သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 13 February 2013

ထူခြားသည့် မင်္ဂလာပွဲကျင်းပလိုသူ မလေးရှားမင်းသမီး မီချဲလ်ယို




မလေးရှားမင်းသမီးချော ဒါတောက်ခ် ဆီရီမီချဲလ်ယိုသည် သူမ၏ ဇာတိမြို့လေးတွင် မင်္ဂလာပွဲကို
ဆင်နွဲလိုကြောင်း သတင်းများထွက်ပ်ါလာပြီးနောက် မီချဲလ်၏ သတင်းများအား အွန်လိုင်းတွင်ပရိသတ်များက
အထူးစိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရသည်။ မီချဲလ်က မိမိ၏မင်္ဂလာပွဲအတွက် ထူးခြားအောင် မည်ကဲ့သို့
ပြင်ဆင်ရမည်ကို စဉ်းစားလျှက်ရှိကြောင်း ၊ မိမိ၏ မင်္ဂလာပွဲအား ပြည်ပသို့သွားလာရန်ခက်ခဲသည့် သူမ၏
ဖခင်ကြီးနေထိုင်လျှက်ရှိသော အိုင်ပို့ခ်ျတွင် ကျင်းပလိုကြောင်းပြောကြားခဲ့သည်။

မီချဲလ်သည် အဆိုပါ သတင်းနှင့် ပတ်သက်၍ Pad Yatar:Agreen Odys-Sey ဇာတ်ကား ပွဲဦးထွက်
ပြသခြင်းအခန်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၄င်းဇာတ်ကားကို မီချဲလ်ကိုယ်တိုင်
ထုတ်လုပ်သူအဖြစ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ ၄င်းဇာတ်ကားသည် မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်း
တစ်ခုဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုနှင့် ဆက်စပ်လျှက်ရှိသော ရာသီဥတုဆိုးရွားမှုကြောင့် ပျက်စီးခဲ့ရသော ရေခဲ
တောင်ဒေသကို ကယ်တင်နိုင်ရန်ဟိမ၀န္တာတောင်ကို ခြေကျင်ခရီးဖြင့်နှင်ခဲ့သော စွန့်စားလူ ၇၀၀ ဦးပါဝင်သည့်
အဖွဲ့တစ်ဖွဲ့၏စွန့်စားခန်းကို ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ မီချဲလ်သည် ၂၀၀၅ ခုနှစ်ကတည်းက နိုင်ငံတကာ
ကား ထုတ်လုပ်ရေးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၇ နှစ် အရွယ်ရှိ Jean Todt နှင့်စေ့စပ်ထားကြောင်း
သိရသည်။မီချဲလ်ယိုသည် လက်ရှိတွင် မလေးရှားနိုင်ငံ၌နေထိုင်သူ မဟုတ်ဟုသိရသည်။http://www.myanmardailynews.org/2013/02/blog-post_7061.html

NEW BY : Myanmar Daily New

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်