၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုးယူသူအားဖမ်းဆီးအရေးယူ
 ၁၉.၇.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊(၇)ရပ်ကွက်၊ဆားလင်းဘုန်ကြီးကျောင်းဝင်း အတွင်း ရွှေမုဌောစေတီရှေ့တွင် ထားရှိသည့် အလှူခံပုံး၏မှန်အား 
ခဲနှင့်ထုခွဲ၍ အလှူငွေများအားခိုးယူနေကြောင်းသတင်းအရ ပုဇွန်တောင်ဈေးအနီးလုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေး ဖမ်းဆီးရာ ကျောက်တန်းမြို့နယ်၊ (၁၃)ရပ်ကွက်နေ မငွေခိုင်နွယ်၊ 
 (၂၉)နှစ်၊ (ဘ)ဦးသက်လွင်မှ အလှူငွေ(၁၄၄၀၀)ကျပ်အားခိုးယူကာ ၄င်း၏လွယ်အိတ်အတွင်း ထည့်ထားကြောင်းရှာဖွေတွေ့ရှိ 
 သိမ်းဆည်း ရမိသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၅၅/၂၀၁၃၊ 
 ပုဒ်မ ၃၇၉/၂၉၅ဖြင့် အရေးယူ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment