၁၅-၇-၂၀၁၃ ထူးထူးခြားခြား အိမ်ပေါ်နွားပြုတ်ကျလို့သေတဲ့လူ
 
 သက်ရှိရယ်လို့ဆိုကတည်း ကတစ်ချိန်ချိန်မှာ သေဆုံးခြင်းနဲ့ ရင်ဆိုင်ရမှာအမှန်ပါပဲ။ သက်ရှိ တိုင်းတစ်နေ့နေ့တစ်ချိန်ချိန်မှာ
 သေဆုံးရမှာ ဖြစ်ပါတယ်။ အ ယုတ်၊ အလတ်၊ အမြတ်မရွေး သေဆုံးခြင်းကို 
တူညီစွာရင်ဆိုင် ရမှာဖြစ်ပြီး ကွာခြားသွားတာက တော့ မည်သို့မည်ပုံသေဆုံး 
သွားတယ်ဆိုတဲ့ သေပုံသေနည်း လေးပါပဲ။ လမ်းမပေါ်မှာ ဆိုင် ကယ်စီးရင်း 
လေယာဉ်ဝင်တိုက် လို့ 
သေဆုံးနိုင်သလို အိမ်ထဲမှာ 
အိပ်နေရင်းကနေ ခေါင်မိုးပေါ် နွားပြုတ်ကျလို့လည်း
 သေသွား နိုင်ပါတယ်။ မယုံမရှိပါနဲ့ ဒါ ဟာ တကယ့်အဖြစ်အပျက်ပါ။ 
ဘရာဇီးလ်နိုင်ငံအရှေ့တောင် 
ပိုင်း ကာရာတင်ဂါမြို့မှာ လင်မ ယားနှစ်ယောက်အိပ်ပျော်ရင်း 
အိပ်မက်တွေတစ်လှေကြီးမက် နေစဉ် အိမ်ခေါင်မိုးပေါ်ကိုတစ် 
တန်နီးပါးအလေးချိန်ရှိသည့် နွားတစ်ကောင်ပြုတ်ကျခဲ့တာ ကြောင့် 
ယောက်ျားဖြစ်သူမှာ သေဆုံးသွားခဲ့ပြီး မိန်းမဖြစ်သူ က အသက်ဘေးကနေ သီသီ 
လေးလွတ်မြောက်ခဲ့ပါတယ်။ သေဆုံးသူအမည်မှာ ဂျိုအိုမာရီ ရာဒီဆူဇာလို့ သိရပြီး 
သူတို့လင် မယားနေထိုင်တဲ့အိမ်ဟာ တောင်ကုန်းလေးတစ်ခုရဲ့ အောက်မှရှိပါတယ်။ 
တောင် ကုန်းလေးပေါ်မှာ စားကျက် လွှတ်ထားတဲ့နွားတစ်ကောင် ဟာ မြက်စားရင်းနဲ့ 
တောင်ကုန်း ပေါ်က ခြေချော်ပြီးတော့ ဒီဆူ တာတိုအိမ်ပေါ်ပြုတ်ကျခဲ့ပါ တယ်။ 
အဆိုပါ ထူးထူးဆန်း ဆန်းဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ဗုဒ်္ဓဟူး နေ့က 
အမှန်တကယ်ဖြစ်ပွားခဲ့ ပြီး ခန်္ဓာကိုယ်ပေါ်နွားတစ် ကောင်လုံးပြုတ်ကျခံခဲ့ရတဲ့
 ဒီဆူ ဇာတစ်ယောက် အနီးအနားက ဆေးရုံရောက်ကာမှ အတွင်း ဒဏ်ရာတွေနဲ့ 
သေဆုံးသွားရ တယ်လို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦး က ပြောကြားခဲ့တယ်။ သြော်.. 
သေနေ့စေ့တော့လည်း အိမ်ထဲ မှာနေနေတာတောင် မလွတ်ပါ လားနော်။
 
 Jကောင်း
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment