သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 19 March 2013

စာဖတ်ခြင်းဖြင့် ပိုမို ကောင်းမွန်သော အနာဂတ် ဆီသို့


http://sphotos-h.ak.fbcdn.net/hphotos-ak-snc7/317507_352209751562836_1647512403_n.jpg 
 ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးမဆို စာပေနှင့် ယဉ်ကျေးမှုကို အထူး အရေးထား ကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စာပေဖြင့် ယဉ်ကျေးမှုများ ဖလှယ်ကြပြီး စာပေမှ တစ်ဆင့် ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ဆင့်ပွား ထွန်းကားစေခြင်း ဖြစ်သည်။
စာအုပ်စာပေ များသည် လူသားများနှင့် လူ့လောက ကြီးကို ဆက်သွယ်ပေးသော ပေါင်းကူး တံတားဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံများ၊ ကျန်းမာရေး ဆိုင်ရာ အသိ တရားများ၊ စည်းကမ်းနှင့် ကျင့်ဝတ်များ၊ ဘာသာရေး အတွေး အမြင်များ၊ သိပ္ပံပညာ တိုးတက်မှုများ၊ ကမ္ဘာကြီး ၏ ပြောင်းလဲမှု ဖြစ်စဉ်များကို လေ့လာသိရှိ မှတ်သား ကျင့်သုံးနိုင်သည်။

စာဖတ်ရာတွင် စာအုပ် မျိုးစုံကို ဖတ်ရှုသင့်သည်။ မိမိအရွယ်နှင့် လိုက်ဖက်သော စာအုပ် စာတမ်းများကို ဖတ်ခြင်းဖြင့် အကြားအမြင် ဗဟုသုတ တိုးပွား စေသကဲ့သို့ ရသ စာပေများ ဖတ်ခြင်းဖြင့် စာနာ နားလည်စိတ်များ တိုးပွား စေနိုင်သည်။ သမိုင်း ရာဇဝင်၊ အတ္ထုပ္ပတ္တိ စာအုပ်များ ဖတ်ခြင်းဖြင့် ဇာတိမာန်ကို နိုးကြား စေနိုင်ပြီး ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ဖတ်ခြင်းဖြင့် စိတ်နှလုံး၌ သာယာ ကြည်နူးမှု ရကာ စိတ်နေ စိတ်ထားကို မြင့်မားစေ သည်။ ဘဝ သရုပ်ဖော် ဝတ္ထုများ ဖတ်ခြင်းဖြင့် လူမှုရေး ဒုက္ခ အခက်အခဲ များကို သိမြင်စာနာ စေနိုင်သည်။ ဘာသာရေး စာပေများ၊ တက်ကျမ်း များနှင့် လူငယ်များ အတွက် ရည်ရွယ် ထုတ်ဝေသော စိတ်ဓာတ် ကြံ့ခိုင်ရေး ဆိုင်ရာ စာအုပ်များသည် ကိုယ်ကျင့်တရား ကောင်းမွန်မှု အတွက် အထောက်အကူ ဖြစ်စေသည်

Read more>> http://bit.ly/ZGGHtQ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်