သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 September 2012

အပျင်းပြေဟာသစကားလေးတစ်ခု

သတင်းစာတွေလည်းဖတ်ရတာ စိတ်ကလေးလန်းသွားအောင် ဟာသလေးတစ်ခု တင်ပြလိုက်မယ်

အများသုံးအိမ်သာထဲဝင်ပြီး... ကမုတ်ထဲ ထိုင်ရုံရှိသေးတယ် ဟိုဘက် အိမ်သာထဲကလူက လှမ်းနှုက်ဆက်တယ်..


“ဟေ့လူနေကောင်းလား”. ဒီလိုနေရာမျိုးမှာ အလ္လာပ သလ္လာပစကားပြောရသည်မှာ စိတ်မသက်မသာရှိလှပါတယ်..
မကောင်းတက်တော့လည်း ပြန်နှုက်ဆက်ရတာပေါ့လေ..
 “ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျာ.”
 သေချာအကျအန ထိုင်ပြီးကိုယ့်ကိစ္စရှင်းမယ်ကြံကာရှိသေး အလိုက်မသိတဲ့ ငနဲသားက. ထပ်မေးလာပြန်သေးတယ်
“ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ”.
 ဟာ......ဒီလူတော့ကွာ ခတ်ပြီ ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းတွေလာမေးနေတာ ဘာလဲ.. စိတ်ပေါက်ပေါက်နှင့်
ဘုတော့ပစ်လိုက်တယ် “ခင်ဗျားလိုဘဲပေါ့ဗျာ...”
 ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသက်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်တယ် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်တယ်..
“ကျွန်တော်လာခဲ့မယ်ဗျာ ရမလား ”..
 ဘုရားး.....ဒီလူဘယ်လိုလူလဲ ဂေးလား ဂျော်ရကီးလား ဘာကောင်လဲကွာ... ဘာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားတဲ့
နေရာမဟုတ်တော့ သတိတော့ ထားနေရသည်.. ထောင်ကနဲထွက်လာသော ဒေါသကို အသာလေးချုပ်တီးလျှက် အသံ
ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်... “မလုပ်နဲ့လေဗျာ ကျွန်တော်လဲဒီမှာ အလုပ်ရှုပ်နေတာ”
 ဒုန်းးကနဲတံခါးဆောင့်ပိတ်သံနှင့် ဟိုဘက်ကပြောသံကိုကြားလိုက်ရသည်ကတော့...
 “နောက်မှပဲပြန်ဆက်တော့မယ် ဟိုဘက်အခန်းက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့
ငါမေးသမျှ လိုက်ပြန်ဖြေနေလို့ဟေ့.”
 အဟဲ့ ရယ်သောသူသည် အသက်ရှည်၏တဲ့ .....
သူငယ်ချင်းတို့ရေ သူငယ်ချင်းတို့လဲသတိထားနော် မှားတက်တယ်ဗျ အခုခေတ်ကဖုံးတွေပိုပေါလာပြီလေ ဟဲဟဲ...
သူငယ်ချင်းတို့ ဘဝအမောတွေတဒင်္ဂပြေပျောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်လက်ညောင်းခံရတာတန်ပါတယ်ဗျာ......

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်