သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 29 September 2012

ယေရှု တွင်ဇနီး ရှိခဲ့ကြောင်းအထောက်အထားထွက်ပေါ်လာ

အမေရိကန် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးသည် လေးရာစုခန့်က ရေးသားခဲ့ဖွယ်ရှိသော စက္ကူပုရပိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာတွင် ယင်းပုရပိုက်တွင် ရေးသားထားသော စကားလုံးအချို့အရ ယေရှု တွင် ဇနီးသည်ရှိနိုင်ကြောင်း သက်သေခံအချက်အလက်များတွေ့လာရသည်ဟု


 ရိုက်တာသတင်းဌာနမှ ရေးသားဖေါ်ပြသွားခဲ့သည်။ ခရစ်ယာန်သမိုင်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော ပါမောက္ခ ကာရန်ကင်သည် ယခုစက္ကူပုရပိုက်အား အချိန်ပေး၍ အသေးစိတ်လေ့လာမှုများပြုလုပ်ခဲ့ပြီး ၄င်း၏ထုတ်ဖေါ်အသိပေးချက်များအရ အဆိုပါ ပုရပိုက်တွင် ပါဝင်သော စာသားအချို့တွင် ယေရှုမှနေ၍ "ကျွန်ုပ်၏ဇနီး" ဟူသော အသုံးအနှုန်းကို ရေးသားထားခဲ့ကြောင်း ပါရှိသည်ဟုဆိုသည်။
ထိုပုရပိုက်သည် အီဂျစ်နိုင်ငံ၌ရေးသားဖွယ်ရှိပြီးသမ္မာကျမ်းစားများတွင် ဖေါ်ပြချက်များအား အီဂျစ်ဘုရားကျောင်းသုံးဘာသာစကားဖြင့် ရေးသားပြုစုထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
စာကြောင်းအရေအတွက် လေးကြောင်းခန့်သာပါဝင်ပြီး တစ်လက်မခွဲ အမြင့်ရှိသော ၄င်းပုရပိုက်စာသည်ရှေ့ရိုးစွဲခရစ်ယာန်ဘာသာဝင်များယုံကြည်ထားသော " ယေရှု သည်လက်ထပ်ခဲ့သည်"ဟူသော အယူအဆများအားထောက်ခံချက်ပေးနိုင်သော သက်သေတစ်ခုအဖြစ် ရှိနေပြီဖြစ်ပြီး အီဂျစ်ရှေ့ဟောင်းဘာသာစကားဖြင့်ရေးသားထားသော စာကြောင်းများကို အနီးစပ်ဆုံးအဓိပ္ပာယ်ပြန်ကြည့်ပါက " သူမဟာ ငါ့ရဲ့တပည့်သာဖြစ်လာနိုင်တယ်"ဟူသော သဘောတရားတစ်ရပ်လည်း ကိန်းဝပ်ဝင်နေကြာင်းသိရှိရသည်။ပါမောက္ခ ကာရန်ကင်သည်ယခု ပုရပိုက်ကို ရိုးမမြို့ရှိ ရှေ့ဟောင်းဘာသာစကားကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ ဘာသာပြန်ခဲ့ခြင်းဖြစ်ကာတွေ့ရှိသော အထောက်အထားများအရ ယေရှု သည်ဇနီးသည်ရှိသော်လည်း လက်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့ဖွယ်မရှိဟု သိရှိရသည်။ပါမေက္ခ ကာရန်ကင်၏ တွေ့ရှိချက်ကို ရိုးမမြို့တော်ရှိ သတင်းစာနှင့်ရေဒီယိုများမှ ယခုအချိန်ထိတိုင် သတင်းအမှောင်ချထားဆဲဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်