သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 29 April 2013

14-အမျိုးသမီးများနှင့် ပတ်သက်သော စစ်သားများအတွက် ထူးခြားသည့် အရေးယူမှုများ


 
အပျိုမိန်းကလေး တစ်ယောက်၊ စစ်သားဘေးက ဖြတ်လျှောက်လျှင် မကြောက်ပါနဲ့။ မလန့်ပါနဲ့။ ကိုယ်ဟန် ပျက်ေ လာက်အောင် ကိုယ်နှုတ် အမူအယာ လုပ်သည်နှင့် ပြစ်မှုပုဒ်မ(၅၀၉) အရ ထောင်ဒဏ် (၁)နှစ် အပြစ် ပေး ခံရဖို့ ဥပဒေက ပြဌန်းထားပါတယ်။ သားပြောမယားပြော ပြောတာ၊ အိမ်မှာနေတုန်း လာေ ချာင်း တာ တို့ ဆိုလျှင်တော့ အဆစ်တွဲ စစ်ဘက် ဥပဒေ လေးတွေပါ ထည့်ပေါင်းပြီး ထောင် ၅ နှစ် အထက် ကျေ စလောက် သည့် ဥပဒေ ရှိပါတယ်။ 
ဒါက ဥပမာ တစ်ခုပါ။ စစ်သား တစ်ယောက် အမှုဖြစ်သည့် အခါတွင် စစ်ဘက်ဥပဒေကော၊ အရပ်ဘက် ဥ ပဒေ ပါ (၂)မျိုးလုံးနှင့် အရေး ယူ ခံရသည်ဟူသော စကားကို စစ်သားများထံမှ အကြိမ်ကြိမ် ကြားဖူး ကြ မည်။ သို့သော် စစ်သားနှင့် ဆိုင် သော အမှုကို တပ်တွင်းမှာပင် စစ်ဆေးသဖြင့် ပြည်သူများ အနေဖြင့် သက် သာအောင် လုပ်လိမ့်မယ်၊ အပြစ် လွှတ်ပေးလိမ့်မယ် ဆိုသည့် အမြင်များ ဖြစ်ကြသည်။ အမှန် တွင်ေ တာ့ စစ်သားများဆိုသည်မှာ စစ်ယူနီဖောင်းကို ၀တ်ဆင်လိုက်သည်နှင့် စောင့်ထိန်းရမည့် စည်း ကမ်းတွေ က စဉ်းစား လိုက်ရင်တောင် အိပ်မပျော်နိုင်လောက်အောင် ရှိပါတယ်။ 
မိန်းကလေး တစ်ယောက်ကို တွေ့လို့ ရည်းစားစာပေးတာ၊ အလိုမတူဘဲ နမ်းတာ၊ လမ်းပိတ်စကား ပြောတာ မျိုး ဆိုရင်တော့ ပုဒ်မ(၃၅၄) အရ ထောင် ၂ နှစ်အထိ ကျစေပါတယ်။ လူပျို စစ်သား တစ်ယောက်နဲ့ ရည်း စားဖြစ် လို့ လက်လွန် ခြေလွန် ဖြစ်ကာမှ မယူပါဘူးလို့ ဆိုလာရင်တော့ ပုဒ်မ(၄၁၇)၊(၄၉၇)နဲ့ တပ်မတော် ဥပဒေ ပုဒ်မ ၄၁(င) အရ ထောင် ၁ နှစ်မှ ၅ နှစ် အထိ ကျစေပါတယ်။ သူများ မယားကြာခိုလို့ကတော့ ဥ ပဒေ ပုဒ်မ(၇၁)နဲ့ နယ်ဘက် ပုဒ်မ(၄၉၇) အရ ခြွင်းချက်မရှိ ထောင်(၅)နှစ် အတိပါပဲ။ 
စစ်သားတစ်ယောက်အတွက် လုပ်သင့်တာကို မလုပ်ရင်၊ မလုပ်သင့်တာကို လုပ်ရင် စစ်စည်းကမ်းနဲ့ ထိရပါ လိမ့် မယ်။ ဘယ်လို အနေအထားပဲ ဖြစ်ဖြစ် စစ်သည်တော်တိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမယ့် ကျင့်ဝ တ်တွေ ထဲမှာ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်း နေပါလို့ ပွင့်ပွင့်လင်းလင်းကို သတိပေးထားပါတယ်။ လိုက်နာ ရ မယ့် စည်းကမ်းတွေကို မလိုက်နာတဲ့ စစ်သားတွေအတွက် စစ်စည်းကမ်းက အဆင်သင့် အရေး ယူဖို့ စောင့်နေ တာပါ။ 
ဒီလို ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှု အကောင်းအဆိုးတွေကိုတော့ အများအားဖြင့် စစ်ဗိုလ်များက ခံရ တတ် ပါတယ်။ စစ်ဆင်ရေး ထွက်ရင်ထွက်၊ မထွက်ရင် တပ်တွင်းမှာ လုံခြုံရေးတာဝန် ထမ်းဆောင်၊ သင် တန်း တွေ တက်ရနဲ့မို့ စစ်သားစစ်ဗိုလ်များဟာ မိန်းကလေးများနဲ့ ထိတွေ့ဆက်ဆံဖို့ အင်မတန် ခဲယဉ်း ကြပါ တယ်။ ဒီ အချိန်မှာ အခွင့်အရေးယူတတ်တဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဥပမာ တစ် ခုပြော ရလျှင် မိန်း ကလေး တစ်ယောက်ဟာ ရည်းစားတွေ ပွေရှုပ်တယ်၊ ဒီထဲမှာမှ စစ်ဗိုလ် တစ်ယောက် ပါတယ်၊ ပွေရှုပ်မှန်း သိ တော့ စစ်ဗိုလ်က လက်မထပ်ချင်ဘူး၊ ကျန်တဲ့သူတွေလည်း လက်မထပ်ချင်ဘူး။ ဒါပေမယ့် စစ်ဘက် ဥပဒေ ရှိတဲ့ စစ်ဗိုလ်ကို အတင်းလက်ထပ်ခိုင်းတယ်။ လက်မထပ်ဘူးပြောတော့ တိုင် တယ်။ တိုင်တော့ စစ်ဗိုလ်က ထောင်ကျပါတယ်။ တစ်ချို့စစ်ဗိုလ်များကတော့ လျော်ကြေး နင့်နေအောင် ပေးရ ပါတယ်။ လျော်ကြေးတွေပေး၊ ထောင်တွေကျပြီး ၂ လ ၃ လ မှာတော့ မိန်းကလေးရဲ့ လက်ထပ်ပွဲ သ တင်း၊ သတင်းစာ မှာ ပါလာပါတယ်။ 
ဒီလိုပဲ မကောင်းတာ လုပ်စားတဲ့ အမျိုးသမီးတွေက စစ်စည်းကမ်းကို အသုံးချပြီး စစ်ဗိုလ်တွေကို အရယူခဲ့ ဖူးတဲ့ ဖြစ်စဉ်တွေလည်း ရှိဖူးပါတယ်။ ဒါပေမယ့် တပ်မတော် ဥပဒေမှာ ခုခံပိုင်ခွင့်တွေလည်း ရှိပါတယ်။ တ ရား ဥပဒေ အရ ခုခံချေပနိုင်မှုတွေကြောင့် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ရင်တောင် မိန်းကလေးများနှင့် ပတ် သက်ပြီး အရှုပ်အရှင်း ဖြစ်တယ် ဆိုတာကြောင့် စစ်မှုထမ်းသက်လျော့ခြင်း အစရှိတဲ့ အရေးယူမှုတွေ ရှိတာ မို့ စစ်သားများဟာ လူငယ် သဘာဝ ချစ်ကြိုက်ကွဲငြားတောင် သာမန်အရပ်သားပြည်သူနဲ့ ထိန်းသိမ်း ရပုံ ချင်း မတူညီပါဘူး။ 
စစ်သားတွေကို စစ်တဲ့ စစ်ခုံရုံးဆိုတာကလဲ ပေါ့ပေါ့တန်တန် မဟုတ်ပါဘူး။ လူများတွေ လာကြည့်တဲ့အခါမှာ တော့ ထိုင်ခုံရှေ့မှာ ရပ်နေ၊ထိုင်နေတဲ့ လူတစ်ယောက်ကို လူကြီးတွေက စစ်မေးတဲ့ သာမန် တရားရုံး တစ် ခု က စစ်ဆေးပုံလို့ ထင်ရပေမယ့် တိကျလေးနက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါတယ်။ ခုံရုံးတစ်ခုဖွဲ့ပြီး အပြစ်ပေး ဆုံးဖြတ်တာ မှားယွင်းခဲ့ရင် စစ်ဆေးတဲ့ အရာရှိကြီးမှာ ပြစ်မှု ပြန်မြောက်တာမို့ တာဝန်ပေးခံရတဲ့ ခုံရုံး စစ်ဆေး သူ မှန်သမျှ အလျော့ပေးတယ် ဆိုတာ မရှိနိုင်ပါဘူး။ 
လတ်တလော ပြည်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ရင် တပ်မတော်သား(၃)ယောက် လောလောဆယ် မသ င်္ကာ မှုနဲ့ စတင် အစစ်ဆေးခံရပါပြီ။ ပြစ်မှု မြောက်ခဲ့တယ် ဆိုရင် အရပ်ဘက် ဥပဒေ၊ စစ်ဘက် ဥပဒေ အရ အရပ် သား လူသတ်ပစ္စည်းလုလို့ ခံရတဲ့ ပြစ်ဒဏ်ရဲ့ ၂ ဆ ဖြစ်ပါလိမ့်မယ်။ ပြစ်မှု မမြောက်ခဲ့ရင်တော့ တာဝန်ချိန် စည်းကမ်း၊ စစ်မှုထမ်း စည်းကမ်းတွေအရ သာမန် အရေးယူမှုမျိုးတွေကို ခံရပါအုံးမယ်။ 
ဒါကြောင့် စစ်သားဆိုတာဟာ ပြည်သူရဲ့ အင်အားပါ။ ဆိုးတဲ့သူ ရှိသလို ကောင်းတဲ့သူတွေလဲ ဒုနဲ့ဒေး ရှိပါ တယ်။ စစ်သားတစ်ယောက် မကောင်းတာဟာ စစ်တပ်ကြီး တစ်ခုလုံး မကောင်းတာ မဟုတ်ပါဘူး။ စစ် သား တစ်ယောက် မကောင်းတာ မလုပ်ဖို့ တင်းကျပ်တဲ့ စည်းကမ်း တွေ ရှိပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင် ရွက်တဲ့ ခေတ်ကာလမို့ တပ်နဲ့ပြည်သူ မြဲကြည်ဖြူ ဖို့ပဲ ထာဝရ မျှော်လင့်လျှက်ပါ။ 
OE-မှ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်