သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 4 October 2013

တွယ်ချိတ် တစ်ခု အမေရိကန်ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချခဲ့ရ






 တွယ်ချိတ် တစ်ခု အမေရိကန်ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချခဲ့ရ

တွယ်ချိတ် ( Safety Pin ) ကို ၁၈၂၅ ခုနှစ် က Walter Hunt အမည်ရ အမေရိကန် နိုင်ငံသား တီထွင် ပညာရှင် တစ်ဦးက တီထွင် ခဲ့တာ ဖြစ်ပါတယ်။

တီထွင်ပုံက ထူးဆန်း ပါတယ်။ Walter Hunt ဟာ အကြွေး ၁၅ ဒေါ်လာ ရှိနေပြီး ပြန်ဆပ်ဖို့ ခဲ ယဉ်း နေပါတယ်။ ဒါကြောင့် ၁၅ ဒေါ်လာ အချိန်တို တွင်း ဘယ်လို ရနိုင်တယ် ဆိုတာကို ခန့်မှန်း ရင်း အိမ်မှာ ရှိတဲ့ သံတို သံစတွေနဲ့ ပစ္စည်း တစ်ခု စမ်း လုပ်ပါတယ်။ စပရင် သေးသေးလေး ကြား ညပ်ပြီး သံတိုလေး ကွေးပြီး ဆက်လိုက် တဲ့အခါ လိုရာ တွယ်ချိတ် လို့ရတယ့် ပင် တစ်ချောင်း ဖြစ် လာ ပါတယ်။ သူ့ကို Safety Pin လို့ နာမည်ပေးပါတယ်။

တီထွင်ပြီး ၁၈၂၅ ဆိုပေ မယ့် မူပိုင်ခွင့် ဥပဒေ တို့ အမေရိကန် မှာ အခိုင်အမာ ရှိပါတယ်။ ဒါကြောင့် တီထွင်သူ Walter Hunt ဟာ သူ့ရဲ့ ဖန်တီးချက် ကို မှတ်ပုံတင် မူပိုင် ယူပြီး Simple တစ်ခု စတင် ထုတ်လုပ် ပါတယ်။ သူ စတင် ထုတ်လုပ် လိုက်တဲ့ တွယ်ချိတ် ( Safety pin) ကို အမေရိကန်ေ ဒ်ါလာ ၄၀၀ နဲ့ ရောင်းချ ခဲ့ပါတယ်။ Safety Pin တင် မကပဲ အဝတ်အထည် နှင့် အထည် ချုပ် လုပ် န်း အတွက် အသုံးဝင်တဲ့ စက် ပစ္စည်း တော်တော် များများ ကို Walter Hunt က တီ ထွင် ပေးနိုင် ခဲ့ပါတယ်။

ပြီးတော့ သူစတင် ရောင်းချတဲ့ Safety Pin ဟာ အမေရိကန် ဒေါ်လာ ၄၀၀ တန် ခဲ့ဖူးတာ ဟာ လည်း သမိုင်းတွင် ခဲ့ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်