
ပြုံယမ်း၊ ဇန်နဝါရီ ၂၁
မြောက်ကိုရီးယားတွင်
 နိုင်ငံခြားသားများအား လက်ကိုင်ဖုန်းများ 
ကိုင်ဆောင်အသုံးပြုခွင့်ပေးထားလိုက်ပြီဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့ကြောင်း 
သိရသည်။မြောက်ကိုရီးယားသည် ယခင်ကနိုင်ငံခြားသားများ၏ လက်ကိုင် ဖုန်းများအား
 နယ်စပ်ဝင်ပေါက် သို့မဟုတ် လေဆိပ်တွင်သိမ်းဆည်းထားပြီး 
လက်ကိုင်ဖုန်းအသုံးပြုမှုအား ပိတ်ပင်ထားသော်လည်း ယခု အခါ 
နိုင်ငံခြားသားများသည် လေဆိပ်တွင် ဆင်းမ်ကတ်ကိုဝယ်ယူပြီး အသုံးပြုနိုင်ပြီ 
ဖြစ်ကြောင်း သိရ သည်။ ယခုကဲ့သို့ နိုင်ငံခြားသားများအား 
လက်ကိုင်ဖုန်းအသုံးပြုခွင့်ပေးခြင်းမှာ 
ပထမဆုံးအကြိမ်ဖြစ်ပြီး 
နိုင်ငံတကာသို့ခေါ်ဆိုမှု ပြုနိုင်မည် ဖြစ်သော်လည်း ပြည်တွင်းခေါ်ဆိုမှု နှင့် 
အွန်လိုင်းအသုံးပြုခွင့်ရမည် မဟုတ်ပေ။မြောက်ကိုရီးယားသည် အင် 
တာနက်အသုံးပြုမှုကို လွန်စွာစိစစ် တင်းကျပ်ပြီး အကန့်အသတ်ဖြင့်သာ 
အသုံးပြုခွင့်ပေးထားသည်။ တရုတ်နိုင်ငံပိုင်  ဆင်ဟွာသတင်း ဌာန၏ဖော်ပြချက်အရ 
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှစ၍ နိုင်ငံခြား သားများအား 
လက်ကိုင်ဖုန်းကိုင် ဆောင်အသုံးပြုခွင့် ပေးနေပြီဟု သိရသည်။ တရုတ် 
ခရီးသွားလုပ်ငန်း Young Pioneer Tours ၏ အစီအစဉ်ဖြင့်မြောက်ကိုရီးယားသို့ 
သွား ရောက်ခဲ့သော ခရီးစဉ်များမှာ နယ် စပ်တွင် လက်ကိုင်ဖုန်းသိမ်းဆည်း 
ခြင်းမခံရသဖြင့် ဆက်လက်စုံစမ်း ရာမှ ယင်းမှာ မူဝါဒအသစ် ဖြစ် ကြောင်း 
သိလာရခြင်း ဖြစ်သည်။ နိုင်ငံခြားသားများအတွက် အွန် 
လိုင်းအသုံးပြုခွင့်ကိုလည်း မကြာမီ ခွင့်ပြုသွားလိမ့်မည်ဟု ဆိုကြ သည်။ 
မြောက်ကိုရီးယားတွင် မို ဘိုင်းဖုန်းကွန်ရက်ကို အီဂျစ်ကုမ္ပဏီ Koryolink 
နှင့် အစိုးရပူးတွဲပိုင်ဆိုင် ထားသည်ဟု သိရသည်။
PN-055
Ref:BBC
Ref:BBC
No comments:
Post a Comment