သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 September 2012

ရှားပါးသောမြန်မာပြည်မှသမိုင်းဝင်များ

မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား 

သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။
မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံတံတား
(ဂုတ်ထိပ် တံတား)

  

ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထားသံလမ်း
တံတားရဲ့တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့ အနီးမှာ ဖြစ်ပါတယ်။
                  
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။
ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့ လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားကြပါတယ်။
                  
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ
စတီး၊သံမဏိ၊သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။ 
ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင် လီဒိုလမ်းမကြီး 

 http://api.ning.com/files/zGuJZ-MMyI*8BtZrg0fRaQX-1g3QEXtMUCMHG1ER1OYK0HQ0aupZxGtalC3ayunZ7eHvu3zqf5jNpyQBpYjmcpa*zgqU4KA8/482037_332361453525050_1579730790_n.jpg 

ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာဗျုဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ 
လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေး
အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲခဲ့တယ်လို့  သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ဒီလမ်းမကြီးကို
တရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်းဖော်ပြထားပါ
တယ်။ လီဒိုလမ်းမ တည်ဆောက်မှုမှာ အမေရိကန်စစ်သား ၁၁၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကို
ဂုဏ်ပြုတဲ့အနေနဲ့  တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က Stiwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
မဟာမိတ်တို့  စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်း၊စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊စစ်အင်ဂျင်နီယာ ဟပ်ခ်ျဖီးတို့ စွန့် စွန့် 
စားစား ဖောက်ခဲ့ရသောလမ်း၊ရိုင်ဖယ်လွယ်ရင်း စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်း၊ထိုလမ်းကို တိုက်ရင်း
ဖောက်၊ ဖောက်ရင်းတိုက်ရသဖြင့် တစ်နေ့ ၁ မိုင်မျှပေါက်အောင် မနည်းဖောက်ခဲ့ကြရသည်။ဖျားနာရင်းသေကြ၊
စစ်တိုက်ရင်း ကျဆုံးကြနှင့် တောတောင်ထူထပ် မတ်ဆောက်တောင်နှင့် ချောက်ကမ်းပါးတို့ အကြား ဖောက်ခဲ့ရသော
လမ်းသည် သမိုင်းဝင်လမ်း ဖြစ်ခဲ့ရသည်။ သို့ ပေမဲ့ လမ်းဖောက်ပုံစနစ်ကျသည်ဟု ဆိုရမည်။ ချောင်းရိုးတစ်လျှောက်
ကိုရှာဖွေပြီး တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ်တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ရှေးယခင်က
လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန်  သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့
သည်ဟု ဆို၏။ ယခုအခါ အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်လုပ်ထား
သည်ကို တွေ့ ရ၏။ တောတောင်သဘာဝမှာ အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသော
ကြိုးပြင်သစ်တောများဖြစ်သည်။ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းတချို့ ချောင်းတစ်ချို့ ရှိသော်လည်း လမ်းမှာ
လွန်စွာ ဖြောင့်ဖြူးနေသည်ကို တွေ့ ရသဖြင့် တပ်မတော်အင်ဂျင်နီယာ ဗိုလ်ကြီးကြည်မောင်ကို မေးမြန်းကြည့်ရာ "မဟာ
မိတ်တွေက လေယာဉ်နဲ့ လမ်းအူကြောင်းရှာတယ်ဗျ၊ဒီဘက်လမ်းကြောဆိုတာ ကြိမ်ဝါးပဲ အများဆုံးပေါက်တာဆိုတော့
လေယာဉ် ပေါ်ကနေပြီးတော့ လောင်စာဆီတွေ တန်းတန်းကြီး သွန်ချပြီး မီးရှို့ လိုက်တာပဲ၊ဒါကြောင့် လမ်းဟာ
ဖြူးနေတာပေါ့" တဲ့။လီဒိုလမ်းမ၏ မတ်ဆောက်သောအတက်လမ်းမှာ ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။ထိုမှ (၁၈)မိုင် စခန်းအထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောငအော်ဟစ်ရုန်းကန် တက်ကြရသည်။
 လေဗောက်အိုးရဲ- စတီးဝဲလမ်း (လီဒိုလမ်း) ခရီးသည်
(နာဂမြေ နန်းယွန်း-ပန်ဆောင်သွား တောလားမှ)ကူးယူ ဖော်ပြပါသည်။


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်