သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 4 October 2013

ရခိုင် တစ်ပြည်နယ်လုံး လျှပ်စစ်မီးပေးရန် စီစဉ်ထားဟု နိုင်ငံတော် သမ္မတ ပြောကြား






ရန်ကုန် ၊ အောက်တိုဘာ ၃။ ။ ကျောက်ဖြူမြို့တွင် မဂ္ဂါဝပ် ၅၀ စက်သစ်တစ်လုံးတပ်ဆင်ကာ ရခိုင် တစ်ပြည်လုံးကို လျှပ်စစ်မီးပေးနိုင် ရန်စီစဉ်ထားသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ ကြောင်း စစ်တွေမြို့မိမြို့ဖများ ကပြောသည်။ အောက်တိုဘာ၂ ရက် နံနက် ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးရှိ လွှတ်တော်ခန်းမ၌ နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့အပါအဝင် စစ်တွေမြို့မိမြို့ဖများနှင့် တွေ့ ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေးအတွက် မဟာဓာတ် အားလိုင်းဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိသော်လည်း များမကြာမီ အချိန်အတွင်းတွင် ကျောက်ဖြူ မြို့၌ မဂ္ဂါဝပ်၅၀ စက်သစ်တစ်လုံး တပ်ဆင်၍ ယင်းစက် ဖြင့် ရခိုင် ပြည်နယ် ၁ရမြို့နယ်သို့ လျှပ်စစ် ဓာတ်အားသွယ်တန်းပေးသွားမည် ဖြစ်ပြီး ပိုလျှံသည့်လျှပ်စစ်ဓာတ် အားများကိုသာ ပြည်မဘက်သို့ ခွဲဝေပေးသွားမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသာပွင့် က ပြန်လည်ပြောသည်။

သို့သော် ကျောက်ဖြူတွင် တပ်ဆင်မည့်အဆိုပါ မဂ္ဂါဝပ် ၅၀ စက်သစ်ကို မည်သည့်အချိန်တွင် တပ်ဆင်၍ လုပ်ငန်းများစတင် ဆောင်ရွက်မည်ဆိုသည်ကို သမ္မတ က ရှင်းလင်းပြောကြားမှုမရှိခဲ့ ကြောင်း၊ ယင်းအပြင် အဆိုပါတွေ့ ဆုံပွဲသို့ တက်ရောက် လာသူများ အနေဖြင့်လည်း မည်သည့်အ ကြောင်းအရာများကိုမျှ သမ္မတ ထံတင်ပြဆွေးနွေးခွင့် မရရှိခဲ့ကြ ကြောင်း ယင်းတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သူများ၏ပြောပြချက် အရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိ စေရန်အတွက် မဟာဓာတ်အား လိုင်းများကို ပြည်-ဥသျှစ်ပင်မှ တစ်လိုင်းနှင့် မင်းဘူး-အမ်းမှတစ် လိုင်းတို့ဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိပြီး ယင်းသို့သွယ်တန်းမှု မှာ ၂၀၁၄ခုနှစ် အကုန်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း၊ ယင်းသို့ သွယ် တန်းပြီးပါက ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်မြို့ တော်လျှပ် စစ်ဓာတ် အားပေးရေးအဖွဲ့ရုံး၌ စက်တင် ဘာ ၂၈ရက်ကပြုလုပ်သော သ တင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားထားသည်။

မာန်ယုကျော် (ရွှေဝမြေ)

Yangon Media Group

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသော သမ္မတဦးသိန်းစိန် ဒေသခံပြည်သူများအား လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - သတင်းစဉ်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်