စစ်ကိုင်းတွင် ဆေးဖက်ဝင်လောက်သေပျိုးပင်ပေါက်များ ၀ယ်ယူစိုက်ပျိုးသူ များပြား
 
 ဆေးဖက်ဝင် လောက်သေ ပင်များကို ပျိုးပင်အဖြစ် စနစ်တ ကျ ပျိုးထောင်ရောင်းချမှုများရှိ လာသဖြင့် ယခုအခါ အိမ်ရှင်မ အများစုတို့က မိမိတို့နေအိမ်တွင် ၀ယ်ယူစိုက်ပျိုးလာကြကြောင်း သိရသည်။
 
 လောက်သေပင်၏ အရွက်အခက်များသည် အိမ်ရှင် မများအတွက် လွန်စွာအသုံးတည့် 
လေ့ရှိပြီး ဆေးဖက်လည်းဝင်သ ဖြင့် လိုအပ်ပါက အလွယ်တကူ 
အသုံးပြုနိုင်ကြရန်အတွက် မိမိတို့ နေအိမ်ခြံဝင်းများအတွင်းတွင် ၀ယ်ယူစိုက်ပျိုးထားကြသည်ဟု သိရသည်။
 
 ““လောက်သေပင်ကို အိမ် တိုင်းလိုလို စိုက်ပျိုးထားသင့် တယ်။မီးဖိုချောင်မှာ
 အသုံးတည့် သလို ဆေးဖက်လည်းဝင်တယ်။ ငါးပိကောင်အိုးတို့၊အမဲသား၊ဆိတ်
 သားခြောက်တွေကို လောက်သေ ရွက်နဲ့ထားရင် လုံးဝလောက် 
ကောင်မကျဘူး။တစ်ခါတုန်းက အိမ်မှာစဥ့်အိုးနဲ့ ငါးဘတ်ငါးပိ သိပ်ထားတာ 
လောက်ကောင် တွေတက်နေတာ ဖွေးနေတာပဲ။ 
 
 ဖယ်ပစ်လို့ မနိုင်တာနဲ့ လောက်
 သေရွက်ခြောက်လေးကို ငါးပိအိုး ပေါ်တင်ထားလိုက်တယ်။ ပိုး လောက်တွေ 
ဘယ်ရောက်ကုန် မှန်း မသိရလောက်အောင်ကို  ပျောက်သွားတာ။တော်တော်ကို 
ထူးခြားတယ်။
 
 ပိုးလောက်ကောင် တွေကို လောက်သေရွက်က အံ့ 
သြလောက်အောင်ကို နိုင်တာ။ အဲဒါကြောင့် အသုံးလိုရင် အလွယ်တကူရရှိအောင် 
အိမ်မှာ အမြဲစိုက်ထားတယ်””ဟု အိမ်ရှင်မ တစ်ဦးက ပြောပြသည်။
 
 လောက်သေပင်၏ ပဉ္စငါး ပါးသည် အဆုတ်ရောဂါ၊ချောင်း ဆိုးရောဂါ၊အနာဆိုး၊အနာပေါက်
 စသည့်ရောဂါများကို ပျောက် ကင်းသဖြင့် တိုင်းရင်းဆေးအဖြစ် လည်း 
အသုံးပြုကြကြောင်း သိရ သည်။မိုးခေါင်သည့် ပြင်ဦးလွင် ဒေသကဲ့သို့ 
တောင်ပေါ်ဒေများ တွင် အလေ့ကျပေါက်ရောက် ခြင်းမရှိကြောင်း၊ 
 
 စနစ်တကျပျိုး ထောင်စိုက်ပျိုး၊ရောင်းချကြရကြ
 ကြောင်း စစ်ကိုင်းမြို့တွင် လောက်သေပျိုးပင်ပေါက် တစ် အိုးလျှင် 
ကျပ်ငါးရာဖြင့် ရောင်း ချကြရာ ၀ယ်ယူစိုက်ပျိုးကြသူ များပြားကြောင်း သိရသည်။
 လောက်သေပင်၏ အရွက်သည် လှံတံအသွားကဲ့သို့ ပုံသဏ္ဍာန်ရှိ သဖြင့် 
အချို့ဒေသများတွင် သိကြားမင်းလှံတံပင် ဟုလည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။
 နန္ဒာမင်းလွင်
 Hotnews Journal
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment