သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 September 2012

မြန်မာဘမ်းစကားအီဒီယမ်တော်တီများလေ့ လာလိုက်ရအောင်

  မြန်မာလူမျိုးတွေဟာ စကားကြွယ်ဝပါတယ် တော်ကီ တွေလည်းညုက်သလို အထာစကား
ဘန်းစကားခေါ် အီဒီရမ်စကားတွေလည်း တပ်ပါတယ်၊ကိုဂေါ်လီလည်း ပေါက်ပေါက်ရှာရှာ
ပဲ ရှာဖွေတင်ထားပါတယ်..
                 


 ကိုင်းးးးးးးမီးလေးတို့ 
 သားကြီးတို့ လေ့ လာထားနော်
အဘကတော့  ဒီတော်ကီတွေနဲ့ 
ပါတ်ခွေနေတာလေ..ဟဲဟဲဟဲ
 အဘတို့ တုံးက လည်းအဘမိန်းမကို
ဒီတော်ကီတွေနဲ့  ပွားခဲ့ ဘူးတယ်..
အဘလစ်လိုက်အုန်းမယ်..
ဆက်ဖတ်လိုက်အုန်းနော် (က)ကြီး အက္ခရာမှ( အ) ထိရေးထားတယ်၊

ကိုင်းလေ့ လိုက်ရအောင်....

(က)
ကျွတ်တယ် = ကြောက်တယ်၊လန့် တယ်။
ကျွေးလိုက်ရ = ချလိုက်ရ၊ တီးလိုက်ရ၊နှက်လိုက်ရ။
ကြီးပေါ = ကြီးမှပေါသောသူ။
ကြူသည် = အီကီစလီပြောသည်။
ကူလီကူမာ = မကောင်းကြံစည်ခြင်း။
ကြပ်သည် = အနည်းငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက္ခရောက်အောင် လုပ်သည်။
ကျွတ်ကျဲ = ကြောက်လန့် သွားခြင်း။ အသံကြားရုံမျှဖြင့် ကြောက်လန့် သွားခြင်း။
ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။
ကျိုးနေပြီ = ဒီညနောက်ကျနေပြီ ကျိုးတော့မယ်။
ကျားဖမ်းမယ် = ဘီယာသောက်မယ် (Tiger Beer)
ကီးကြောင်သည် = အလိုက်အထိုက် မရှိသောသူ။
 (ခ)
ခိုက်သည် = ကြိုက်သည်။
ခေါက်ထားလိုက်ပါ = အေးဆေးထားလိုက်ပါ။
-ျီးထုပ်ပဲ = အရှုပ်ထုပ်တွေပဲ။
ခိုကြီး = အလွန်ငြီးသောသူ (ခိုကြီးလာနေပြီဟေ့၊ဝေးဝေးပြေးကြ၊လူတွေ့ ရင် ငြီးတော့မယ်)
 (ဂ)
ဂျို နဲ့ သားရေပဲရှိတယ် = ငမွဲ ငတေ ။
ဂျပတိုင်း = ရူးတူးတူး ပေါတောတောကောင်(ဂျပတိုင်းပဲကွာ)။
ဂေါက်သီး = ကြောင်နေ ဂေါက်နေသောသူ။
ဂျလေဘီ = အပေအတေကောင်။
ဂွတ်ရှယ်ပဲ = ကောင်းမှကောင်း။
ဂိန်နေတယ် = အဆင်မပြေဘူး။
 (င)
င၀ိုင်း= င၀က် = ပိုက်ဆံ(လက်ညှိုးနှင့် လက်မကို ကွေးပြသည်)
ငလောင် = သူများတကာကို လူပုံအလယ် အရှက်ကွဲလောက်အောင် နောက်ပြောင်တတ်သူ။
ငပွေး = နေရာတကာပါသောလူငယ်။
ငတိ = သူငယ်ချင်း အချင်းချင်းခေါ်သည်။ (ငတိ မင်းပျောက်ချက်သားကောင်းလှချည်းလားကွ)
 (ဆ)
ဆားပုလင်း = အိမ်ဖော်၊ အိမ်စေ။
ဆတ်ဆလူး = နန့် သည်နှင့် အတူတူပင်။
ဆင်ဖမ်းနေတယ် = ပိုက်ဆံရတဲ့ အလုပ်တစ်ခုခု လုပ်နေသည်။
 (ည)
ဥာဏ်တိမ်တယ် = အတွေးအခေါ်ညံ့ခြင်း ၊စဉ်းစားဥာဏ် မရှိခြင်း။
 (တ)
တေတယ်ကွာ = ရုပ်ဆိုးတယ် ၊စုတ်ပြတ်တယ်။
တင်းတယ် = စိတ်ဆိုးတယ် ။
တိုင်ပတ်တယ် = အဆင်မပြေဖြစ်သည်။
 (ဒ)
ဒူတယ်ကွာ = အတော်ထုံအခြင်းကို ကိုယ်စားပြု၏။
 (ဓ)
ဓာတ်ကြိုး = အန္တာရယ်ပေးနိုင်သောသူ(အဲ့လူကတော့ ဓာတ်ကြိုးပဲကွာ)
ဓါတ်တိုင်ရှုးရှုးပန်း = ကြုံရာလုပ်တဲ့ကောင် ၊ အခြေအမြစ် မရှိတဲ့ကောင်။
ဓါတ်ကျသည် = စိတ်ဓာတ်ကျသည်။အာရုံရောက်လွန်းသည်။
ဓာတ်ပဲ = တဖက်လူက ဘာတွေပြောမှန်း မသိသောအခါ ညည်းသည့်စကား။
 (န)
နလပိန်းတုန်း = ဘာမှမသိတဲ့ကောင်၊ အသိဥာဏ်မရှိတဲ့ကောင်။
နွားပလာတာကျွေး = အသိဥာဏ်မရှိသောသူကို ပြောနေ သင်နေရခြင်း။
နားကားသည် = ပြဿနာတက်သည်။
နင်တယ် = ပြန်မပြောနိုင်လောက်အောင် ခံစားရခက်သွားသည်။ တောက်.နင်တယ်ကွာ(မခံချိမခံသာ မျက်နှာပေးလေးနှင့်)
နောက်မီးလင်း = တိတ်တိတ်ပုန်း မိန်းမ၊ယောက်ျားရှိနေခြင်း။
 (ပ)
ပိန်းတယ် = တုံးတယ်၊ အ တယ်၊ထူ တယ်။
ပေါက်တူး = သွားခေါနေသောသူ။
ပေသီးခေါက်တယ် = ကပ်စီးနဲသည် ၊စီးပွားရှာသည်၊ ကတ်သည်။
ပဲများ = ဟန်ပန်အမူအယာများသည်။
ပွားသည် = စကားများသည်။
ပွကြီး = နေရာတကာဝင်ပါတဲ့ကောင်။
ပေါက်သွားပြီ = နားလည်သွားပြီ (အင်း ငါ ပေါက်သွားပြီ)
 (ဖ)
ဖို့ ရတယ် = ပေးရတယ်၊ ကမ်းရတယ်။
ဖောသည် = အပိုစကားပြောသည်။ မဟုတ်တရုတ် ပြောသည်။
ဖလမ်းဖလမ်းထနေတယ် =  စပ်စလူးထနေတယ်။
 (ဗ)
ဗုံးခွဲ = အတင်းတုတ်သည်၊ ဖွသည်။(ဟွင်းဟွင်း သိမယ် အဲ့အကြောင်းတွေတော့ ဗုံးပြန်ခွဲပစ်လိုက်အုံးမယ်။
ဗုံးကျဲသည် = ဆူသည် (ဒီဆရာမလာပြီး ဗုံးကျဲနေတယ်.ဆူတယ်)
 (ဘ)
ဘတ်ကီးရိုက် = လိမ်သည် ။ ညာသည်။
ဘူသည် = ကံမကောင်းခြင်း ၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။
ဘဲ = ကောင်လေး၊ ရည်းစား(လူငယ်အချင်းချင်းသုံးသော စကား)။
ဘိုင်ကျ = သုံးစွဲစရာပင် ပိုက်ဆံမရှိခြင်း။
ဘာမီတွန် = ပျင်းဖို့ ကောင်းအောင် စာသင်သော ဆရာ/ဆရာမ ။
ဘောစိ = သူဌေး၊ပိုက်ဆံရှိသူ။
 (မ)
မျက်စိအစာကျွေး = မိန်းကလေးများကို အငမ်းမရကြည့်ခြင်း။
မိုက်တယ် = လှတယ် ၊ ချောတယ် (အသံ  လေးလေးပင်ပင်နှင့် ပြော၏
မောင်းထု = သတင်းဖြန့် သည်(အထူးသဖြင့် သူများ အတင်းအဖျင်း)
မင်္ဂလာယူနေတယ် = အသားယူနေတယ် လို့ ထင်တာပဲ ။
မြွေဖမ်းခိုင်းနေတယ် = ခက်ခက်ခဲခဲလုပ်ခိုင်းနေတယ်။
 (ရ)
ရှဲလ် = သွား (ရန်ဖြစ်တာ ရှဲလ်လေးချောင်း ကျွတ်သွားတယ်)
ရစ်သည် = ပွစိပွစိပြောခြင်း၊ ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ ပြောရင်း သူများစိတ်ညစ်အောင်လုပ်ခြင်း။
ရုပ်မပေါ်ဘူး = စုတ်ပြတ်နေတယ်(အခု ပိုက်ဆံတွေကိုပြောတာ ပိုက်ဆံရုပ်ကို မပေါ်ဘူး)
 (လ)
လေတိုက်တယ် =  ဒီအကောင် ငါ့ကိုလေ လာတိုက်နေတယ်(လာကြွားနေတယ်)
လေတယ် = စိတ်ပျက်လက်ပျက်ဖြစ်ခြင်း ။
လေစိမ်းတိုက်တယ် = စိမ်းကားတယ် ။
လန်ထွက်နေတာပဲ = မြင်မကောင်းအောင် ၀တ်စားထားသော ။
လက်လန်တယ် = ဒီကောင်ကိုတော့ လက်လန်တယ်ကွာ (ထိန်းလို့ မရ)။
 (၀)
ဝါးတီးဆွဲ = ထမင်းစားသည်။
 (သ)
သွားလေသလပ်ခံ = လူမြင်တိုင်းဖြီးပြသောသူ။
သွေးထွက်သွားပြီ = ဒေါသထွက်သွားပြီ ။
သဝေထိုး = လျှောက်သွားသည်၊ ဖမ်းလို့ မရ။
သွားတွေယိုးဒယားက =  မေးချိတ်ကို ပယ်ပယ်နယ်နယ် အထိုးခံလိုက်ရခြင်း။
 (အ)
အမှုပဲ = ပြဿနာပဲ (ဟာ..မင်းကတော့ အမှုပဲကွာ)။
အပင်လိမ် = အရာနှစ်မျိုးရောလုပ်သူ(အရက် နှစ်မျိုးရောက်သောက်ခြင်း)
အီစီကလီ = သူငယ်ချင်းမက ရည်းစားမကျ ။
အာရုံရ = ထင်မြင်သည်။ယူဆသည်။
အမှုတွဲတယ် = မကောင်းတာလုပ်ဖို့ အဖော်ညှိတယ် ။
အေးရာအေးကြောင်း = အေးအေးဆေးဆေး ။
အလန်းလေး = မိ သည်။ မိုက်သည် ။
အဆင်လေး = ကောင်လေး ငယ်ငယ်ချောချောလေးတွေကို တွေ့ သည်အခါ အခြောက်တွေပြောသည့်စကား..
အားပေး = စားမယ် ၊သောက်မယ် ၊တစ်ခုခုလုပ်မယ်(ဒီည ဒင်နာကျရင် ငါ သွားအားလေးလိုက်အုံးမယ်)
 ကိုင်းးးးး ကိုဂေါ်လီမိတ်ဆွေတို့ ရေ ဒီတော်ကီလေးတွေ သဘောကျယင် ကွန် မက်မှာပဲဖြစ်ဖြစ်
စီဘောက်မှာပဲဖြစ်ဖြစ် စာလေးထားခဲ အုန်းနော်
 FwD Mail မှ ပြန်လည်ဝေမျှပါသည်။


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်