သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 14 October 2013

စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ညဥ့်အချိန်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

 



 ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ညဥ့်အချိန်တွင် အသေးစား လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းအနီးတွင် မပေါက်ကွဲသေးသော အခြားလက်လုပ်ဗုံးတစ်လုံး ထပ်မံတွေ့ရှိ ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်းရှိ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများနှင့် အင်းစိန်မြို့မ ရဲစခန်း တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်၏ နောက်ကျောဘက်ကပ်လျက် အောက်ခြေသမံတလင်းပေါ်တွင် ၃ လက်မခန့်၊ အကျယ် (၁) ပေပတ်လည်ခန့်ရှိ ချိုင့်ခွက်ဖြစ်ပွားကာ ခရီးသည် နားနေဆောင် အုတ်ကြွပ်အမိုး (၁၀)ချပ် ပြိုပျက်ခဲ့ပြီး ထိုင်ခုံအောက်ခြေတွင် ကပ်ထားသော ကျောက်ပြားများ ပျက်စီးသွားခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရသည်။

"ကျွန်မက ကျယ်လောင်တဲ့ ပေါက်ကွဲမှု အသံကြားပြီး ခဏအကြာမှာ ထွက်ကြည့်ဖြစ်တယ်။ ကားဘီးပေါက်တာ ထင်ပေမဲ့ ထွက်ကြည့်တဲ့ အခါကျတော့ ကားမှတ်တိုင်က အုတ်ခဲအပိုင်းအစတွေက ကျွန်မရဲ့ အိမ်ရှေ့ကို လွင့်စဉ်လာခဲ့တယ်။ ခဏကြာတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာတယ်" ဟု အဆိုပါ ကားမှတ်တိုင် အနောက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

ထို့အပြင် ပေါက်ကွဲသွားသော ဗုံးအပိုင်းအစများနှင့် မပေါက်ကွဲဘဲ တွေ့ရှိခဲ့သည့် အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိသော C4 အမျိုးအစား ယမ်းပါ ဒီတိုနစ်တာ၊ နှိုးစက်နာရီနှင့် ၀ိုင်ယာကြိုးများ တပ်ဆင်ထားသော လက်လုပ်မိုင်း တစ်လုံးကို စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် (၉၀၅)နှင့် အင်းစိန် စီအိုင်ဒီမှ ဗုံးအမျိုးစားကို သိရှိရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကို အင်းစိန်မြို့မ ရဲစခန်းက (ပ) ၁၀၉၁/၁၃ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့်ထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

https://www.facebook.com/ElevenMediaGroup

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်