သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 24 April 2013

၂၅-အမေရိကန် သမ္မတ အိမ်ဖြူတော် ဗုံးကွဲ ဒဏ်ရာရ ဆိုသည့် ကောလဟာလ များကို AP သတင်းမှ လိုက်ရှင်းရ


အိမ်ဖြူတော်တွင် ဧပြီ ၂၃ ရက်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည် ဟူသော သတင်း ထုတ်ပြန် ချက် သည် မှန်ကန်မှု မရှိကြောင်းနှင့် ယင်း သတင်းကြောင့် စတော့ရှယ်ယာ ဈေးကွက် ကျဆင်းခဲ့ကြောင်း သိရ သည်။
အိမ်ဖြူတော်တွင် ဗုံး ပေါက်ကွဲမှုကြောင့် သမ္မတ ဘားရက်အိုဘားမား ဒဏ်ရာ ရရှိခဲ့ကြောင်း အေပီ သတင်း ဌာန ၏ တွစ်တာ ဝက်ဘ် ဆိုက်တွင် မွန်းလွဲ ၁ နာရီ ၇ မိနစ်က ဖော်ပြထားသည်။
ယင်းသတင်းကြောင့် Dow Jones စက်မှုဇုန်၏ ရှယ်ယာများသည် မိနစ်များစွာ အတွင်း ၁၄၆၉၉ မှ ၁၄၅၅၅ အ ထိ ကျဆင်း ခဲ့ကြောင်းနှင့် အေပီသတင်း ဌာန၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် တင်ထားသော အဆိုပါ သ တင်း သည် မှားယွင်းကြောင်း သတင်း ပြန်လည်ထွက်ပေါ် လာသည့်အတွက် မိနစ်ပိုင်းအတွင်း ရှယ် ယာေ ဈး ပြန်လည် ဦးမော့လာခဲ့ကြောင်း သိရသည်။ အေပီ သတင်း ဌာန၏ အဓိက တွစ်တာ account သည် ဟက် ကာ တိုက်ခိုက် ခံရခြင်း ဖြစ်ပြီး ယင်းသို့ တိုက်ခိုက် ခံရပြီးနောက် တွစ်တာ ဝက်ဘ်ဆိုက် ပေါ်တွင် တက် လာသော ယင်း သတင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် မိမိတို့ အနေဖြင့် ယင်းပြဿနာကို အဖြေ ရှာ ရန် လုပ်ဆောင်လျက် ရှိကြောင်း အေပီ သတင်းဌာနက ပြောကြားခဲ့သည်။
မြ၀တီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်