေးသူ- အမည်မသိပါ။ သိလျှင် ပြန်လည် ဖော်ပြပေးပါမည်
==========================
http://www.facebook.com/pages/Myanmar-Online-News/459386844101959

ကွန့် မက်များ
- Sann Htun ရိုသားမှုကို လက်ခံပါတယ် တိုင်းပြည်အတွက် ပြတ်သားမှုတော့ လိုအပ်ပါတယ်။ နောက်ပြန်ဆွဲချင်တဲ့လူ တွေ ကိုတော့ပြတ်ပြတ်သားသား ရှင်းရပါမယ်။ ဗိုလ်ချုပ် ပြတ်သားသလို ပြတ်သားရပါမယ်
- Nayron Naryon အမှန်းတရားမြတ်နိုးသူတိုင်းကိုချစ်ပါတယ်ပြီးတော့သမ္မတကြီးရဲ့ကောင်းမွန်တဲ့စီမံကိန်းများအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်
- Htoo Lay သမ္မတကြီး ကျမ္မာချမ်းသာပါစေ ...သမ္မတကြီး ကိုချစ်ပါတယ် naut 1 khar phat pi naut 1 khar cmt pae tar par
ရိုးသားလှသော သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ..
ReplyDeleteယုံရမှာလား ယုံရခက်ခက်ဘဲနော်
ReplyDelete“သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊
ReplyDeleteနောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်“- ဆိုတာကိုတော့ ယုံပါတယ်-
အဲလေ--မယုံတဲ့သူလည်း သူ.သဘောပဲပေါ့-- အတင်းယုံခိုင်းစရာမှမလိုတာ --
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ဦသန်းရွှေက လူမှန်နေရာမှန် ပေးခဲ့ တာပေါ့ ဗိုလ်ချုပ်ကို အားကျ လို့  သမတ ဦးသိန်းစိန် ဒီလို ကျင့်ကျံ အားထုပ်နေတာပေါ့။ ဘယ်အစိုးရတက်တက် ပြည်သူကို ပြန်ကြည့်ဘို့လို ပါတယ် ။ ကိုယ့်တဘို့ ထဲ ကြည့် တကိုယ်ကောင်ဆန် အကျင့်တွေ ဖျောက် ကျပါ တော့ ။ မနာလို ဝန်တို တဲ့ အကျင့်တွေ မစားရ သဲနဲ့ ပက်တဲ့ အကျင့်တွေ အသက်ကြီးပြီ အချိန်မစီး တာတွေ ဖျောက်ကျပါတော့ ဒီမိုကရေစီ ကိုလမ်း ရှောက်နေတဲ့အချိန် မနောက် ရှက် ကျပါနဲ့ ။
ReplyDelete