သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 26 February 2013

အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်


 
by Yangon Chronicle on Tuesday, February 26, 2013 at 2:31pm

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)

တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့် ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု သိရှိရသည်။


မော်တော်ယဉ်သုံးစီးအတွင်းမှ မူးယစ်ဆေးဝါးများကို ပါလယ်မြို့တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး၊ ဗိုလ်မှူးကြီး အေဂျေးချောင်ဒရီ၊
သူ၏ လက်ထောက် အာကေဘာဘလူး၊ လက်ထောက် မန်နေဂျာ ဘရိုဂျင်ဒရိုဆင်း တို့နှင့် အခြားသုံးဦးတို့ကို ဖမ်းဆီးထားကြောင်း အင်ဖားမှ ပြည်နယ်ရဲတပ်ဖွဲ့ကပြောကြားသည်။

“ဗိုလ်မှူးကြီး ချောင်ဒရီနဲ့ အခြားသူငါးဦးကို ဒီနေ့မနက်ပဲ မဏိပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အခုလို ပစ္စည်းတွေနဲ့အတူ
ဖမ်းဆီးရမိတာ ကို ကျွန်တော်တို့ တအံ့တသြယုံကြည်လိုက်ရပါတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျာဒစ်
ဒါဟီဗာ ကဒေလီ တွင်ပြောကြားလိုက်ပါသည်။

အကယ်၍ ထိုအမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရပါက မည်သူကိုမဆိုစည်းကမ်းအတိုင်း တင်းတင်းကြပ်ကြပ်အရေးယူ
ဆောင်ရွက်သွားမည်ဟု အိန္ဒိယစစ်ဖက်က ကတိပေးထားသည်။

“တကယ်လို့ ဒီနယ်မြေရဲ့ဥပဒေအတိုင်း သူ့မှာ အပြစ်ရှိကြောင်းတွေ့ ရှိတယ်ဆိုရင် တိကျတဲ့စည်းကမ်း အတိုင်းသူ့ကို အရေးယူဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော်တို့အလေး ထားပြီး ပြောချင်ပါတယ်။ ကျွန်တော်တို့ဆီကို တရားဝင်အကြောင်းကြား လာတဲ့အခါ ကျွန်တော်တို့လည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒါဟီဗာ ကပြောကြားသည်။

၎င်းတို့ခြောက်ဦးကို အင်ဖားမှ ၄၅ ကီလိုမီတာဝေးသော ပါလယ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း နှင့် အမှုကိုစာရင်းသွင်း မှတ်ပုံတင်ထားပြီးဖြစ်၍ သိုဘယ်ခရိုင် ကက်ရှင် ရဲစခန်းသို့၎င်းတို့ကိုပို့ဆောင်မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့ကပြောကြားပါသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများတွင် Respifed၊ Omkop၊ Hilcold၊ Polyfed နှင့် Actidin ဆေးပြားများ ပါဝင်ပြီး ရူပီးငွေ ၁၅ ကုဋေခန့်တန်ဖိုးရှိကြောင်းနှင့် ပြည်နယ်တွင်းအကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။

Photo Credit: Online

Posted From Yangon Chronicle

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်