

မုံရွာ၊ ဧပြီ ၁၉  
 
 မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီးပေါ်ရှိ ပရစ်ကုန်းမြောက်ရွာအနီး လမ်းကွေ့ 
တွင် ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က လမ်းဘေးချ ရပ်စောင့်နေသော 
ဆိုင်ကယ်ကို တစ်ဖက်ယာဉ်ကြောမှ လာသော မော်တော်ယာဉ်က ဝင်တိုက်ရာမှ 
သားအဖသုံးဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက 
ပြောကြားသည်။  
 
 မုံရွာမြို့  
ပိတောက်ကုန်းရပ်ကွက်တွင် နေထိုင်သူ နာရီပြင်ဆရာ ဦးစိုးထွန်း (၄၁) နှစ်သည် 
ရှစ်တန်းအောင်မြင်၍ ကိုးတန်းသို့ တက်ရောက်မည့် ၎င်း၏ သမီးအကြီးဖြစ်သူ 
မနှင်းထားထားခိုင် (၁၄) နှစ်ကို မုံရွေးကျေးရွာရှိ ဘော်ဒါဆောင်တစ်ခုတွင် 
ကျောင်းအပ်ရန်  အငယ်ဆုံးသားငယ် မောင်စည်သူထွန်း (၁၃) နှစ်ကိုပါ တင်ဆောင်၍ 
ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပရစ်ကုန်း မြောက်ရွာအနီး လမ်းကွေ့၌ 
တစ်ဖက်ယာဉ်ကြောမှ (မန္တလေးဘက်မှ) အရှိန်ဖြင့် မောင်းလာသည့် Ractis 
အမျိုးအစား ခဲရောင် မော်တော်ကားကို တိမ်းရှောင်ရန် လမ်းဘေးချရပ်ပေးထား 
သော်လည်း  အဆိုပါကားက ဆိုင်ကယ်အား ဝင်တိုက်သွားရာ သားအဖသုံးဦးစလုံး 
နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိ 
ရဲအရာရှိ တစ်ဦးက ပြောကြားသည်။  
 
 “ကျွန်တော်တို့က ဒီအနီးအနားက 
ဘုန်းကြီးကျောင်းထဲမှာ ပန်းရန်လုပ်နေတာ။ ၀ုန်းဆိုတဲ့ အသံအကျယ်ကြီးကြားတော့ 
ပြေးထွက်လာပြီး ဘာဖြစ်တာလဲဆိုတာကြည့်တော့ ကားရော၊ လူတွေရော အောက်ထဲကျနေပြီ။
 တိုက်ခံရတဲ့ သားအဖ သုံးယောက်က မလှုပ်တော့ဘူး၊ ကိုင်လဲ မကိုင်ရဲဘူး။ 
ဒီအတိုင်းကြည့်နေရတယ်” ဟု ယင်းဖြစ်စဉ်အနီး ရှိနေခဲ့သည့် ပန်းရန်လုပ်သား 
ကိုကျော်ထူးက ၎င်းမြင်တွေ့ခဲ့ရသည် များအား ပြန်လည်ပြောပြသည်။ 
 
  
သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ မိခင်မှာလည်း လွန်ခဲ့သည့် ငါးလခန့်ကပင် 
ကျောက်ကပ်ရောဂါဖြင့် သေဆုံးခဲ့ရပြီး ယခုယာဉ်တိုက်မှုကြောင့် ကျန်ရစ်ခဲ့သည့် 
မိသားစုဝင်အားလုံးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ကြောင်း ဆွေမျိုးသားချင်း 
များက ပြောကြားသည်။ 
 
 အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ 
မုံရွာမြို့ အမှတ် (၁) ရဲစခန်းက ယာဉ်(ပ) ၄၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ (က) အရ 
အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက 
ပြောကြားသည်။
 The Voice Weekly မှတဆင့်  အလင်းရောင်ကြယ်များဆိုဒ်တွင် ထပ်ဆင့် ကူးယူဖေါ်ပြပါသည်။
 
မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီးပေါ်ရှိ ပရစ်ကုန်းမြောက်ရွာအနီး လမ်းကွေ့ တွင် ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က လမ်းဘေးချ ရပ်စောင့်နေသော ဆိုင်ကယ်ကို တစ်ဖက်ယာဉ်ကြောမှ လာသော မော်တော်ယာဉ်က ဝင်တိုက်ရာမှ သားအဖသုံးဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။
မုံရွာမြို့ ပိတောက်ကုန်းရပ်ကွက်တွင် နေထိုင်သူ နာရီပြင်ဆရာ ဦးစိုးထွန်း (၄၁) နှစ်သည် ရှစ်တန်းအောင်မြင်၍ ကိုးတန်းသို့ တက်ရောက်မည့် ၎င်း၏ သမီးအကြီးဖြစ်သူ မနှင်းထားထားခိုင် (၁၄) နှစ်ကို မုံရွေးကျေးရွာရှိ ဘော်ဒါဆောင်တစ်ခုတွင် ကျောင်းအပ်ရန် အငယ်ဆုံးသားငယ် မောင်စည်သူထွန်း (၁၃) နှစ်ကိုပါ တင်ဆောင်၍ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပရစ်ကုန်း မြောက်ရွာအနီး လမ်းကွေ့၌ တစ်ဖက်ယာဉ်ကြောမှ (မန္တလေးဘက်မှ) အရှိန်ဖြင့် မောင်းလာသည့် Ractis အမျိုးအစား ခဲရောင် မော်တော်ကားကို တိမ်းရှောင်ရန် လမ်းဘေးချရပ်ပေးထား သော်လည်း အဆိုပါကားက ဆိုင်ကယ်အား ဝင်တိုက်သွားရာ သားအဖသုံးဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က ဒီအနီးအနားက ဘုန်းကြီးကျောင်းထဲမှာ ပန်းရန်လုပ်နေတာ။ ၀ုန်းဆိုတဲ့ အသံအကျယ်ကြီးကြားတော့ ပြေးထွက်လာပြီး ဘာဖြစ်တာလဲဆိုတာကြည့်တော့ ကားရော၊ လူတွေရော အောက်ထဲကျနေပြီ။ တိုက်ခံရတဲ့ သားအဖ သုံးယောက်က မလှုပ်တော့ဘူး၊ ကိုင်လဲ မကိုင်ရဲဘူး။ ဒီအတိုင်းကြည့်နေရတယ်” ဟု ယင်းဖြစ်စဉ်အနီး ရှိနေခဲ့သည့် ပန်းရန်လုပ်သား ကိုကျော်ထူးက ၎င်းမြင်တွေ့ခဲ့ရသည် များအား ပြန်လည်ပြောပြသည်။
သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ မိခင်မှာလည်း လွန်ခဲ့သည့် ငါးလခန့်ကပင် ကျောက်ကပ်ရောဂါဖြင့် သေဆုံးခဲ့ရပြီး ယခုယာဉ်တိုက်မှုကြောင့် ကျန်ရစ်ခဲ့သည့် မိသားစုဝင်အားလုံးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ကြောင်း ဆွေမျိုးသားချင်း များက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့ အမှတ် (၁) ရဲစခန်းက ယာဉ်(ပ) ၄၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ (က) အရ အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
No comments:
Post a Comment