သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 19 October 2013

မြန်မာ့ ပထမ ဆုံး ဂြိုဟ်တု အတွက် ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျ မည်




မြန်မာ နိုင်ငံ မှ ပထမ ဆုံး လွှတ်တင် မည့် ဂြိုဟ်တု အတွက် ကုန်ကျ စရိတ် ကန် ဒေါ်လာ သန်း ၁၀၀ ခန့် ရှိနိုင် မည် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာန မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး က ပြောကြား သည်။ ဂျပန် နိုင်ငံ ၏ အကူ အညီဖြင့် ဂြိုဟ်တု လွှတ်တင် နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီး ဌာန၊ မိုးလေဝသ နှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ စီစဉ် ဆောင်ရွက် လျက် ရှိပြီး ယခု အခါ ဂြိုဟ်တု လွှတ်တင် နိုင်ရေး အတွက် ဖြစ်နိုင် မှု အခြေ အနေ များ ကို စတင် စမ်းသပ် လေ့လာ မှု များ ပြုလုပ် နေပြီ ဟု လည်း သိရသည်။ “အကြို လေ့လာ မှု တွေ ကို လုပ်နေ ပါပြီ။ ဘယ်တော့ လွှတ်တင် ဖြစ်မယ် ဆိုတဲ့ အချိန် ကာလ အတိ အကျ ကိုတော့ မသတ်မှတ် ရသေး ဘူး။ အဲဒီ အတွက် အသေး စိတ် ညှိနှိုင်း မှု တွေ ဆက် လုပ် သွားရဦး မှာပါ” ဟု ပြောရေး ဆိုခွင့် ရှိသူ က ပြောသည်။
သဘာဝ ဘေး အန္တရာယ် များ ကို စောင့်ကြည့် မှု ပြုလုပ် နိုင်ရန် ရည်ရွယ် ၍ မြန်မာ နိုင်ငံမှ ကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင် ရန် စီစဉ် ရခြင်း ဖြစ်သော် လည်း ယင်း အတွက် ကုန်ကျ စရိတ် မှာ ကြီးမြင့် လွန်းသည့် အတွက် ရန်ပုံငွေ ရ ရှိအောင် ဆက်လက် ကြိုးပမ်း သွား ရဦး မည် ဖြစ်သည် ဟု ၎င်းက ဆို သည်။ “ကျွန်မ တို့ဆီ က လွှတ်တင် မယ့် ဂြိုဟ်တု ရဲ့ ကုန်ကျ စရိတ် ဟာ ထိုင်းက လွှတ်တင် တဲ့ ဂြိုဟ်တု ရဲ့ ကုန်ကျ စရိတ် ဝန်းကျင် ခန့် ရှိနိုင် တယ်” ဟု အဆိုပါ ဌာန ၏ တာဝန် ရှိသူ က ပြော သည်။ ထိုသို့ ဂြိုဟ်တု လွှတ်တင် နိုင်ရန် ဂျပန် နိုင်ငံမှ လိုအပ် သော နည်း ပညာများ ကို ကူညီ ဆောင်ရွက် ပေးသွား မည် ဖြစ်ပြီး မြန်မာ နိုင်ငံ ဖက်မှ လုပ်ဆောင် ရမည့် တာဝန် ကို ခွဲခြား သတ်မှတ် ထားသေး ခြင်း မရှိဘဲ ၎င်း တို့နှင့် ပူးပေါင်း ဆောင်ရွက် သွားရန် ရှိကြောင်း၊ ဂြိုဟ်တု အတွက် ပုံစံ ဒီဇိုင်း ရေးဆွဲမှု ကို လည်း ဂျပန် နိုင်ငံ မှပင် လုပ်ဆောင် ပေးသွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

မိုးလေဝသ နှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာန အနေ ဖြင့် ယခု လတ်တလော တွင် မြို့ကြီး သုံးမြို့ ၌ မုန်တိုင်း စောင့်ကြည့် ရေး ရေဒါ များ ကို တပ်ဆင် သွား ရန် ပြင်ဆင် ဆောင်ရွက် နေပြီး ယင်း အတွက် ကို လည်း ဂျပန် နိုင်ငံ ဖက်မှ ငွေကြေး စိုက်ထုတ် ကူညီ နေခြင်း ဖြစ်သည်။ ပထမ ဆုံး အနေဖြင့် ကျောက်ဖြူ တွင် စတင် တည်ဆောက် သွားမည် ဖြစ်ပြီး ဒုတိယ အဆင့် အနေ ဖြင့် ရန်ကုန် တွင် တပ်ဆင် ကာ မန္တလေး ၌ နောက်ဆုံး တပ်ဆင် သွားမည် ဖြစ်ကြောင်း ယင်း လုပ်ငန်း စဉ် ကို ၂၀၁၃ မှ ၂၀၁၇ အထိ တည်ဆောက် တပ်ဆင် ရေး ကာလ အဖြစ် သတ်မှတ် ထားပြီး ဂျပန် နိုင်ငံ မှ ပထမ အဆင့် အတွက် သန်း ၃၈၄၂ ပံ့ပိုး ကာ ဒုတိယ အကြိမ် တွင် အလို အလျောက် မိုးလေ ဝသ တိုင်းတာ ရေး ကိရိယာ အလုံး ၃၀ အတွက် သန်းပေါင်း ၄ ထောင်ကျော် ပေးအပ် သွားမည် ဟု သိရ သည်။

News Watch Weekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်