သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 14 October 2013

တာမွေမြို့နယ်တွင် (၁၀၀၀)ကျပ်တန်ငွေစက္ကူ အတုများဖမ်းဆီးရမိ


 ရန်ကုန်၊ အောက်တိုဘာ ၁၄


၁၂.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့် ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၂)ရွက်အားလည်းကောင်း၊ ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့်အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား တောင်ဥက္ကလာမြို့နယ်နေသူ မျိုးသူရထံမှ ငွေကျပ်(၄)သိန်းဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းနှင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်ရှိ
နေအိမ်တွင် ငွေစက္ကူအတုများ ထပ်မံသိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေ သိမ်းဆည်းခဲ့ရာ ထင်းရှူးသေတ္တာထဲတွင် အနက်ရောင် ကြွပ်ကြွပ်အိတ်နှင့် ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ (၁၀၀၀)ကျပ်တန်
(အသေး) ငွေစက္ကူအတု (၁၉၉၇)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၅၁/၂၀၁၃၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အမှုအား မှုခင်းတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး ကွင်းဆက်တရားခံ မျိုးသူရနှင့် ခင်ဇော်ဦးတို့အား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၀၀၀)ကျပ်တန် ငွေစက္ကူအတု (၂၆၃၄)ရွက်၊စုစုပေါင်း (၅၀၄၃)ရွက်၊ သိန်း(၅၀)ကျော်နှင့် ငွေတုလုပ်သည့် ကာလာပရင်တာ(၂)လုံး၊ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

https://www.facebook.com/yangonpolice 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်