သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 30 May 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ ခိုးမှုတရားခံ ဖော်ထုတ်ဖမ်းဆီး


 
 
၈.၅.၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊
(၁၁)ရပ်ကွက်၊ အနော်ရထာလမ်းနေ ဒေါ်ခင်စန်းဝင်း သည် ရွှေ၊ငွေများထည့်ထားသည့် လက်ကိုင်အိတ်အား အိပ်ယာဘေးတွင်ထား၍ အိပ်ခဲ့ရာမှ ၉.၅.၂၀၁၃ ရက်နေ့
၀၅၀၀ အချိန် နေအိမ်နောက်ဖေးတံခါးပွင့်နေသည်ကိုတွေ့ရှိရသဖြင့် လက်ကိုင်အိတ်အားစစ်ဆေးကြည့်ရာ 
 
အတွင်းမှ ရွှေ၊ငွေပစ္စည်း
စုစုပေါင်း တန်ဘိုး ၃၈၃၀၀၀၀ိ/- ကျပ်ခန့် ပျောက်ဆုံးနေသည်ကို
တွေ့ရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့၍
သောင်ကြီးနယ်မြေရဲစခန်း (ပ) ၂၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျော်ဇော်သတင်းရှိသူ မသင်္ကာ တရားခံ မျိုးကို(ခ)မျိုးကြီး၊ (ဘ)ဦးစန်းလွင်၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာနေသူနှင့် သိဒ္ဓိအောင် (ခ)ဟန်ဇော်ထွန်း၊ (ဘ)ဦးဝင်းမောင်၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့အား
၂၉..၅.၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးရာ မျိုးကို(ခ)မျိုးကြီးမှ
ခိုးယူခဲ့ပြီး သဒ္ဓိအောင် (ခ)ဟန်ဇော်ထွန်းမှ ထုခွဲရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများ
ပြန်လည်သိမ်းဆည်းရမိပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်