
ဦးဇင်းဝီရသူ စာမျက်နှာမှ ဖော်ပြချက်
11.4.2013-ရက်နေ့ကဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ မေခလာသိန်း
 (သမီး) အမည်ရတဲ့ အထည်ဆိုင်သို့ သာကေတမြို့နယ်၊NLD-ပါတီဝင် မဥမ္မာက 
ယောဂီထမီလာဝယ် ပါတယ်။
ယောဂီထမီအတွက်အထည်တွေ ရွေးနေစဉ်မှာ ဆိုင်ရှင်အမျိုးသမီးက “ဒီလိုအဆင်တွေလည်း
 ရှိတယ်”ဆိုပြီး အထည် စကိုကိုင်ပြပါတယ်။ မဥမ္မာက ကြည့်လိုက်တာနှင့် 
တန်းသိပါတယ်။ စေတီပုံက ထင်ထင်ရှားရှား ကြီးဖြစ်နေတာကိုး။ ဒါနဲ့ ၃၅၀၀ိ/ဖြင့်
 တစ်ထည်ဝယ်လိုက်ပါတယ်။
မင်္ဂလာတောင်ညွန့်-ဈေးသို့မဥမ္မာတစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကိုကျော်ကျော်၊
 ကိုအောင်ြ ငိမ်းကျော်နှင့် အခြားလူငယ်တွေလည်းပါပါတယ်။မဥမ္မာက 
ယောဂီထမီသွားဝယ်တာဖြစ်လို့ တစ်နေရာမှာ စောင့်ကျန်ေ နခဲ့တာပါ။ မဥမ္မာက 
စေတီပုံပါတဲ့အထည်စကိုခေါက်ပြီး ကိုအောင်ငြိမ်း ကျော်တို့ဆီ အပြေး သွား 
ပါတယ်။ ကိုအောင်ငြိမ်းကျော်တို့ကြည့်ပြီးတာနဲ့ မေခလာသိန်း(သမီး) ဆိုင်ကို 
တန်းသွားပါတယ်။
သဘောကျဟန်ဆောင်ပြီးသွားမေးရာမှာ “တစ်ထည်ချင်းဆို(၃၅၀၀)ကျပ်။ ဆယ်ထည်ဈေး 
ဆို(၃၀၀၀)ကျပ်၊ အလိပ်လိုက်ဝယ်ရင်လည်းရတယ်မောင်လေး ဈေးလျှော့ပေးမယ်”-လို့ 
ဆိုင်ရှင် အမျိုးသမီး က ပြောပါတယ်။ ဒါနဲ့ 
ကိုအောင်ငြိမ်းကျော်ကအပြာရောင်နှင့် အနီရောင်တစ်ထည်စီ ၀ယ်လိုက်ပါတယ်။ ဆယ် 
ထည်ဈေး (၃၀၀၀)ကျပ်နှင့်ပဲ ရခဲ့တာပါ။
ကိုအောင်ငြိမ်းကျော်တို့ကDVB သတင်းထောက်ကို လှမ်းခေါ်လိုက်ပါတယ်။ 
အဲဒီအချိန်မှာ မဥမ္မာ ၀ယ်ထား တဲ့ အထည်ကို 
ရဲကသိမ်းသွားပါပြီ။ဒီကိုအောင်ငြိမ်းကျော်တို့က မဥမ္မာကိုခေါ်ပြီး ရပ်ကွက်ရုံး
 ကိုသွားပြော ပါတယ်။ ရပ်ကွက်ရုံးမှာမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်အောင်နီနှင့် 
စခန်းမှူး ဦးသက်နိုင်တို့ ရောက်လာပြီး စကားပြော ကြတာ(၁၁း၀၀)နာရီမှာ 
(၁၃း၀၀)နာရီထိ နှစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။
၎င်းနောက်ရဲတွေဦးဆောင်ပြီး မေခလာသိန်း(သမီး)ဆိုင်ကို သွားကြပါတယ်။ 
အားလုံးသိမ်း ဆည်းပြီးသွား ပါပြီ။ဒီလိုဖြစ်တာဟာ ရဲတွေက မဥမ္မာတို့အဖွဲ့ကို 
အချိန်ဆွဲထားပြီးနောက်ပိုင်းမှာ အစဖျောက်ခိုင်း ထားပုံရတယ်လို့ 
ကိုအောင်ငြိမ်းကျော်တို့က ယူဆထားပါတယ်။
မေခလာသိန်း(သမီး)ဆိုင်မှာရဲတွေကိုယ်တိုင်တက်နေချိန်မှာ
 မွတ်စလင်မ် အမျိုးသမီးကြီး ရောက်လာပြီး “ဒို့က ဗုဒ္ဓဘာသာတွေပါ၊ဒါမျိုးတွေ 
ဘယ်ရောင်းပါမလဲ”ပြောပြီး ရဲတွေကိုရော ကိုအောင်ငြိမ်းကျော်တို့ကိုပါ 
ထိုင်ကန်တော့ပါတယ်။ဒီအချိန်မှာ DVB-သတင်းထောက် ရောက်ရှိလို့ နေပါပြီ။ 
မှတ်တမ်းလည်းတင်နေပါပြီ။ ကန်တော့နေတဲ့ပုံတွေလည်းရိုက်ကူးပြီးပါပြီ။
ချက်ချင်းလက်ငင်းကြီးပျောက်သွားတာဆိုတော့ မဥမ္မာတို့က၊ မယုံကြည်ပါဘူး။ 
ဒါကြောင့် မဥမ္မာကိုယ်တိုင် တက် ရှာဖွေပါတယ်။ခြောက်ထည်တွေ့ပါတယ်။ 
ဟိုအလိပ်ကြားကတစ်ထည် ဒီအလိပ်ကြားက တစ်ထည် ထွက် လာတာပါ။
ရဲတွေကDVB-သတင်းထောက်ကို မလွှင့်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ 
ကင်မရာသိမ်းဖို့အထိ ရည်ရွယ်ကာ ကင်မရာကိုတောင်းလာပါတယ်။ “ပြဿနာတက်သွားမယ် 
မလွှင့်နဲ့လို့”။ ပြောပြီး ကင်မ ရာေ တာင်း တာပါ။DVB-သတင်းထောက်မလေး လေးမွန်က
 လိပ်စာကဒ်ပဲ ပေးလိုက်ပါတယ်။ အရေးယူလိုက ဆက် သွယ်ရန်ဖြစ်ပါတယ်။
ယိုးဒယားကလာတယ်လို့ဆိုင်ရှင်တွေကပြောတာကို ကိုအောင်ငြိမ်းကျော်တို့က 
လုံးဝမယုံ ပါဘူး “ဒါဆိုလဲ ယိုးဒယား ထိလိုက်မယ်ဗျာ”လို့ပြောခဲ့ပါတယ်။
11.4.2013-ရက်နေ့ည ၈း၀၀ နာရီသတင်းမှာ DVB-က၊ ထုတ်လွှင့်ခဲ့ပါတယ်။
12.4.2013-ရက်နေ့မှာကိုကျော်ကျော်တို့ ကိုအောင်ငြိမ်းကျော်တို့က 
ဗန်မော်ဆရာတော်ကြီး ထံ သွားတိုင်ပါတယ်။ဗန်မော်ဆရာတော်ကြီးက 
အပြာရောင်တစ်ထည်နှင့် ဘောင်ချာတစ်ခုကို ယူထားလိုက်ပါတယ်။ 
တရားစွဲဖို့လည်းတိုက်တွန်းတယ်လို့ ကိုကျော်ကျော်က ပြောပြပါတယ်။
၎င်းညမှာပဲကိုကျော်ကျော်တို့ NLD-အဖွဲ့ဝင်တွေနဲ့ ဆရာတော်ဦးကေသရတို့ 
အစည်းဝေးထိုင်ပါတယ်။ ဆရာတော်ဦးကေသရဆိုတာထေရ၀ါဒဓမ္မကွန်ရက် အဖွဲ့က သက်တော်ငါး
 ဆယ်ကျော် အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးပါ။
13.4.2013-ရက်နေ့မှာဆရာတော်ဦးကေသရတို့အဖွဲ့ဟာ မင်္ဂလာတောင်ညွန့်မြို့နယ် 
ရဲစခန်းသို့ သွားခဲ့ကြပါတယ်။ ဆရာတော်ဦးကေသရနှင့်အတူ မကွေးကျောင်းဆရာတော် 
ဦးပါမောက္ခ၊ ဦးနေမိန္ဒ၊ ဦးသုစရိတ၊ ဦးသောပါက(ဒုလ္လဘ၊NLD) ဦးအာစာရ-အားလုံး 
ဒဂုံအရှေ့ပိုင်းမှ သံဃာ(၆) ပါးနှင့် အလိုတော်ပြည့် 
ဓမ္မာစရိယတက္ကသိုလ်မှဆရာတော်တစ်ပါး စုစုပေါင်း သံဃာ(၇)ပါး။
ရှေ့နေကြီးဦးအေးပိုင်၊ 
မေတ္တာတံခွန်အသင်းမှ ကိုလပြည့်ဇင်၊ သာကေတ NLD-မှ မဥမ္မာ၊ အောင်ငြိမ်းေ ကျာ်၊ 
ကိုကျော်ကျော်၊ ကိုဝင်းကြိုင်(ပွဲစား) ကင်မရာဆရာနှင့် ကားဆရာ လေးယောက် 
တို့ပါ င်ခဲ့ကြပါတယ်။
နှစ်ဦးနှစ်ဖက်ဆွေးနွေးရာမှ အောက်ပါအချက်ဆယ်ချက်ကို ရဲတပ်ဖွဲ့ထံမှ ရရှိလာခဲ့ပါတယ်။
(၁)အထည်စမှာ စေတီပုံတွေပါလာတာဟာ သဘောရိုးနဲ့လုပ်တာပါဟု မြို့နယ်တပ်ဖွဲ့မှူးက ထပ်ခါတလဲ လဲပြောကြား။
(၂)ပိတ်လိပ်တစ်ခုလုံး မဟုတ်ဘဲ ဟိုးနားတစ်ကွက် ဒီးနားတစ်ကွက် ပါတာဖြစ်လို့ မတော်တဆ  ရိုက်နှိပ်မိ သွားတာ ပါ ဟုပြောကြား။
(၃)မေးခလာသိန်း(သမီး) အပါအ၀င် (၃)ဆိုင်လုံးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ယခင် 
သာယာကုန်း ရပ်ကွက် အုပ်ချုပ်ရေး မှူးဟောင်းရဲ့ သမီးတွေပါဟု ပြောကြား။
(၄)လာဘ်ပေးလာဘ်ယူ လုံးဝယူမထားပါဘူး။ ကိုယ့်ကိုကိုယ်တော့ တာဝန်ယူပါတယ် ဟုပြော။
(၅)ဒီအထည်အလိပ်ပေါ်မှာ စေတီပါလာတဲ့အတွက် ဘယ်သူနစ်နာသွားလဲ၊ နစ်နာသူ ဘယ်သူတွေရှိလဲဟုမေး။
(၆)အမှုဖွင့်ထားခြင်းမရှိသေးပါ။ အထက်အဆင့်ဆင့်ကို တင်ပြထားပါတယ်ဟုပြောကြား။ 
(ရှေ့နေ ဦးအေးပိုင်ကမေးရာ-အမှုဖွင့်ဖို့ အလားအလာမရှိပါ။ နောင်လည်း 
ဖွင့်မှာမဟုတ်ဟုပြောကြား)
(ရ)သိမ်းထားတဲ့ ထမီ(၇)ထည်လည်း မရှိတော့ဘူး။ အထက်ကိုတင်ပြထားပါတယ်။ (ဆရာတော်
 ဦးကေသရမေးတာကိုဖြေခြင်းဖြစ်)(မဥမ္မာထံမှ တစ်ထည်၊ မဥမ္မာကိုယ်တိုင်တက်ရှာလို့
 တွေ့ခဲ့ရတဲ့ ၆ ထည်ကို ဆိုလို။)
(၈)ဒီအထည်စတွေကို ၂၀၀၀/၂၀၀၁ ခုနှစ်လောက်ကတည်းက တွေ့တာဆိုတော့ ဘယ်ကထုတ်တယ်၊ 
ဘယ်သူဖြန့်ချီတယ်ဆိုတာမမှတ်မိတော့ဘူး။ တစ်ဝက် တစ်ပျက်ပဲ မှတ်မိတယ်။ 
ဘောင်ချာလည်းမရှိတော့ဘူး။
(၉)ရည်ရွယ်ချက်မရှိဘဲနဲ့ ပြုလုပ်ကြတာသာဖြစ်။
(၁၀)ပိတ်စ ပိတ်လိပ်သာဖြစ်ဟု အကြိမ်ကြိမ်ပြော။
13.4.2013ရက်နေ့ ညရောက်တဲ့အခါ ဆရာတော်ဦးကေသရက မြို့နယ်ရဲတပ်ဖွဲ့မှူးထံ 
ဖုန်းဆက်မေးရာ အမှုဖွင့်လိုက်တာပါဘုရား။အထက်ဖွင့်ခိုင်းလို့ 
ဖွင့်လိုက်တာပါဘုရား ဟုပြန်လည် လျောက်ထားခဲ့သည်။
ရှေ့နေကြီးဦးအေးပိုင်က ဖုန်းဆက်မေးရာ ပုဒ်မ(၂၉၅) ပ-နံပါတ်မရှိသေး။ တရားလို 
စခန်းမှူး ဦးသက်ပိုင်တရားခံ ရှာဖွေဆဲ ဖြစ်ကြောင်း ပြန်ပြောသည်ဟု သိရပါသည်။
မေခလာသိန်းဆိုင်ဟာ ဗုဒ္ဓဘာသာဝင်တွေဟုတ်/မဟုတ် တစ်မြို့လုံး တစ်ဈေးလုံးက သိကြပါတယ်။
ဘာပဲဖြစ်ဖြစ်ရွှေမြန်မာတွေ ယဉ်ကျေးတယ်လို့ ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာ 
Facebook ထဲမှာ ကုရ်အန် ကျမ်း မီးလောင်ပြီးစ ကုရ်အန်ကျမ်းကို 
ဗုဒ္ဓဘာသာကောင်လေးတစ်ယောက်က ကိုင်ထားတာတွေ့ရုံနဲ့ ကို ရင်သေးေ 
သးလေးပါမချန်အကုန်သတ်၊ အကုန်ရိုက်၊ အကုန်ဖျက်၊ အကုန်မီးရှို့ အကြမ်းဖက်ခဲ့တာ
 ကမ္ဘာ အသိပါပဲ။
ရွှေမြန်မာတွေ ကျတော့မသတီစရာထမီ အထည်ကြီးမှာ ဦးထိပ်ထားကိုးကွယ်ရာ အထွဋ်အမြတ်
 စေတီတော်ပုံတွေကို သိသိကြီးနဲ့ရည်ရွယ်ချက်ရှိရှိ စော်ကားမော်ကား 
ပြုလုပ်တာတောင် ဥပဒေဘောင်အတွင်းကပဲ ဆုံးမပဲ့ပြင်ဖို့ပြင်ဆင်နေကြတာ 
လက်တွေ့မဟုတ်လား။ 
အပြည့်အစုံသိလိုက ဆက်သွယ်ရန်=
(၁)ဦးကေသရ (ထေရ၀ါဒ ဓမ္မကွန်ရက်)       01.585370 
။                  ။                              09.5085224
(၂)ဦးနေမိန္ဒ (ထေရ၀ါဒ ဓမ္မကွန်ရက်)         09.5096829
(၃)ဦးအေးပိုင် (ရှေ့နေ)                        09.73151922
(၄)ကိုအောင်ငြိမ်းကျော် (သာကေတ NLD) 09.73015620
(၅)ကိုလှမိုး (သာကေတ NLD)               09.421019592
(၆)ကိုလပြည့်ဇင် (မေတ္တာတံခွန်)             09.450059582
(၇)ဦးဝင်အောင်နီ (မြို့နယ်ရဲတပ်ဖွဲ့မှူး)     09.8530345
(၈)ဦးသက်ပိုင် (စခန်းမှူး)                     09.5402847
ဧရာဝတီ ၀က်ဆိုဒ်မှ ဖော်ပြချက်
==================
သတင်း
စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
ထက်နိုင်ဇော်| April 20, 2013 | Hits:7,608
3   | |  
ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် 
မြို့ ယုဇနပလာဇာရှိ အ ထည် ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် 
လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် 
မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု 
မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။
သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ 
အထည်ဆိုင်ပိုင်ရှင်ကို တရား စွဲဆိုနိုင်ေ လာက်သည့် အထောက်အထားများ 
မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေ တီ ပုံ 
ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် 
တင်သွင်းလာသော အစများ ဖြစ်ဖွယ်ရှိသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) 
အထည် ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ 
ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်း ဆည်း ရမိခဲ့ကြောင်း 
မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ 
ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ 
ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။
ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် 
ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု 
ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။
ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ 
အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲ ထား ခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ 
အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့ တွင် 
သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး
 ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ 
စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။
အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ 
ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ 
ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာ သာဖြစ်ပြီး ဘုရားတည် 
ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက် ရှာဖွေ ရာ 
ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး 
စေတီပုံမှာ ပြောင်းပြန် လှန်လိုက်မှသာ နောက်ကျောဘက်တွင် 
တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ
 တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် 
ရှင်းပြသည်။
ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ 
သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ 
ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ 
ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီ ချုပ်ရန် 
ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် 
အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိ လာသူ အဖော်များကို ပြ၍ မိမိအား 
ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ် မှန်နေကြောင်း 
သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက 
ဧရာဝတီ သို့ပြောသည်။
”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ 
ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ 
ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ် တိုင် ၀ယ်ခဲ့တဲ့ မဥမ္မာက 
ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ 
ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။
သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် 
မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ 
သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ 
ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ 
သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။
” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက 
စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ 
ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိ ကွက် ကျား ဟိုတစ ဒီတစ 
ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာ 
သာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ 
စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ 
အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက် ကို တင်လိုက်ပြီတဲ့။ သက်သေခံ 
ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ် လို့ 
အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ 
လုံချည်ချုပ် မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။
ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။
ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ 
ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် 
လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို 
မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက 
မိန့်သည်။
”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ 
ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန် လာပြီး ညကျမှ ဖွင့်ပေးတာ။ 
ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကို 
လည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။
စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခ လာသိန်းက ဧရာဝတီသို့ ပြောသည်။
”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ 
ပြောဆိုပြီး မိမိ သည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် 
ဝါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော် များကို အပတ်စဉ် 
ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် 
ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။
”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် 
ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။
ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် 
မော်လမြိုင်မြို့မှ တင်သွင်း ခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ 
ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း 
အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။
”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် 
သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန် ထွက်ပြေးေ နပြီ”ဟု ကိုကျော်လှိုင်သိန်းက 
ဆိုသည်။
အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ 
ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံ စံစေတီ မရှိကြောင်း၊ 
မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ 
မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် 
ကျောင်းတိုက် ဆရာေ တာ် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။
”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက 
ဘာသာရေး အစွန်းေ ရာက် သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု
 ဦးပဏ္ဍ၀ံသက မိန့်သည်။
မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment