သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 27 May 2013

မြောက်ကိုးရီးယား၏ ဆွေးနွေးပွဲဖြစ်မြောက်ရေး တောင်းဆိုမှုကို တောင်ကိုးရီးယားငြင်းဆို



Re-post By ACM 27-5-2013

တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးယွန်ဗြောင်ဆေးက မြောက်ကိုးရီးယား၏

 နျူကလီးယားပယ်ရှားရေးဆွေးနွေးပွဲ ပြန်စရန်တောင်းဆိုမှုကို မြောက်ကိုးရီးယားတို့၏ ရိုးသားမှုသက်သေကို ကြည့်ရှုရန် ပထမဆုံးလိုအပ်ကြောင်း ပြောကြား ကာ ယနေ့ပယ်ချလိုက်သည်။


“ကျွန်တော်တို့ကတော့ ဆွေးနွေးပွဲလုပ်ဖို့ ဆွေးနွေးရတယ်ဆိုတာ မရှိသင့်ဘူး” ဟု မစ္စတာယွန်က သမ္မတပါခ့်ဂွန်ဟီး အစိုးရသစ် တက်လာပြီး ချိန်မှစ၍ ၎င်း၏ပထမဆုံး သတင်းထောက်များနှင့် တွေ့ဆုံပွဲလုပ်စဉ် ပြောကြားသည်။

“ခုအရေးကြီးတာကတော့ မြောက်ကိုးရီးယားဘက်က သူတို့ရဲ့အတိတ်ကာလ နျူကလီးယား ရှင်းလင်းရေး လုပ်ဆောင်မှု တွေကို ပြန်လည်ဖြေ ရှင်းပြခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့ရဲ့ရိုးသားမှုကို ပြသရပါမယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ယခု တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များသည် တရုတ်နိုင်ငံသို့ ခေါင်းဆောင်ကင်ဂျူံအန်၏ ကိုယ်ရေး ကိုယ်တာ စာတစ်စောင်ကို တရုတ်သမ္မတထံ ပို့ပေးခဲ့သည့် မြောက်ကိုးရီးယားမှ အထူးသံတမန်သွားရောက်ပြီးချိန်တွင် ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာက ၎င်းစာတွင် နျူကလီးယားရှင်းလင်းရေးအတွက်ပြုလုပ်သည့် အချိန်ကြာမြင့်စွာ ရပ်နား ထားခဲ့ ရပြီးဖြစ်သော ခြောက်ပါတီဆွေးနွေး ပွဲကို ပြန်စရန် မြောက်ကိုးရီးယားတို့ ဆန္ဒရှိကြောင်းပါရှိသည်ဟု ဖော်ပြထားသည်။

၎င်းထုတ်ပြန်မှုကို တောင်ကိုးရီးယားဘက်မှ လေ့လာသူများက စစ်မှန်သောရည်ရွယ်ချက်ဟုမသတ်မှတ်ဘဲ မဟာမိတ် ကြီးဖြစ်သည့် တရုတ် နိုင်ငံ ကျေနပ်စေရေးအတွက် အားထုတ်လုပ်ဆောင်ထားကြောင်း ဆိုကြသည်။

မြောက်ကိုးရီးယားဘက်က ၎င်းတို့၏အစီအစဉ်များသည် နျူကလီးယားတားမြစ်ရန်အတွက်သာဖြစ်ကာ စေ့စပ်ညှိနှိုင်းရန် မဟုတ်ကြောင်း ထပ် တလဲလဲကြေညာခဲ့သည်။

ယခုအခါ ဆိုးလ်နှင့် ဝါရှင်တန်အစိုးရနှစ်ခုလုံးက ပုံမှန်
 ဆွေးနွေးပွဲများစတင်နိုင်ရန်ဆိုလျှင် မြောက်ကိုးရီးယားသည် နျူကလီးယားလက်နက်စွန့်လွှတ်ကြောင်း
 သေချာပြသပေးရမည်ဖြစ်ကြောင်း တိုက်တွန်းနေကြသည်။

“မြောက်ကိုးရီးယားဟာ သူတို့ရဲ့လုပ်ဆောင်မှုတိုင်းမှာ ရိုးသားမှုကိုပြသဖို့လိုအပ်နေတယ်” ဟု မစ္စတာယွန်က ဆိုသည်။ ဆက်လက်၍ လက်ရှိ အရိပ်အယောင် များသည် မြောက်ကိုးရီးယား ဆန့်ကျင်ဘက်အရပ်သို့သွားရောက်နေပြီး နျူကလီးယားလက်နက်ကို တိုးချဲ့နေကြောင်း ဆို သည်။

မြောက်ကိုးရီးယားနိုင်ငံပိုင်မီဒီယာတွင် မြောက်ကိုးရီးယားအထူးသံအမတ်၏ တရုတ်ခရီးစဉ်တွင် ဆွေးနွေးလိုကြောင်း တင်ပြ ခဲ့သည့် အကြောင်း မည်သည်ကိုမျှ မဖော်ပြထားပေ။

တရုတ်သမ္မတထံပေးအပ်သည့် စာအကြောင်းပြောရာတွင် ပြုံးယမ်းအစိုးရပိုင်

 ကိုးရီးယားဗဟိုသတင်းအေဂျင်စီက တရုတ် နှင့် မြောက်ကိုးရီး ယားကြား ပုံမှန်ဆက်ဆံရေးကို နက်ရှိုင်းလာစေရန်ရည်ရွယ်ချက်ကို ပို့ဆောင်ပေးရုံသာဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ အဓိကစီးပွားရေးရာကျေးဇူးရှိပြီး

 သံတမန်ရေးရာကာကွယ်သူဖြစ်သော်လည်း ဖေဖော်ဝါရီ နျူကလီး ယားစမ်းသပ်မှုကြောင့် ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများကိုလုပ်ဆောင်ရန် အရိပ်အယောင် များပြခဲ့ သည်။

တောင်ကိုးရီးယားမှ ပေါင်းစည်းရေးဝန်ကြီးဌာနက

 မြောက်ကိုးရီးယားသည် ၎င်းတို့လိုချင်သောဦးတည်ချက်ကို ဖြောင့်တန်း စွာထားရန် လိုအပ်ကြောင်း ပြောကြားသည်။

“အကယ်၍ မြောက်ကိုးရီးယားသာစစ်မှန်တဲ့ ဆွေးနွေးမှုကိုလိုရင် ပထမအဆင့်လုပ်ရမှာကတော့ ကျွန်တော်တို့တွေ ထပ်တလဲလဲပြောနေတဲ့ ကေဆောင်စက်မှုဇုန်အရေးနဲ့ ပတ်သက်တဲ့ အစိုးရချင်း အလုပ်ဖြစ်တဲ့အဆင့် ဆွေးနွေးပွဲကို ပြန်လုပ်ဆောင်ရမယ်ဆိုတာပါဘဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ကင်ဟွန်ဆော့က ဆိုသည်။

မကြာမီက မြောက်ကိုးရီးယားဘက်မှ စက်မှုဖုန်အတွင်းသို့ တောင်ကိုးရီးယားဘက်မှ လာရောက်ခြင်းကိုပိတ်ပင်ထားပြီး ဧပြီလအတွင်း အလုပ် သမားအကုန်ကို စက်မှုဇုန်မှ ထွက်ခွာစေခဲ့ရာ နောက်ဆုံးအသုတ်သည် ယခုလအစောပိုင်းတွင် ထွက်ခွာခဲ့သည်။

တောင်ကိုးရီးယားက ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ကုန်ဈေးကွက်ကို မပျောက်ပျက်စေရန် ဆွေးနွေးပွဲပြုလုပ်ရေး တောင်းဆိုခဲ့သော်လည်း မြောက်ကိုးရီးယားဘက်မှ လက်မခံခဲ့ပေ။

ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုးရီးယားဘက်မှ မကြာသေးမီက တောင်ကိုးရီးယားသမ္မတအား ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ကိုလည်း ဝေဖန်ခဲ့သည်။

“ကိုးရီးယားနှစ်နိုင်ငံဆက်ဆံရေးအတွက်ဆိုရင် မြောက်ကိုးရီးယားဘက်က သူတို့ကိုယ်သူတို့ ထိန်းထားဖို့လိုမယ်၊ ပြီးတော့ဒီနိုင်ငံမှာ ပြောဖို့ မကောင်းတဲ့ မှတ်ချက်စကားတွေကို ချက်ချင်းရပ်ဖို့လိုတယ်” ဟု မစ္စတာ ကင် ကသတင်း ထောက် များကို ပြောကြားသည်။

မြန်မာ့ ခေတ်-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်