သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 25 June 2013

၂၀၁၃ -၂၀၁၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှုခက်ခဲခြင်းကိစ္စ( ဒီပဲယင်းမြို့နယ်)


 
သို့
နိုင်ငံတော်သမ္မတကြီးနိုင်ငံတော်ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် တနယ်ကျေးရွာအုပ်စုတနယ်ကျေးရွာ အလယ်တန်းကျောင်းခွဲ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အလယ်တန်းဆင့်ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှုခက်ခဲခြင်းကိစ္စ

၁။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်
တနယ်ကျေးရွာအုပ်စု တနယ်ကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း (၅၀)
ကျော်ခန့်မှစ၍ အခြေခံပညာမူလတန်းကျောင်းကို
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ တည်ရှိလျှက်ရှိပါသည်။၁၉၉၀ ခုနှစ်တွင်
တွဲဘက်အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့ပါသည်။


၂။ထို့နောက် ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်ပညာရေးဌာနမှအစိုးရပညာသင်ကျောင်းများ သာသနာပိုင်နယ်မြေအတွင်းမှာရှိသည့်စာသင်ကျောင်းများ မထားရှိရန် ညွှန်ကြားခဲ့သော်လည်း ထိုအချိန်တွင်ကျေးရွာအုပ်စု၏ စီးပွားရေးခက်ခဲမှုများကြောင့် အပြင်တနေရာသို့
စာသင်ကျောင်းဝန်းမထွက်နိုင်ခဲ့ပါ။
၃။ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင်
(က)ကျောင်းသား/သူအင်အားများပြားလာခြင်း
(ခ) ကျောင်းဆောင်ဟောင်းနွမ်းပျက်စီးလာခြင်း
(ဂ)စာသင်ဆောင်မလုံလောက်ခြင်းတို့ကြောင့် ကျောင်းဝန်းမြေနေရာ
ရွှေ့ပြောင်းရန်အတွက် တနယ်ကျေးရွာအုပ်စုအတွင်းရှိ တနယ်ကျေးရွာ
၊ဆင်ရောက်ကုန်းကျေးရွာ၊ စည်သာကျေးရွာတို့မှ စာသင်ကျောင်းမြေနေရာ
ရှာခဲ့ကြရပါသည်။



၎။ ၎င်းနောက် တနယ်ကျေးရွာ ၊ ဆင်ရောက်ကုန်းကျေးရွာတို့မှ ရပ်မိရပ်ဘ
ကိုယ်စားလှယ်များသည် ၂၀၁၀ နိုဝင်ဘာလ (၂၆)ရက်နေ့၌
မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ သွားရောက်၍
မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးမျိုးလွင်
၊မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးစိုးမြင့်၊
မြို့နယ်ပညာရေးမှူးဦးဝင်းကြည်နှင့်တကွ သက်ဆိုင်ရာအဖွဲ့အစည်းများ၏
ရှေ့မှောက်တွင် ကျောင်းဝန်းအသစ်နှင့် ကျောင်းဆောင်အသစ်ဆောက်လုပ်ရန်
ဆွေးနွေးညှိနှိုင်း၍ ကျောင်းဝန်းမြေနေရာ ၅.၂၅ ဧကပေါ်တွင်
ကျောင်းဆောင်သစ်ဆောက်လုပ်ရန် နှစ်ဘက်သောက်ကျေးရွာ၏
ရပ်မိရပ်ဘကိုယ်စားလှယ်များမှ သဘောတူကိုယ်တိုင်လက်မှရေးထိုးပြီး
ဆုံးဖြတ်ကြပါသည်။



၅။ ထိုသို့ သဘောတူဆုံးဖြတ်ပြီး ၂၇.၁၁.၂၀၁၀ နေ့တွင် ၅.၂၅ ဧကရှိ မြေပေါ်တွင်
SS14 -120 ပေx30 ပေx12ပေ ရှိ ကျောင်းဆောင်သစ်ကို ကိုယ်ထူကိုယ်ထ
စတင်ဆောက်လုပ်ခဲ့၍ ၂၇.၄.၂၀၁၂ နေ့တွင် ပြီးစီးပြီး ကျောင်းဝန်းမြေနှင့်
ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးဌာနသို့ ၁၅ .၆. ၂၀၁၂ နေ့တွင်
လွဲပြောင်းအပ်နှံခဲ့ပါသည်။


၆။ ၎င်းကျောင်းဆောင်သစ်၌ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ရှိပဉ္စမတန်းမှ အဌမတန်းထိ ကျောင်းသားကျောင်းသူ (၆၈) ဦးအားပညာသင်ကြားခဲ့ပါသည်။၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ၁၆.၅.၂၀၁၃ နေ့တွင်အလယ်တန်းကျောင်းခွဲရရှိခဲ့၍ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၈၇)ဦးအထိ တိုးတက်လာခဲ့သော်လည်း ပညာသင်ကြားပေးရန် ဆရာ/မများမရှိသည့်အတွက် ကျောင်းသား/သူများ ပညာသင်ယူမှုအတွက် အတိဒုက္ခရောက်နေပါသည်။မြို့နယ်ပညာရေးမှူးမှ အလယ်တန်းအဆင့်သင် ဆရာများဖြစ်ကြသော ဆရာဦးတက်ထွန်းနှင့် ဆရာဦးညို တို့နှစ်ဦးအား ၂၁.၆.၂၀၁၃ နေ့တွင် မြို့နယ်ပညာရေးမှူးမှ
သွားရောက်သင်ကြားရန် စာအမိန့်ဖြင့် ညွှန်ကြားခဲ့သော်လည်း လာရောက်သင်ကြားမှု
မရှိ၍ ယခုအချိန်ထိ ကျောင်းသား/ကျောင်းသူများ
ပညာသင်ကြားခွင့်လုံးဝမရရှိပါ။ ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်ကို ရှေူးရှု၍
ကူညီဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြီး၊ ပညာရေးဌာန
ပြည်ထောင်စုဝန်ကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့အားတနယ်ကျေးရွာအုပ်စု အလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ကျောင်းသူများ၏မိဘများမှ အခက်အခဲများကို ဖြေရှင်သတ်မှတ်ပေးနိုင်ပါရန်တိုင်ကြားအပ်ပါသည်။
On Line Reader-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်