သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Sunday 9 September 2012
မြန်မာပြည်မှအင်တာနက်ဆိုင်တွင်တွေ့ မိသောလူငယ်အတော်များများ၊
ဘလောက်ရေးတယ်ဆိုပြီး နေရာတစ်ကာမှာ ဆရာကြီးလိုက်လုပ်ပြီးပြောတာမဟုတ်ပါဘူး
တစ်လောက မြန်မာပြည်ကို ကိစ္စတစ်ခုကြောင့်  ခေတ္တမြန်မာပြည်ကိုပြန်ရောက်လာတယ်.
အီးမေးလ်  တစ်စောင်လာလို့  အင်တာနက်ဆိုင်ကို သွားယင်း ၊လိုင်းကတော့  အတော်လေးနှေးပါတယ်
မြန်မာတစ်နိုင်ငံလုံးလိုနီးပါးပါဘဲ နည်းပညာတိုးတက်မှု့  နောက်ကျနေလို့ ပဲခံယူမိတယ်
ဘေးနားက ထိုင်ခုံတွေမှာရော မိမိအရှေ့ အနောက် ကြည့် လိုက်ထာ အတော်လေး စိတ်ညစ်စရာ
မြင်တွေ့ လိုက်ရပြီး စိတ်ထဲမကောင်းခဲ့ ဘူး၊
အကုန်လုံးနီးပါး ဂျီတောလ်မှာ ချက်တင်တွေနဲ့ ၊ဖေ့ စ်ဘုတ်ချက်တင်တွေ၊ကွန်ပျုတာနက်ဝပ်ဂိန်းတွေနဲ့ 
ပျော်မြူး နစ်မျောနေကြတယ် ၊တစ်ချို့ ဆို တစ်ကယ်ပဲ မိမိကိုယ်တိုင် ဝင်တိုက်နေတဲ့ အတိုင်းပဲ
စိတ်လိုက်မန်ပါကြီးဖြစ်ပြီး ဆူညံပေါက်ကွဲနေလိုက်ကြတယ်၊
ပြန်သွားရတော့ သည်၊
တစ်ချို့ မိန်းခလေးနဲ့  ယောက်ကျားလေး အပေါင်းပါအဖွဲ့ ၊ အွန်လိုင်း ငါးဖမ်းသော လူတွေလည်းရှိသည်
ဂျီတောလ်နာမည် လှလှကလေးနဲ့  အကောင့် လုပ်ထားပြီး အွန်လိုင်းပေါ်တွင် မိန်းခလေးပုံလှလှကလေးနဲ့ 
သေသပ်စွာတင်ထားသည် တစ်ချို့ ဆိုယင် ဂျီတောလ်မှာ ပုံကလေးနဲ့ တွဲပြီး (အကောင့် ပိုင်ရှင်သည်
ဂျီတောလ်ကို ကောင်းစွာ သဘောမပေါက်နားမလည်သော သူဖြစ်ပါ၍ အမှားယွင်းစာသားများပါခဲ့ ယင်
ခွင့် လွတ်ပါရှင်တဲ့ )ယာဉ်ကျေးစွာနဲ့  ရေးထားလိုက်ထာ၊တစ်ကယ်တော့ ၊ဒီလူဟာ မြန်မာစာဇော်ဂျီ
ဖောင့် ကို ဂျွမ်းပြစ်နေအောင် လက်ကွက်ကျွမ်းတဲ့ လူပါ၊
အဖွဲ့ လိုက်သားကောင်ရှာပြီး၊ ရပြီဆိုယင် VZO တို့  SKYPE တို့ နဲ့ ရုပ်ပြချက်ပြီး ငွေစတင်ဖန်တော့ တာပဲ
အများဆုံးထိတာကတော့  မလေးရှား ထိုင်း စင်္ကာပူက ၊အညာသားတွေ တောမကျမြို့ မကျ၊ကောင်တွေ
ထိတော့တာပဲ။အကြောင်းပြပြီး ပိုက်ဆံတွေလှမ်းတောင်း ချွဲပြ နွဲ့ ပြ၊နည်းမျိုးစုံလုပ်ဇတ်ခင်း
သေချာစဉ်းစားကြည့် တော့  ဘယ်ပုဒ်မ တို့ နဲ့ မှ ၊လက်ပူးလက်ကြပ် တရားစွဲလို့ မရတဲ့ 
ဖိုးတွမ်တီး နည်းပဲ* ခရက်တစ်အကောင့် ဟတ်ပြီးပိုက်ဆံခိုးနည်းထက်တောင်ကောင်းနေတယ်*
တစ်ကယ်တော့  ...
အင်တာနက် ဆိုင်ထဲကို ဝင်ထိုင်ပြီိဆိုတာနဲ့  အင်တာနက်လိုင်းပေါ်မှာ
ဘာသာရေးအကြောင်းစုံ ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
တကမ္ဘာလုံးမှာ နေ့ စဉ်ဖြစ်ပျက်နေတဲ့ သတင်းပေါင်းစုံများ .ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
စာပေ ပညာရေးအထောက်ကူတွေ ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
I.T နည်းပညာ အထောက်ကူတွေ ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
စီးပွားရေးလုပ်ငန်းများ ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
အလုပ်ကိုင်ရှာဖွေရေး  ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
ဆောက်လုပ်ရေးနည်းပညာ ဝက်ဘ်ဆိုဒ် ဘလောက်ဂါလင့် ခ်များ၊
အတွက် အကျိုးမြတ်ရှိသော အင်တာနက်ရလာဒ် ဖြစ်ပါစေလို့  တိုက်တွန်း ဆန္ဒပြုလိုက်ပါတယ်၊
စာရေးသူ၏ စေတနာမှန် ကိုဂေါ်လီ....
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်