သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 31 May 2013

၁၉ နှစ် ထောင်ကျခဲ့တဲ့မိခင်ကို သားက ကယ်ထုတ်နိုင်ပြီ



ကြေကွဲစရာဖြစ်ရပ်မှာ ကြိုးစားမှုရဲ့ ရလဒ်ကို မြင်လိုက်ရတဲ့အတွက်
ထောင်မှာ မွေးဖွားခဲ့သူ ကန်ဟေယာ ကုမာရီက အင်မတန်ဝမ်းသာခဲ့ ရတယ်လို့ ပြောပါတယ်။
ဒီဇာတ်လမ်းကတော့ လူမသိလိုက်တဲ့ ၁၉ နှစ်ကြာဖြစ်ရပ်ပါ။

ဗီဂျာယာ ကုမာရီကို လူသတ်မှုနဲ့ တရားစွဲပြီး ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။ သူက အပစ်မရှိကြောင်း ငြင်းဆိုခဲ့တဲ့အတွက် ၁၉၉၄ ခုနှစ်မှာ အာမခံပေးခဲ့ပါတယ်။ ဒါပေမဲ့ အာမခံပေးဖို့ ငွေလည်းမရှိ၊ ခင်ပွန်းဖြစ်သူကလည်း မရွေးပေးခဲ့တဲ့ အတွက် ဗီဂျာယာဟာ ထောင်ထဲမှပဲ ၁၉ နှစ်ကြာ နေခဲ့ရတာပါ။ သူ့ကို ထောင်ချတဲ့အချိန်က ကိုယ်ဝန် ၅ လရှိပြီး သားဖြစ်သူ ကန်ဟေယာကို ထောင်ထဲမှပဲ မွေးဖွားခဲ့ပါတယ်။ ကလေး ၆ နှစ်သားမှာ မိခင်နဲ့ ခွဲပြီး ကလေးစခန်းကိုပို့၊ အဲဒီမှာ ရ နှစ်ကြာ နေခဲ့ရပြီး သူ့ကို ပြန်လွှတ်လိုက်ပါတယ်။ မိခင်ကလွဲလို့ သူ့ဘ၀မှာ ဘယ်သူတဦး တယောက်မှ မရှိခဲ့ဘူးလို့ သားဖြစ်သူ ကန်ဟေယာက ပြောပါတယ်။

သူဟာ အပြင်ရောက်တာနဲ့ အလုပ်ရှာခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်ရတော့ နေ့ရောညပါ အလုပ်လုပ်ပြီး မိခင်ကို အာမခံကြေးပေး ထုတ်နိုင်ဖို့ ငွေစုခဲ့ရာမှာ အခု ငွေပြည့်သွားတဲ့အတွက် မိခင်ကို
ထုတ်လာနိုင်ပါပြီ။

အိန္ဒိယနိုင်ငံက တရားရေးစနစ်ဟာ ကြန့်ကြာလွန်းပြီး အခုလို အာမခံကြေး မပေးနိုင်လို့ ထောင်ကျခံနေရသူ အများအပြားပါပဲ။ တချို့အမှုတွေ ဆိုရင်လည်း စစ်ဆေးမှုမရှိပဲ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်လေ့ရှိတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ ဒီအမှုကိစ္စ ပေါ်ထွက်လာချိန်မှာ အူတာပရာဒက်ရှိ တရားရုံးက ဒီလိုအလားတူ အာမခံမပေးနိုင်လို့ ထောင်ကျနေတဲ့ အမှုမျိုး ဘယ်နှစ်မှုရှိသလဲဆိုတာကို
ပြန်လည် စစ်ဆေးခိုင်းနေပြီလို့ သိရပါတယ်။

ကုမာရီအမှုမှာ အာမခံကြေးမတင်နိုင်လို့ ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရတဲ့ အာမခံကြေးကတော့ ရူပီး ၅၀၀၀ (အမေရိကန် ဒေါ်လာ ၁၆၀) ဖြစ်တယ်လို့ သိရပါတယ်။ Z
please share, do not copy.

source: http://www.cnn.com/2013/05/30/world/asia/india-bail/index.html?hpt=hp_t1

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်