သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 19 October 2013

တရုတ်နိုင်ငံတွင် ၀က်သားများကို ဟာလာလ် အမဲသားအဖြစ် လိမ်လည်ရောင်းချသူများ ဖမ်းဆီး


 အောက်တိုဘာ၊ ၁၉
M-Media


တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် ဇီယန်မြို့တွင် ဟလာလ် အမဲသားများ ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း ၀က်သား ကီလို ၂သောင်းအား တွေ့ရှိခဲ့သည်ဟု တရုတ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုဝက်သားများအား ဖယောင်း၊ စက်ရုံသုံး ဆားများနှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုကာ အမဲသားနှင့် တူညီအောင်ပြုလုပ်ကြပြီး ဒေသအတွင်းတွင် ကီလို (၂၀၀၀) ကျော်ခန့်ရောင်းချပြီးဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် Want China Times သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုစက်ရုံမှာ ညဘက်တွင် ၀က်သားများအားတင်သွင်းကာ အမဲသားများကဲ့သို့ပြုပြင်ပြီး နောက်တစ်နေ့ နံနက်တွင်ရောင်းချကြသည်ဟု ဖော်ပြထားသည်။ ထိုသတင်းက ဟာလာလ် အမဲသားအမှတ်ဖြင့် ၀ယ်ယူစားသုံးခဲ့သည့် ဇီယန်ဒေသတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

အစ္စလာမ်သာသနာက ၀က်သားအပါအ၀င် အချို့သော အစားအသောက်အချို့ကို စားသုံးခြင်း မပြုရန် တားမြစ်ထားသည်။

ထိုကဲ့သို့သော လိမ်ညာဆောင်ရွက်မှုများမှာ တရုတ်နိုင်ငံတွင်အဖြစ်များပြီး ယခုနှစ်အစောပိုင်းက အစားအသောက် လိမ်လည်မှုများနှင့်ပက်သက်၍ လူ ၉၀၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု Medical Daily သတင်းစာက ဖော်ပြခဲ့သည်။

Ref: World Bulletin

M-Media Website တွင် ဖတ်ရန် >>http://www.m-mediagroup.com/news/19414 

M-Media

1 comment:

  1. အဲဒီလိုဖမ်းတာမိုဟာမက်အောင်နက်တို့က တယ်ပြီးကြိုက်ကြမယ်မထင်ဘူး
    ဝက်သားကောင်းမှန်း.အလာရှင်ဂုတ်ကျားတို့ သိသွားတော့ နောက်ဆို
    ဝက်ကို ဟာလာလုပ်စားမှာ..စိတ်ချ ဖမ်းထားတဲ့ကောင်တွေကို ပြန်သာလွှတ်လိုက်ပါ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်