ယောကျာ်း ဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ် သည့် အမျိုးသမီးအား ဗြိတိန် 
တရားရုံးမှ ကြားနာ စစ်ဆေးခဲ့သည်။ အသက် ၅၀ အရွယ်ရှိ ကက်သ ရင်းကီအူသည် ၂၀၁၁ 
ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ တွင် 
အိပ်ပျော်နေသော ယောင်္ကျား ဖြစ်သူ၏ အင်္ဂါ 
ဇာတ်ကို ၁၀ လက်မခန့် ရှည်သော ဓားဖြစ်ဖြတ်ပြစ် ခဲ့သည်။ ၎င်း၏ အမျိုးသား 
ဖြစ်သူသည် ၎င်းအား ကွာရှင်းရန် ကြံရွယ်နေပြီ ရည်းစားဟောင်း ဖြစ်သူ နှင့် 
လက်ထပ် နိုင်ရန် ကြိုးပမ်း နေသောကြောင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်း 
ဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။ ထို့ပြင် ဗီယက်နမ် စစ်ပွဲကာလ 
နောက်ပိုင်း ယောကျာ်း ဖြစ်သူနှင့် ဗြိတိန်၌ အခြေချ နေထိုင်ခဲ့သော်လည်း 
စစ်ပွဲအနိဋ္ဌာ ရုံများကြောင့် စိတ်ရောဂါ ဝေဒနာ ခံစားနေရကြောင်း ၎င်း၏ရှေ့နေက 
ကာကွယ် ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ အမျိုးသားဖြစ်သူက ကီအူသည် တဏှာစိတ် 
ပြင်းထန်လွန်းခြင်း၊ မကြာခဏ စိတ်ဆိုး ဒေါသထွက် လွယ်ခြင်း စသည်တို့ကြောင့် 
ကွာရှင်းရန် စိတ်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရားရုံးမှ လာမည့် 
သီတင်းပတ် နှစ်ပတ် အတွင်း အမှုကို စီရင်ချက်ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး
ပြည်မြန်မာ  -မှကူးယူဝေမျှပါသည်
No comments:
Post a Comment