ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည်
 
 ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို
 Tuesday, July 30, 2013
 
 ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
 မူလက ထုတ်ပြန်ရာတွင် Sea Me We 3 အင်တာနက်ဆက်ကြောင်း မှာ ရေအောက်တွင် 
ပြတ်တောက်နေသည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ ကုန်းတွင်းတွင် တွေ့ရှိ 
ရသောကြောင့် ပြင်ဆင်မှုများကို ဇူလိုင်စတုတ္ထပတ်အတွင်းက စတင်ခဲ့သည်။ 
ပြင်ဆင်မှုသည် နှစ်ပတ်ခန့်ကြာ မြင့်ဖွယ်ရှိပြီး ပြင်ဆင်ပြီးနောက် 
အင်တာနက်မြန်နှုန်း ပြန်လည်မြင့်တက်လာပါက ပင် လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းကို ပြင်ဆင်ရန် စစ်ဆေးရန်မလိုတော့ဟုလည်း အင်ဂျင်နီ ယာချုပ်က ပြောသည်။ 
 ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ 
ကုန်းတွင်းပိုင်းအင်တာ နက်ဆက်ကြောင်းကေ ဘယ်လ်ကြိုးတွေကို ပြန်လည်ပြင် 
ဆင်ချိတ်ဆက်နေ တယ်။ အဲဒီဆက်ကြောင်း ပြင်ဆင်ချိတ်ဆက်ပြီး ရင်တော့ 
အင်တာနက်မြန်နှုန်း ကို စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အင်တာနက်မြန်နှုန်း 
ပြန်ကောင်း လာမယ်ဆိုရင် ရေအောက်ကေဘယ်လ်ဆက်ကြောင်းတွေဘက်မှာ ဘာပြဿနာမှမရှိနိုင်တော့ဘူး”ဟု ပြောသည်။ 
 ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ကြောင်း
 ပြင်ဆင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဖျာပုံမြို့မှ 
နှစ်မိုင်တစ်ဖာလုံ နှင့် နှစ် မိုင်ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း 
မြေအောက်တွင်မြုပ်ထားသော ပါဝါကေဘယ်လ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှု 
(Leakage) ဖြစ်ပေါ်နေသည့်အတွက် ပါဝါကေဘယ်လ်ကြိုး အရှည်မီတာ ၅၀၀ ကို 
အစားထိုးပြုပြင်နေပြီး ပြင်ပ ဆက်သွယ်ရေးဌာနက ကြီးကြပ်ပြုပြင် 
နေခြင်းဖြစ်သည်။ 
 ၎င်းက ဆက်လက်၍ “ပြည်တွင်းက အင်ဂျင်နီယာအဖွဲ့တွေနဲ့ 
ကုန်းတွင်း ဆက်ကြောင်း ပြင်ဆင်နေ တယ်။ စင်ကာပူက SEA ME WE-3 ကေ 
ဘယ်လ်ပြုပြင်ရေး အဖွဲ့ကတော့ မလာသေးဘူး။ စောင့်ကြည့် နေတယ်။ 
ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်စမ်းသပ်ပြီးလို့ မကောင်းသေးဘူးဆိုမှ 
အဲဒီအဖွဲ့ကနေလာပြီး ရေအောက်ဆက်ကြောင်းကို ထပ်မံစစ်ဆေးမှု ပြုလုပ် မှာပါ”ဟု 
ပြောသည်။ 
 အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် 
အင်တာနက်လိုင်း နှေးကွေးမှု များ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား 
အသုံးပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း အခက်အခဲ များရှိနေသည်ဟု ဆိုကြသည်။ 
 ပြည်တွင်းတွင် SEA ME WE-3 ရေအောက်အင်တာနက်ဆက်ကြောင်းကို
 အဓိကသုံးစွဲနေရပြီး ယင်း ဆက်ကြောင်းကို အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း 
၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက ချိတ် ဆက်အသုံးပြုနေ သည်။ 
မြန်မာနိုင်ငံအနေဖြင့် SEA ME WE-3 ရေအောက်ကေဘယ်လ် ဆက်ကြောင်း အပြင် 
ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းနှင့် ဂြိုဟ်တုဆက်ကြောင်းများကို သုံးစွဲနေသည်။ 
 ထို့ပြင် SEA ME WE-3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှု များ ဖြစ်ပွားပါက 
အသုံးပြုနိုင်ရန် အတွက်လည်း SEA ME WE-5 အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ရန်
 ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နေသည်။ 
 ချိုကို
 မဇ္ဈိမ
 
No comments:
Post a Comment