Wednesday, 10 April 2013
လှည်းတန်းခုံးက ရန်ကုန် ယာဉ်ကြောပိတ်မှုကို မဖြေရှင်းနိုင်
လှည်းတန်းခုံးကျော် တံတားပေါ်တွင်ပါ ယာဉ်များ တန်းစီ ပိတ်ဆို့နေ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့၏ အချိန်အကြာဆုံးသော ယာဉ်ကြောပိတ်ဆို့သည့် နေရာတခုဖြစ်သော လှည်းတန်းလမ်းဆုံတွင် ခုံးကျော် တံတားကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
ရွှေတောင်ကုမ္ပဏီက တနှစ်ကျော်ကြာ တာဝန်ယူတည်ဆောက်ခဲ့သော လှည်းတန်းခုံးကျော်တံတားကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီတွင် ကားများ စတင်ဖြတ်သန်း သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့် လမ်းပိတ်ဆို့မှု ပြသနာ မပြေလည်သေးဘဲ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။
လှည်းတန်းလမ်းဆုံတွင် ယခင်ထက်စာလျှင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားသော်လည်း ဟံသာဝတီ အ၀ိုင်း နှင့် မြေနီကုန်းမီးပွိုင့်တွင် ကားများတန်းစီ တိုးဝှေ့နေပြီး ယာဉ်ကြောပိတ်ဆို့မှုကို အချိန်ကြာမြင့်စွာ ကြုံတွေ့ ရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“ခုံးကျော်တံတား ဖွင့်လိုက်တော့ ရန်ကုန်-ပြည်လမ်းဘက်က လာတဲ့ ကားတွေက မီးပွိုင့်မရှိတော့တဲ့အတွက် အကုန်ပြုံဆင်းလာတယ်။ ရန်ကုန်-အင်းစိန်လမ်းက လာတဲ့ ကားတွေကတော့ မီးပွိုင့်ရှိသေးတဲ့အတွက် ကားတွေက တဖြည်းဖြည်း မြို့ထဲကို တိုးဝင်တယ်။ အဓိက ဟံသာဝတီအ၀ိုင်းမှာ ကားတွေ အားလုံး စုပြုံတိုးနေတာ။ အ၀ိုင်းပတ်တယ်ဆိုတာက မီးပွိုင့်လိုမဟုတ်ဘူးလေ။ ကိုယ်လွတ်မယ်ထင်ရင် တိုးထွက်ကြ တာဆိုတော့ သူတိုး၊ ကိုယ်တိုးနဲ့ လမ်းတွေပိတ်ကုန်တယ်။ နောက်ဆုံး ယာဉ်ထိန်းရဲတွေက ကားတွေကို တားပြီး ယာဉ်ကြော တခုချင်းစီ ပြန်လွှတ်ပေးရတဲ့အထိ ကားတွေ တိုးဝှေ့ကုန်တာ” ဟု မထသ ၄၈ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
လှည်းတန်းခုံးကျော်တံတားကြောင့် ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်းမတို့တွင်မူ သိသိသာသာ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားသည်။
သို့သော် ဟံသာဝတီအ၀ိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဦးဝီစာရလမ်းမကြီးတလျှောက်၊ ရန်ကုန်-ပြည်လမ်း တလျှောက်တွင် ကားများစုပြုံတိုးပိတ်ဆို့ပြီး မြို့ထဲသွားမည့် ကားများမှာ လှည်းတန်းခုံးကျော်တံတားပေါ်တွင်ပင် ရပ်တန့်စောင့်ဆိုင်းရသည်အထိ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည်။
“မြို့ထဲကနေ ၈ မိုင်ဘက်သွားတဲ့ ရန်ကုန်-ပြည်လမ်း အပြန်လမ်းက လှည်းတန်းခုံးကျော်တံတားကြောင့် တော်တော်ကို ယာဉ်ကြောချောင်တယ်။ ဒါပေမယ့် မြေနီကုန်း မီးပွိုင့်ကနေပြီးတော့ ဟံသာဝတီအ၀ိုင်းအထိ ကားတွေ တအားကျပ်တယ်။ အ၀ိုင်းပတ်ဖို့ကိုလည်း တော်တော်ကြီးကို စောင့်ရတာ။ အဲဒီလိုပဲ မြို့ထဲသွားမယ့် ကားတွေကလည်း လှည်းတန်းခုံးကျော်တံတားပေါ်ကနေ ဟံသာဝတီအ၀ိုင်းအထိ ကားတန်းကြီးကို မျက်စိတဆုံး မြင်နေရတယ်။ ဟံသာဝတီအ၀ိုင်းဖြတ်ပြီးတော့လည်း မြေနီကုန်းပွိုင့်မှာ အကြာကြီး သွားပိတ်တယ်” ဟု မထသ ၅၁ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
ခရီးသွားပြည်သူများကမူ လှည်းတန်းခုံးတံတားကြောင့် မြို့ထဲသို့ သွားလာရသည့်အချိန် အနည်းငယ်မြန်ဆန်လာသည်ဟု ဆိုကြသည်။
“အရင်တုန်းကဆိုရင် မီးပွိုင့်မှာ လိုင်းကားတွေ စက်ရပ်ပြီး ရပ်ထားရတာ အချိန်တော်တော်ကြာတယ်။ အခုကတော့ ကားက တဖြည်းဖြည်းလေးနဲ့ ရွေ့ပြီး သွားနေတယ်ဆိုတော့ အရင်ထက်စာရင် နည်းနည်း လေးမြန်လာတယ်လို့ထင်တယ်။ အရင်ကထက် ၅ မိနစ်၊ ၁၀ မိနစ်လောက် အချိန်ကုန်သက်သာလာတယ်လို့ ထင်ပါတယ်” ဟု မင်္ဂလာဒုံမှ ဆူးလေထိ နေ့စဉ် ရုံးတက်ရုံးဆင်းသွားလာနေရသည့် ကုမ္ပဏီဝန်ထမ်း ခရီးသည် တဦးက ဆိုသည်။
ဟံသာဝတီအ၀ိုင်းတွင် ယာဉ်ကြောရှင်းလင်းပေးနေသော တာဝန်ကျ ရဲအရာရှိတဦးကမူ ဟံသာဝတီအ၀ိုင်းတွင် ရုံးတက်ချိန် မနက်ပိုင်းနှင့် ရုံးဆင်းချိန် ညနေပိုင်းတွင် ယာဉ်ကြောပိတ်ဆို့သည့် အချိန်ကြာမြင့်ပြီး ကျန်အချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှု သက်သာမည်ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ အရာရှိတဦးက လှည်းတန်းခုံးကျော်တံတားကြောင့် ယာဉ်ကြောပိတ်ဆို့မှု ၆၀ ရာခိုင်နှုန်းသက်သာသွားမည်ဟု ပြောကြားကြောင်း ဧပြီလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်လိုက်သော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ပြသနာ ဆက်လက်ကြုံတွေ့နေရသည်ကို သိရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စီမံချက်ဖြင့် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြောင်း အစိုးရ တာဝန်ရှိသူတဦးက ရှင်းလင်း ပြောဆိုသည်။
“ဖြစ်တာတွေကတော့ တခုပြီး တခုကတော့ တံတားတွေပြီးသွားတဲ့အခါမှာ သူ့ဟာသူ ဖြစ်သွားမှာပေါ့။ လိုတာတွေလည်း ထပ်လုပ်မှာပေါ့။ လူကြီးတွေလည်း သိပါတယ်။ တိုင်းဒေသကြီးအစိုးရလည်း သိတယ်။ စီမံချက်နဲ့လုပ်တဲ့အခါကျတော့ ချက်ချင်းကြီး လုပ်မရတာ တော့ရှိတာပေါ့။ စီမံချက်တွေ ပါပြီးသား၊ ရေးဆွဲထားပြီးသားပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။
လှည်းတန်းခုံးကျော်တံတား ကုန်ကျစရိတ်သည် ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလီယံ ကုန်ကျပြီး ဘုရင့်နောင် ခုံးတံတား၊ ရွှေဂုံတိုင်ခုံးတံတားတို့မှာ ဆက်လက်တည်ဆောက်နေဆဲဖြစ်ပြီး ၈ မိုင်လမ်းဆုံနှင့် မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတားများ တည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ပြော ဆိုသည်။
ဧရာဝတီ
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
April
(242)
- 23-ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတ...
- 24-၀တပ်ဖွဲ့၏အကူအညီဖြင့် KIA တပ်ဖွဲ့အတွင်းသေနတ်များ...
- 22-UWSA "O"တပ်ဖွဲ့မှ စစ်ရေးအသင့်ပြင်နေ
- 21-လာပြန်ပြီနောက်တစ်ခုဥက္ကံ မြန်မာ-ကုလား ပဋိပက္ခ မြင...
- 20-မြန်မာ့ တပ်မတော်နဲ့ UWSA ဝတပ်မတော် ထပ်ပြီးကွိုင...
- 19-ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- 18-ပြောချင်တာပြော၊ ကြားချင်တာ ကြားခွင့်ရတဲ့ ခေတ်ရေ...
- 17-မိခင်မှာကြားတဲ့စကားအတိုင်း အသက်ထက်ဆုံး နေထိုင်သ...
- 16-မိဘတွေနဲ့အတူ ဘန်ကောက်မှာ ဆေးစစ်ခဲ့တဲ့သင်ဇာဝင့်ေ...
- 15-ရိုဟင်ဂျာတွေရဲ့ ဒေါ်လာကို စားတဲ့ဧရာဝတီဘလော့က Mya...
- 14-အမျိုးသမီးများနှင့် ပတ်သက်သော စစ်သားများအတွက် ထ...
- 13-ကိုမြအေး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများခင်ဗျ...
- 12-ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မင်းအမြဲ မှတ်ပါ မင်...
- 11-ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)တပ်ဖွဲ့ဝင်များမှ...
- 10-" အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူမ...
- 9-မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြ...
- 8-အံ့ဘွယ်ကောင်းသော လူတစ်ဦးရဲ့ အစွမ်းပါ လူငယ်များအ...
- 7-မင်း ကျိန်စာကြောင့် ခေတ်အဆက်ဆက် ဆွေစဉ်မျိုးဆက်ေ...
- 6-( ကော့ကရိတ်-ကျုံဒိုး လမ်း က ဗိုလ်လှမင်း ဓါးပြတို...
- 5-ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- 4-မူဆလင် ကို မူဆလင်လို့ မမြင်ပဲ - အဖေလိုမြင်နေသူေ...
- 3-ကရင်တပ်များအကြား ပစ်ခတ်မှုများ ဖြစ်ပွား
- 2-ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ဟု ဦးဌေးဦးမှြေ...
- 1-ဆန္ဒပြမူ့ နောက်ကွယ်တွင် မည်သူတွေ ရှိနေသလဲ ဆိုတာေ...
- ၅၆-ဘင်္ဂလီများအား မြန်မာ စစ်တပ် နောက်ဆုံးအကြိမ် သတိပေး
- ၅၅-ဒီမိုကရေစီ နှင့်မထိုက်တန်သည့် မြန်မာလူထု ဆိုင်က...
- ၅၄-အံ့ဘွယ်ကောင်းသော လူတစ်ဦးရဲ့ အစွမ်းပါ လူငယ်များ...
- ၅၃-Facebook က ချာတိတ်နဲ့ ချိန်းတွေ့မိလို့ အသက်ပါပေ...
- ၅၂-လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ
- ၅၁-ကျောက်ဖြူတွင် လေယာဉ်က ကျဲချခဲ့သော စစ်ကျန် ဗုံြး...
- ၅၀-မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင...
- ၄၉-ကြည့်မြင်တိုင်တစ်ဖက်ကမ်း ကမ်းနားနှင့်ဝေးသည့်ကျေ...
- ၄၈-လူဟာလူပါပဲမခွဲခြားပါနဲ့  သက်သေနှင့်တကွ....
- ၄၇-ယာဉ်ထိန်းရဲ ပါးရိုက်ခံရမှု ဗိုလ်ချုပ်မှူးကြီးဟော...
- ၄၆-မလေးရှားနိုင်ငံရောက်..မြန်မာနိုင်ငံသားညီအကိုမော...
- ၄၅-အိမ်ဖော်အား ငှက်ပျောသီး ၊ ပုလင်းများဖြင့် အနိုင...
- ၄၄-ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းမြို့သား
- ၄၃-ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
- ၄၂-ပြည်ပရံပုံငွေကိုလက်ခံပြီး ပြည်တွင်းမှာပါတီထောင်...
- ၄၁-သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်
- ၄၀-ယူအန်၏ အကြီးမားဆုံးသော ဒုက္ခသည် ပြောင်းရွှေ့မူကြီး
- ၃၉-“ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရ...
- ၃၈-မြန်မာ့အသံမှရေဒီယိုအဆိုတော်လည်းဖြစ်သူ-ပညာရေးကျေ...
- ၃၇-တပ်မတော်သား(၃) ဦး လုပ်ဆောင်သည်ဟု သံသယရှိသည့် ပြ...
- ၃၆-*ဒေါ်စုကိုဘာဖြစ်လို့များလူတွေက သည်လောက်တောင်သဲသဲ...
- ၃၅-ယောက်ျားဖြစ်သူ၏ အင်္ဂါဇာတ်ကို ဓားဖြင့်ဖြတ်သည့် အမ...
- ၃၄- ကွမ်းရွက်၏ ကျန်းမာရေးကောင်း/ဆိုး အကျိုးကျေးဇူး...
- ၃၃-ဖောက်ပြန်ရာသီဥတု နှင့် ရင်ဆိုင်နေရသော သောက်သုံး...
- ၃၂-ညီအကိုအရင်းကဲ့သို့သော တိုင်းရင်းသားများ
- ၃၁-၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး
- ၃၀-ဒက္ကား ပလာဇာ ပြိုကျမူ သေဆုံးသူ ၂၀၀ ဦးတိုးလာ
- ၂၉-၉၆၉တံဆိပ် ဖျက်ဆီးသူကို ထောင်ဒဏ် ၂နှစ်ချ
- ၂၈-အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပု...
- ၂၆-မြန်မာပြည် အလယ်ပိုင်းတွင်အပူချိန် မြင့်လာနေ၍ ကျ...
- ၂၅-အမေရိကန် သမ္မတ အိမ်ဖြူတော် ဗုံးကွဲ ဒဏ်ရာရ ဆိုသည့...
- ၂၄-ယူနီဖောင်းကနွမ်းလျှပေမဲ့ နှလုံးသားကတောက်ပနေပါတယ်
- ၂၃-မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရ...
- ၂၂-မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရ...
- ၂၁-လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ...
- ၂၀-ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လ...
- ၁၉-ပြည်မြို့ လူသတ်မှု မသင်္ကာသူ ၂ ဦး ဖမ်းမိ၊ တဦး လွ...
- ၁၈-မြန်မာဘုန်းတော်ကြီးများ အကြမ်းဖက်မှု အဆုံးသတ်ပေး...
- ၁၇- စိတ်ကူးယဉ် ကိစ္စများကို အကောင်အထည် ဖော်နိုင်ပြီ...
- ၁၆-အေသင်ချိုဆွေ စင်ပေါ်မတက်လို့ တောင်ငူပွဲပျက်
- ၁၅-နည်းပညာကမ္ဘာ့ တစ်လွားမြန်မာပြည်မှထုတ်သောဖုန်းခေါ်...
- ၁၄-ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်
- ၁၃-သမ္မတအမိန့်နဲ့ အကျဉ်းသား ၉၀ ကျော်လွှတ်
- ၁၂- စော်ဘွားကြီးကုန်း ၀င်းအတွင်း ဂက်(စ်)အိုး ပေါက်...
- ၁၁-မြန်မာမိန်းကလေး
- ၁၀-ကားတိုက်ခံရ၍ အမှုဖွင့်ရန်လာသူများကို ရဲဝန်ထမ်း ...
- ၉-အက်ဒမာန်ကျွန်းမှ ဂျရဝါလူမျိုးများ အကြောင်းဗဟုသုတ
- ၈-သမ္မတအတွက် ထိုက်ထိုက် တန်တန် ICG ငြိမ်းချမ်းရေးဆု...
- ၇-ငါးသိုင်းချောင်းမြို့နယ် ကွင်းလျှားရွာမှဆန်းပြား...
- ၆-သမ္မတရုံးဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့ စစ်တေ...
- ၅-နိုင်ငံရေးခိုလုံနေသူ လူငယ်နှစ်ဦးအား ဗုံးခွဲသူဟု...
- ၄-အင်တာနက်ပေါ်မှ တပ်မတော်နှင့် ပတ်သက်သော အမှု(၃)မှု
- ၃-တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင...
- ၂-ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)- ...
- ၁-“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံ...
- စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ ...
- ကြေကွဲဘွယ်ရာ သတင်းတစ်ပုဒ် ။ကားတိုက်ခံရမှုကြောင့် သာ...
- "အဆဲပြိုင်ပွဲ."
- ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း
- ဗိုလ်ချုပ်လွန်းမောင် ဘာလုပ်နေလဲ
- ဂုဏ်ပြု အဆောင်အယာင် ကို မမက်မောသည့် သမ္မတကြီး ပြည်သ...
- ဒီနေ့သည် သမ္မတကြီး မွေးနေ့ Apr 20, 2013
- Boston ဗုံးခွဲသူကို ဖမ်းမိပြီ
- ခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုပြီးနောက် နောက်ထပ် ဆ...
- နွားမလိုသောနွားလှည်း မြန်မာကျေးလက်စက်မှု့ သိပ္ပံနှင်...
- မြောက်ကိုရီးယားတွင် နိုင်ငံခြားသားများကို လက်ကိုင်...
- မြန်မာပြည်မှပေါက်ပေါက်ရှာရှာ စအိုမှရေချုပြနိုင်သလိ...
- ဒီသတ္တဝါဘာသတ္တဝါလို့ ခေါ်ရမလည်းပြောကြပါအုန်းတောင်အမေရ...
- အမေတစ်ခုသားတစ်ခုသီချင်းနဲ့ ဗေလုဝ YouTube ပေါ်မှာသီဆ...
- ဘော်စတွင်တွင် လူသတ်သော အိုး သို့မဟုတ် Pressure Cooker
- မိန်းကလေးတွေရဲ့ခေတ်ပေါ်အ၀တ်အစား(၄)မျိုး
- ကျောင်းတက်တဲ့ အချိန်တုန်းက… ကျွန်တော်က“အမေ ပိုက်ဆံ...
- မဟုတ်မမှန်တာတွေလုပ်ကြံပြီး“ဖိုတိုရှော့ဖြင့် ပြုလုပ...
- အီရန်နိုင်ငံတွင် အချိန်ခရီးသွားစက် (Time Travellin...
- ၂၀၁၄ ရဲ့ အမေရိကန်မှ အသင့် ရှိနေပြီးသောစစ်ပွဲသုံး ...
- ၂ဝ၁၄ ရဲ့ တိုးတက်သော အမေရိကန်အသင့် ဖြစ်နေသော လေဆာစ...
-
▼
April
(242)
No comments:
Post a Comment