သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 22 March 2013

မငြိမ်မသက် ဖြစ်နေသည့် ဒေသ များ တွင် တပ်မတော် က ၀င်ရောက် ကူညီ

Soldiers carry their weapons as they march during the Armed Forces Day parade in Myanmar's capital Naypyidaw
မတ်လ ၂၀ ရက်နေ့  ဖြစ်ပွား ခဲ့ သည့် မိတ္တီလာ မြို့  မငြိမ်သက်မှု သည် အနီး အပါး ကျေးရွာ
မြို့  ငယ်များ အထိ ဆက်လက် ပျံ နှံ့ ခဲ့ ပြီး နောက် မူလ အခြေ အနေ ပြန်လည် ရောက်ရှိ ရန်
အတွက် တပ်မတော် မှ ကူညီ မည် ဟု ရုပ်သံ အစီအစဉ် များ တွင် ထုတ် လွှင့် သွားသည်။
မြန်မာ အစိုးရ သမ္မတ ရုံး ညွှန်ကြား ရေး မှုး ဗိုလ်မှုး ဇော်ဌေး ၏ Facebook စာမျက် နှာ မှ
နေ ၍ လည်း နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
ကို ထုတ် ပြန် ကြောင်း ကြေငြာ ခဲ့သည်။
ယနေ့  ၃ ရက် မြောက် နေ့  မငြိမ်သက်မှု များ တွင် လူ ၂၀ ကျော် သေဆုံး ပြီး အဆောက် အဦ
၁၀၀ ကျော် ပျက် စီးခဲ့သည်။


မိတ္ထီလာမြို့နယ် ၊ဝမ်းတွင်းမြို့နယ် ၊မလှိုင်မြို့နယ် နှင့် သာစည်မြို့နယ်များ တွင် စစ်တပ် က ၀င်ရောက်
ကူညီ မှု နှင့် ပတ်သက် ပြီး ရန်ကုန် မြို့  အခြေစိုက် ၀ါရင့် သတင်းစာ ပညာ ရှင် တစ်ဦး က Briefing
Coup လို့  ခေါ်တာ ပေါ့ ဗျာ ၊ ၈၈ တုန်း က တော့ တပ်မတော် က မလွှဲ မရှောင်သာ ၍ ၊ အခု တပ်မတော်
က ၀င်ရောက် ကူညီ သည် ပေါ့ ဗျာ၊ ဆိုလို ရင်း က တော့ အာဏာ သိမ်းတာ ပါ ပဲ ဟု FNG ကို ပြောသည်။
နောက် ဆုံး သိရသည့် သတင်း များ အရ နေ ပြည် တော် နှင့် မန္တလေး တိုင်း အတွင်း ရှိ တပ်ရင်း တပ်
ဖွဲ့  များ သည် မိတ္ထီလာ နှင့် အနီး အပါး ကျေးရွာ များ တွင် လုံခြုံရေး ယူရန် စတင် ထွက် ခွာ သွား ပြီ
ဖြစ် ပြီး နယ်ခံ တပ် များ နှင့် ပူးပေါင်း လုပ်ဆောင် မည် ဖြစ်သည်။
Updates
မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။
ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြထားသည်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။” ဟူ၍ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။
ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ “စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာခရိုင်အား “State of Emergency ကြေညာခြင်း”သာ ဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။
(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)
 by FNG on March 22, 2013

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်