
ကမ္ဘာ့ပင်လယ် ရေကြောင်း ဆက်သွယ်ရေး 
လမ်းကြောင်းများ ၀န်းရံ တည်ရှိနေမှု၊ အမေရိကန်နှင့်  ဥရောပ တို့၏ စီးပွားရေး
 ကျဆင်း နေချိန်၌ အာရှဒေသ အပေါ် အာရုံ စိုက်လာမှု၊ ကမ္ဘာ့ အင်အားကြီး 
နိုင်ငံများ အဖြစ် ထွက်ပေါ် လာနိုင်သော နိုင်ငံများ  တည်ရှိနေမှု တို့သည်
အာရှ ဒေသ၏ လက်ရှိ ဖြစ်တည်နေမှု ဖြစ်သည်။
၎င်းဖြစ်တည်နေမှု အပေါ် ဒေသတွင်း ပင်လယ်ပြင် ပိုင်ဆိုင်ရေး အငြင်း ပွားမှုများ၊ အမေရိကန်၏ အာရှ ပစိဖိတ် ဒေသ၌ အင်အား တိုးချဲ့မှု၊ စစ်အေးကာလ ပြီးကတည်းက မှေးမှိန် အင်အား ချည့်နဲ့ခဲ့သော ရုရှားတို့၏ ပစိဖိတ် ရေတပ်အုပ်စု (Pacific Fleet) အား ပြန်လည် အားသစ်လောင်းခဲ့ မှုတို့က အာရှဒေသ နိုင်ငံများ၏ ရေတပ်ဖွဲ့များ အပေါ် များစွာ အကျိုးသက်ရောက် စေခဲ့သည်။
အာရှ ဒေသ၏ လက်ရှိ ဖြစ်တည်နေမှု ဖြစ်သည်။
၎င်းဖြစ်တည်နေမှု အပေါ် ဒေသတွင်း ပင်လယ်ပြင် ပိုင်ဆိုင်ရေး အငြင်း ပွားမှုများ၊ အမေရိကန်၏ အာရှ ပစိဖိတ် ဒေသ၌ အင်အား တိုးချဲ့မှု၊ စစ်အေးကာလ ပြီးကတည်းက မှေးမှိန် အင်အား ချည့်နဲ့ခဲ့သော ရုရှားတို့၏ ပစိဖိတ် ရေတပ်အုပ်စု (Pacific Fleet) အား ပြန်လည် အားသစ်လောင်းခဲ့ မှုတို့က အာရှဒေသ နိုင်ငံများ၏ ရေတပ်ဖွဲ့များ အပေါ် များစွာ အကျိုးသက်ရောက် စေခဲ့သည်။
ထို့ကြောင့် အာရှ ဒေသသည် ကမ္ဘာ့ 
စစ်သင်္ဘောနှင့် ရေတပ်ဆိုင်ရာ လက်နက် ထုတ်လုပ် သူများအတွက် လှုပ်ရှား 
တက်ကြွနေသည့် အဓိက ဈေးကွက်ကြီး ဖြစ်လာပေသည်။ ထို့ပြင် အာရှဒေသ နိုင်ငံ 
အများစုသည် ရေတပ်ဆိုင်ရာ သင်္ဘောနှင့် လက်နက်များကို ၀ယ်ယူသုံးစွဲ ရုံမျှမက 
ကိုယ်ပိုင် ထုတ်လုပ်နိုင်ရေး သင်္ဘောကျင်းများ၊ အင်ဂျင်နီယာ လုပ်ငန်းနှင့် 
သင်္ဘော အစိတ်အပိုင်း ထုတ်လုပ် တပ်ဆင်ရေး စက်ရုံများ စသည့် အခြေခံ အဆောက် 
အအုံများ ဆောက်လုပ်ကြိုးပမ်း ခဲ့ကြသည်။
အာရှဒေသတွင် ပါဝင်သော မြန်မာနိုင်ငံ၏ 
အိမ်နီးချင်း နိုင်ငံများ သည်လည်း ၎င်းတို့၏ ရေတပ် အင်အားကို အခြေအနေနှင့် 
လိုက်လျော ညီထွေစွာ တိုးချဲ့ လာကြသည်။  အိမ်နီးချင်း တစ်နိုင်ငံချင်း 
အလိုက် လက်ရှိရေတပ် အင်အားနှင့် နောင်ဆောင်ရွက်မည့် အနာဂတ် စီမံချက် 
များအား ဗဟုသုတ ဖြစ်ဖွယ်ရေးသား တင်ပြ လိုပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် 
မြန်မာနိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှု ကိစ္စ ပြီးကတည်းက ၎င်းကာကွယ်ရေး 
ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲ လာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်း အထိ 
တိုးမြှင့် သုံးစွဲခဲ့သည်။ ၎င်း၌ ဘင်္ဂလားဒေ့ရှ် ရေတပ်၏ အသုံးစရိတ် အများစု 
ဖြစ်မည်ဟု မျှော်လင့်ရသည်။ မြန်မာနှင့် ဆက်စပ်နေသည့် ၎င်းတို့၏ ပင်လယ်ပြင်  
သီးသန့် စီးပွားရေးဇုန် (EEZ) အား စောင့်ကြည့် ထိန်းချုပ်နိုင်ရေး တရုတ် 
နိုင်ငံလုပ် Type - 054 F22P ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းဝယ်ယူ သုံးစွဲရန် 
စီစဉ်လျက် ရှိသည်။
ရေတပ်အင်အား တိုးချဲ့နိုင်ရေး အတွက် 
ရေငုပ်သင်္ဘော နှစ်စင်းအား မိတ်ဖက် နိုင်ငံများမှ ၀ယ်ယူသွားမည် ဖြစ်ကြောင်း 
ဘင်္ဂလားဒေ့ရှ် အစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် တရားဝင် ကြေညာခဲ့သည်။ 
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရေတပ် အင်အားမှာ ဖရီးဂိတ် သင်္ဘော လေးစင်း လက်ရှိ 
အသုံးပြုလျက် ရှိပြီး ၎င်းမှ အင်္ဂလန် နိုင်ငံလုပ် Type – 41 အမျိုးအစား 
နှစ်စင်းအား လက်ရှိ သင်္ဘောအမည် မပြောင်းလဲဘဲ (BNS  Abu Ba-kar ; BNS Ali 
Haider)  တရုတ်လုပ် Type - 053 H-2 အတန်းအစား ဖရီးဂိတ် စစ်သင်္ဘော များဖြင့် 
အစားထိုး သွားမည်ဖြစ်သည်။
အမေရိကန်လုပ် ကမ်းခြေစောင့် Hamilton 
အတန်းအစား ဖရီးဂိတ် နှစ်စင်းအားလည်း မှာယူထားပြီး တရုတ်လုပ် Type - 053 H 
-2 အမျိုးအစား တစ်စင်းအား ထပ်မံမှာယူ ထားသည်။ ၎င်းအစီအစဉ်များ ပြီးပါက 
ဘင်္ဂလားဒေ့ရှ် ရေတပ်၌ အမေရိကန်လုပ် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း (Hamilton 
class)၊ တရုတ်လုပ် ဖရီးဂိတ် လေးစင်း (Type -053 H-1)၊ (Type - 053 H3-1) 
ကိုးရီးယားလုပ် ဖရီးဂိတ် တစ်စင်း၊ (Daewoo Ulsan class) စုစုပေါင်း 
ခုနစ်စင်း ရှိလာမည် ဖြစ်သည်။
ကော်ဗတ် စစ်ရေယာဉ် နှစ်စင်း၊ (Darjoy 
class) အသုံးပြုလျက် ရှိပြီး နောက်ထပ်နှစ်စင်း(ွှ Type - 056 class) 
မှာယူထားဆဲ ဖြစ်သည်။ အပေါ့စားနှင့် ကင်းလှည့် တိုက်ရေယာဉ် ၄၈ စင်းရှိပြီး၊ 
မိုင်းစစ်ဆင်ရေးနှင့် တိုင်းတာရေး ရေယာဉ် ငါးစင်းရှိသည့် အပြင် ကုန်း၊ ရေ 
နှစ်သွယ် စစ်ဆင်ရေး အတွက် ကမ်းထိုးရေယာဉ် ၁၁ စင်းရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် ရေတပ် အနေဖြင့် ပြည်တွင်း၌ 
စစ်ရေယာဉ်များ တည်ဆောက်မှုကို အပေါ့စားနှင့်  ကင်းလှည့် တိုက်ရေယာဉ် 
ထုတ်လုပ် ရာ၌သာ ဆောင်ရွက် နိုင်သေးကြောင်းနှင့်  ၂၀၁၂ ခုနှစ် သြဂုတ်လ၌ 
၎င်းတို့၏ ပြည်တွင်းထုတ် အပေါ့စား ကင်းလှည့် ရေယာဉ်ကို ရေချ နိုင်ခဲ့ကြောင်း 
တွေ့ရှိရသည်။
ထိုင်းနိုင်ငံသည် အာဆီယံ နိုင်ငံများ အနက်
 တစ်ခုတည်းသော လေယာဉ်တင် သင်္ဘော ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ သို့သော် 
၎င်းလေယာဉ်တင် သင်္ဘောသည် ပင်လယ်ပြင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင် နိုင်မှု၌ 
ကန့်သတ်ချက် များစွာ ရှိနေပေသည်။ လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဖရီးဂိတ် 
စစ်သင်္ဘော ကိုးစင်းရှိပြီး တောင်ကိုရီးယား ဒေ၀ူး သင်္ဘောကျင်း၌ DW 300 H 
ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းအား တည်ဆောက်လျက် ရှိသည်။
၎င်းသင်္ဘောများ အတွက် ဒေါ်လာ ၁ ဘီလီယံအား 
ယခုနှစ် စက်တင်ဘာလ အတွင်း ငွေပေးချေရန် ခွင့်ပြုချက် ရပြီးဖြစ်သည်။ ကော်ဗတ်
 စစ်ရေယာဉ် ၁၀ စင်း၊ အပေါ့စား တိုက်ရေယာဉ် ၁၇ စင်း၊ မိုင်းစစ်ဆင်ရေး ရေယာဉ်
 ခုနစ်စင်းနှင့် ကြည်း၊ ရေ နှစ်သွယ် စစ်ဆင်ရေး အတွက် ဒေါ်လာ ၁၅၅ သန်းတန် 
Endurance class ကမ်းထိုးရေယာဉ်  တစ်စင်းနှင့် အခြား ကမ်းထိုးရေယာဉ် 
သုံးစင်းရှိသည်။ လက်ရှိအသုံး ပြုနေသော  Naresuan class ဖရီးဂိတ် နှစ်စင်း၌ 
Sea Sparrow ဒုံးပစ်စင် ကိုးခု တပ်ဆင်ရန် အတွက် ယခုနှစ် ဇန်န၀ါရီ လက 
ဝယ်ယူထားပြီး အမေရိကန်မှ Oliver Mazard Perry အမျိုးအစား ဖရီးဂိတ် 
နှစ်စင်း  ၀ယ်ယူရန် အစီအစဉ်မှာ ငွေကြေးလွှဲပြောင်း မပြီးသေး၍ လောလော ဆယ် 
ရပ်တန့် ထားရကြောင်း သိရှိရသည်။ 
ကမ္ဘောဒီးယားတို့ အနေဖြင့်မူ ၎င်းတို့၏ 
ရေတပ်အား အပေါ့စား စစ်ရေယာဉ်၊ ကင်းလှည့် ရေယာဉ် ၂၁ စင်းဖြင့် ဖွဲ့စည်း 
တည်ဆောက်ထားပြီး အစဉ်အလာ မိတ်ဖက်များ ဖြစ်သော ရုရှားနှင့် တရုတ်တို့ ထံမှ 
စစ်ရေယာဉ်များ ၀ယ်ယူ၍ ရေတပ်အင်အား ဖြည့်တင်းရန် အစီ အစဉ်ရှိကြောင်း 
သိရှိရသည်။
တရုတ်တို့ အနေဖြင့် ၎င်းတို့၏ လေယာဉ်တင် 
သင်္ဘောအား ၂၀၁၂ ခုနှစ်၌ တပ်တော် ၀င်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်တွင် 
တိုက်ခိုက်ရေး လေယာဉ်အုပ်စု တစ်စုအား သင်္ဘော၌ စတင်တာဝန် ထမ်းဆောင် စေခဲ့သည်။
 ထို့အပြင် လေယာဉ်တင် သင်္ဘော နှစ်စင်းမှ သုံးစင်း အထိ ပြည်တွင်း၌ 
ထုတ်လုပ်ရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိပေသည်။ အမေရိကန် ကာကွယ်ရေး ၀န်ကြီး 
ဌာန၏ ခန့်မှန်းချက် အရ တရုတ်တို့၏ လေယာဉ်တင် သင်္ဘော၌ ပါရှိမည့် တိုက်လေယာဉ် 
များသည် ၂၀၁၅ ခုနှစ်ရောက်မှ စစ်ဆင်ရေး တာဝန် အပြည့်အ၀ ထမ်းဆောင် နိုင်မည်ဟု
 ခန့်မှန်းကြသည်။
တရုတ် ရေတပ်သည် ၎င်းတို့၏ ရေငုပ်သင်္ဘော 
အုပ်စုများအား အစဉ်တစိုက် တိုးချဲ့လျက် ရှိပြီး Jin အတန်းအစား ရေငုပ် 
သင်္ဘောများအား ရေမိုင် ၄၀၀၀ အကွာဝေး အထိ ပစ်လွှတ်နိုင်သော Jl - 2 
တိုက်ချင်းပစ် ဒုံးကျည်များ တပ်ဆင်ထားသည်။ Type -096 အမျိုးအစားနှင့် Type 
-095 အမျိုးအစား ရေငုပ်သင်္ဘော မျိုးဆက်သစ် များအား နောက် လာမည့် ဆယ်စုနှစ် 
အတွင်း ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
ခေတ်နောက်ကျနေပြီ ဖြစ်သော Luda အတန်းအစား 
ဖျက်သင်္ဘော များအား ပိုမို ခေတ်မီသော Luyang - 3 အမျိုးအစား ဖျက်သင်္ဘော ၁၂ 
စင်းဖြင့် အစားထိုးရန်  ဆောင် ရွက် နေသည့်အပြင် ရေတပ်သုံး DH-10 ခရုစ် 
ဒုံးကျည်များ စမ်းသပ် ထုတ်လုပ်လျက် ရှိသည်။
တရုတ်တို့သည် အမေရိကန် တို့၏ အာရှ- 
ပစိဖိတ် ဒေသ၌ အင်အား ချဲ့ထွင်ရေး မူဝါဒကို တန်ပြန်နိုင်ရန် ၎င်းတို့၏ ရေတပ်အား
 ဒေသတွင်း အင်အားကြီး ရေတပ်မှ ကမ္ဘာ့ အင်အားကြီး ရေတပ်ဖြစ်ရေး အစဉ်တစိုက် 
ဆောင်ရွက်လျက် ရှိပေသည်။
အိန်္ဒိယ ရေတပ် အနေဖြင့် တရုတ် ရေတပ်နှင့် 
အစဉ်အားပြိုင် နေရပြီး လက်ရှိ   လေယာဉ်တင် သင်္ဘောတစ်စင်း အသုံးပြုနေကာ 
နောက်ထပ် တစ်စင်းမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ အပြီး အိန်္ဒိယ ရေတပ်သို့ 
ရုရှားတို့မှ လွှဲပြောင်းပေးမည် ဖြစ်သည်။ နောက်ထပ် တစ်စင်းမှာမူ ၂၀၁၇-၂၀၁၈ 
ခုနှစ်၌ တပ်တော် ၀င်နိုင်မည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၌ တန်ချိန် ၆၅၀၀၀ 
ရှိသော လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်ရေး အစီအစဉ် ချမှတ်လျက် ရှိပေသည်။ 
အိနိ္ဒယ ရေတပ်သည် ၂၀၁၃ခုနှစ် ဧပြီလက ၎င်း၏ အနာဂတ် ၁၀ နှစ် စီမံကိန်းအား 
ထုတ်ပြန်ခဲ့ပြီး ၎င်းစီမံကိန်း၌ တိုက်ရေယာဉ် ၁၀၀ စင်း ပိုင်ဆိုင်နိုင်ရေး 
ဆောင်ရွက်သွားမည် ဖြစ်ရာ လက်ရှိ အခြေ အနေ၌ ၅၀ စင်း တည်ဆောက်လျက် ရှိသည်။
ဂိုအာမြို့အနီး ကာဝါ ဒေသတွင် ရေနက်ရေတပ် 
အခြေစိုက် စခန်း တိုးချဲ့ တည်ဆောက်နေပြီး  ၂၀၁၃ခုနှစ် ဒီဇင်ဘာတွင် 
ရောက်ရှိလာမည့် လေယာဉ်တင် သင်္ဘော INS Vikram aditya ကို ၎င်းရေတပ် စခန်း၌ 
ထားရှိမည် ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ် အိနိ္ဒယ ကာကွယ်ရေး ၀န်ကြီး ဌာန၏ 
ဘတ်ဂျက်မှ အများစု ၇၂ ရာခိုင်နှုန်းကျော်ကို အိနိ္ဒယ ရေတပ် အတွက် အသုံးပြု 
သွားမည်ဖြစ်ပြီး အိန်္ဒိယ ရူပီး ၂၄၁ ဒသမ ၅၁ ဘီလီယံကျော် ရှိကြောင်း 
သိရှိရသည်။  ကီလို အတန်းအစား ရေငုပ်သင်္ဘော အနည်းဆုံး ခြောက်စင်းမှ 
ခုနစ်စင်းအား ၂၀၁၅ ခုနှစ် အပြီးဝယ် ယူရန် စီစဉ်လျက် ရှိကြောင်း အိန်္ဒိယ 
မီဒီယာ များမှ တင်ပြထားသည်။
မြန်မာနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်း 
နယ်နိမိတ် အရှည်မှာ ၁၂၄၇ ဒသမ ၇၇ နော်တီကယ်မိုင် (ရေမိုင်) ဖြစ်ပြီး 
ပိုင်ဆိုင်မှု ရေပြင် ဧရိယာ အကျယ်ဝန်းမှာ ၁၄၉၇၄၅ ဒသမ ၂၀၅၄ စတုရန်းမိုင် 
ဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် ၂ ဒသမ ၃ ဆခန့် ရှည်လျားသော 
ပင်လယ် ကမ်းရိုးတန်းနှင့် ရေပြင် ဧရိယာ ပိုင်ဆိုင်ထားသည်။
မြန်မာ ရေပိုင်နက်၌ ထုတ်ယူ သုံးစွဲခြင်း 
မပြုရ သေးသော ရေသယံဇာတ များစွာရှိသည့် အပြင် အဖိုးတန် ဓာတ်ငွေ့ ရတနာသိုက် 
များလည်းရှိသည်။ တင်ပြခဲ့သည့် အတိုင်း မြန်မာ့ အိမ်နီးချင်း နိုင်ငံများသည်
 ၎င်းတို့၏ ရေတပ် အင်အားကို အစွမ်းကုန် တိုးချဲ့လျက် ၎င်းတို့ ပိုင်နက်ရေပြင် 
လုံခြုံရေးအား ဆောင်ရွက်လျက် ရှိကြပေသည်။ အဖိုး ထိုက်တန်သော မြန်မာ့ရေပြင် 
ပိုင်နက်များ  လုံခြုံရေး သည်လည်း  မြန်မာ့ တပ်မတော် (ရေ)၏ အင်အားနှင့် 
စွမ်းရည်အပေါ် တည်မှီနေမည် ဖြစ်ပါကြောင်း နိုင်ငံချစ်စိတ် ရှိသူတိုင်း 
သိရှိနိုင်ရန် သုံးသပ် တင်ပြ အပ်ပါသည်။
မြဝတီ 
No comments:
Post a Comment