သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 19 October 2013

လှိုင်မြစ်အတွင်း ကျောက်ချရပ်ထား ငါးဖမ်းသင်္ဘောများပေါ်မှ ခိုးယူသူ (၂)ဦးအား စစ်ဆေးရာ ခိုးမှု ၆ မှု ပေါ်



ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်
ထားကြောင်း သတင်းရရှိသော မြင့်စန်း(ခ)ဂျီပု(ဘ)ဦးပု၊ ဆိပ်ကြီး
ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူအား ၂.၁၀.၂၀၁၃ ရက်နေ့
၂၃၅၀ အချိန်တွင်လည်း ကောင်း၊ချစ်ကို(ခ)ဂျပု(ခ)စည်သူဝင်း
(ဘ)ဦးကျင်သိန်း၊ ဆိပ်ကြီးရပ်ကွက်၊ ကြည့်မြင်တိုင်နေသူအား
၆.၁၀.၂၀၁၃ ရက်နေ့ ၁၇၅၀ အချိန်တွင်လည်းကောင်း ဖမ်းဆီး
ရမိသဖြင့် ရီမန်ယူစစ်ဆေးခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရရှိသူ (၂)ဦးအား စစ်ဆေးရာ ၄င်းတို့(၂)ဦးသည်
ကြည်ဌေးနှင့်အတူ ၂၀၁၃ ခုနှစ်၊ လ၊ ရက် မမှတ်မိနေ့ ညတွင် လှိုင်မြစ်အတွင်း ကျောက်ချရပ်ထားသော သစ်လုံးတင်သင်္ဘောပေါ်
မှ JLM-125 ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်
သဖြင့်ဆိပ်ကမ်းမြို့မရဲစခန်း(ပ)၂၇၃/၂၀၁၃၊ပုဒ်မ၃၈၀/၅၄ ဖြင့်လည်း
ကောင်း၊ ၂၀၁၃ခုနှစ်၊ လ၊ ရက် မမှတ်မိနေ့ ညတွင်လှိုင်မြစ်အတွင်း
ကျောက်ချရပ်ထားသော ငါးဖမ်းသင်္ဘောပေါ်မှ ငါးဖမ်းပိုက်(၃)ထုပ်
နှင့် ပုဇွန်ဖမ်းပိုက်(၁)ထုပ်၊ ပိဿာ ၃၀ခန့်ရှိ ကြိုး (၁)ခွေနှင့် ၇ ပိဿာခန့်ရှိ
ကြိုးခွေ (၁) ခွေတို့အား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်
ဆိပ်ကမ်းမြို့မ ရဲစခန်း (ပ)၂၇၄/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့်
ထားရှိပါသည်။

ဖမ်းဆီးရမိသူ (၂)ဦးသည် ကြည်ဋ္ဌေးနှင့်အတူ ၂၀၁၂ ခုနှစ်၊ လ၊ ရက်
မမှတ်မိနေ့ညတွင် လှိုင်မြစ်အတွင်း ကျောက်ချရပ်ထားသော ငါးဖမ်း
သင်္ဘောများပေါ်မှ ငါးဖမ်းပိုက်မျိုးစုံ(၉)ထုပ်နှင့် ၁၅ ပိဿာခန့်ရှိ ကြိုး
(၁)ခွေအား လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ လ၊ ရက် မမှတ်မိနေ့ည
တွင်ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးဘောတံတားနှင့်ဗဟိုစံပြငါးဈေး
ဘောတံတားအနီး လှိုင်မြစ်အတွင်း ကျောက်ချရန် ထားသောလှိုင်မြစ်
အတွင်းသင်္ဘောများပေါ်မှ CHINA 2012-4 DTအမျိုးအစားအနက်
ရောင်ဆိုင်ကယ် (၁)စီးနှင့် ဘက္ထရီအိုး (၅)လုံးအား ၄င်းတို့ပိုင်
စက်လှေဖြင့် ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့်ဆိပ်ကမ်း
မြို့မရဲစခန်း(ပ)၂၇၅/၂၀၁၃၊ ၂၇၆/၂၀၁၃၊ ၂၇၇/၂၀၁၃ ပုဒ်မ
၃၈၀/၅၄ ဖြင့် အမှုဖွင့် ထားရှိပါသည်။

၎င်းတို့ (၂)ဦးအား ဆက်လက်စစ်ဆေးရာတွင် ကြည်ဌေး၊စိုင်းလင်း
ဇော်၊ အောင်နိုင်တို့နှင့်အတူ ၂၀၁၃ ခုနှစ်၊ ၉ လပိုင်း ရက်မမှတ်မိနေ့
ညတွင် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ လှိုင်မြစ်အနီးတွင် ချထား
သော ကွန်တိန်နာဘောက်အား သော့ဖျက်ကာ အတွင်းမှ ဘက္ထရီအိုး
အကြီး(၄)လုံး၊ (၈)ပေခန့်ရှိ ငါးမူးလုံးသံချောင်း ၂၀၀ ခန့်၊ မီးကြိုးပါကင်
(၁)ခွေ၊ ကျောက်စက်အသေး (၁)လုံး၊ ဆိုဒ်စုံ ဂွင်၊ ဂွ (၁)ပုံး၊ လေအေး
ပေးစက် (၁)လုံး၊ ရေစုပ်ပန့်တွဲလျက်ရေစုပ်စက်(၁)လုံးတို့အား ၄င်းတို့
ပိုင်စက်လှေဖြင့်သွားရောက်ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်
ပြန်လည်သိမ်းဆည်းပြီး အလုံမြို့မရဲစခန်း(ပ)၂၇၃/၂၀၁၃၊ ပုဒ်မ
၃၈၀/၅၄ ဖြင့် အမှုဖွင့်ထားရှိပါသည်။

ဖမ်းဆီးရမိသူ ၂ ဦးအား အခြားခိုးမှုများနှင့် ဆက်လက်စစ်ဆေးလျက်
ရှိပြီး ကြည်ဌေး၊ စိုင်းလင်းဇော်၊ အောင်နိုင်တို့အား ဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက်လျရှိကြောင်း သတင်းရရှိပါသည်။ 


Yangon Police

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်