Friday, 7 September 2012
မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ
စက်တင်ဘာ ၇၊ ၂၀၁၂၊ YPI
နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။ ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့်
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။
ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။
ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။
by Yangon Press International
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2012
(236)
-
▼
September
(27)
- ***အင်တာနက် မင်းသမီး မဖြစ်စေဖို့ ***(အမ ညီမ အန်တီ....
- ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန...
- ဒုက္ခပေးနိုင်သည့် လိပ်ခေါင်း (ဘယ်လို ကုသမလဲ)
- နှစ်ပေါင်း ၁၀၀၀ ကျော် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်တဲ့ အင်ဒ...
- ယေရှု တွင်ဇနီး ရှိခဲ့ကြောင်းအထောက်အထားထွက်ပေါ်လာ
- စင်္ကာပူနဲ့ မလေးရှားလာသင့် မလာသင့် ငြား??????
- စင်္ကာပူမှလီကွမ်ယုပြောသောစကားများ(၁)
- လီကွမ်ယု ပြောတဲ့ နိုင်ငံအတွက် အနှောင့်အယှက် အစ္စလာမ...
- ကျက်သရေမရှိမြန်မာအထီးကောင်နှင့် ဂန်ဒူးမမ မဂ်လာဆောင...
- ဒီပဲယင်းအရေးခင်းမှာဒေါ်စုအသက်ကိုကယ်ခဲ့တဲ့ လူအစစ်မှန...
- မဟာမုနီရုပ်ရှင်တော်မြတ် သမီုင်း အကျဉ်းချုပ်
- မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘဝ
- ၂၃-၉-၂၀၁၂နေ့ တွင်မလေးရှားအခြေပြု N.L.Dမှဆရာမြတ်ကို...
- အပျင်းပြေဟာသစကားလေးတစ်ခု
- ရွှေတိဂုံဘုရားပုံတော် နှင့် အရက်ပုလင်း
- မြန်မာဘမ်းစကားအီဒီယမ်တော်တီများလေ့ လာလိုက်ရအောင်
- ရှားပါးသောမြန်မာပြည်မှသမိုင်းဝင်များ
- မြန်မာ့ယာဉ်ကျေးမှု့ မှကျော်ပြီးလန်ထွက်နေသောမြန်မာအမ...
- ဘဲငါးရာတောင်ရတနာသိုက် ခေတ်မီနည်းပညာဖြင့် ရှာတွေ့ပြီ
- ကျပ်ငွေ၅၀၀၀တန်အစစ်-အတု၏အနီးစပ်ဆုံးလက္ခဏာများ
- မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆို...
- - ရန်ကုန်မြို့တော်မှာ ဆိုင်ကယ် မစီးရဘူးဆိုတာ ဘာကြေ...
- မြန်မာပြည်မှအင်တာနက်ဆိုင်တွင်တွေ့ မိသောလူငယ်အတော်မ...
- မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်...
- ဒကာမ နဲ့ Kissing ရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး...
- ရခိုင်လှုမျိုးရေးဘာသာရေးဖိနိပ်မှု့ လက်သည်တရားခံရှာတေ...
- ယူရိုငွေသန်းချီတန်သောမြန်မာ့ကျောက်စိမ်းပြသနာသတင်း
-
▼
September
(27)
No comments:
Post a Comment