ဖြေ။
။ မေးခွန်းကကို အဓိပ္ပါယ်နှစ်ခွဖြစ်နေတယ်။ ဘဏ္ဍာရေးမတောင့်တင်းရင်
ကာကွယ်ရေးလည်း မတောင့်တင်းဘူး။ ညီညီညွတ်ညွတ်နဲ့ အတူတကွလုပ်ဆောင်နိုင်တဲ့
ပညာတတ်ပြည်သူတွေမရှိဘဲ ဒီနှစ်ခုစလုံးကလည်း မဖြစ်နိုင်ပြန်ဘူး။ ဘဏ္ဍာရေးကို
တောင့်တင်းအောင် ဘယ်လိုလုပ်မလဲ။ လူသားအရင်းအမြစ်ကနေ ရနိုင်သမျှ
ပိုရအောင်လုပ်ယူရတယ်။ လူထုကိုလေ့ကျင့်ထိန်းကျောင်းပေး၊ စုစည်းပညာပေး၊
အခြားကမ္ဘာ့နိုင်ငံတွေနဲ့ သူတို့ကို ဆက်သွယ်ပေး၊ အဲသလို အင်တာနေရှင်နယ်ဖြစ်လာ တာဟာ
နိုင်ငံအတွက် အဓိကတန်ဖိုးတွေဖြစ်လာတယ်။
မေး။
။ ကျွန်တော်ထင်တာကတော့ ချက်ချင်းကြီးတိုးတက်လာတဲ့ စီးပွါးရေးကသာ
အန္တ
ဒုတိယအချက်ကတော့
အိမ်နီးချင်းနိုင်ငံတွေကို ငါတို့က ကျော်တက်လာနိုင်ခဲ့တယ်။ အဲဒါကလည်း သူတို့က
ငါတို့ကို ကြိုးကိုင်ဖို့ကြိုးစားလို့။ စင်ကာပူမှာ လူမျိုးပေါင်းစုံရှိတယ်။
၁၉၆၈- ခုတုန်းက အမေရိကကိုရောက်ပြီး
ငါတွေ့ခဲ့ရတယ်။ ဥရောပတစ်တိုက်လုံးက အေးအေးဆေးဆေးလုပ်နေချိန်မှာ အမေရိကန်တွေက
သူတို့စက်ရုံတွေ ကမ္ဘာအနှံ့ တိုးချဲ့ တည်ဆောက်နေကြတယ်။ လမ်းတစ်ဝက်အထိ
အမေရိကန်တွေအတိုင်း ငါတို့စတင် ခဲ့ကြတယ်။ တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ
ယဉ်ကျေးမှုတော်လှန်ရေးဖြစ်နေတယ်။ သိပ်အန္တရာယ်မကင်းဘူး။ ဒီတော့ သူတို့က စင်ကာပူကို
အခြေချဖို့ ရွေးချယ်ကြတယ်။ သူတို့လိုအပ်တဲ့ အနေအထားတွေဖြစ်အောင် တို့ဖက်က
ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် စင်ကာပူဟာ ကွန်ပျူတာစင်တာတစ်ခု ဖြစ်လာခဲ့တယ်။
အဲဒီနောက်မှ ပက်ထရိုခဲမိကယ် ဘက်ကို ငါတို့ဦးပြန်လှည့်ကြတယ်။
အခု ငါတို့ရနေတဲ့ စီးပွါးရေးအနေအထားဟာ
မဟာသီယာ မက်မက်မောမော လိုချင်နေတဲ့ အနေအထားပဲ။ ဥပမာ- ပင်လယ်ဆိပ်ကမ်း။ တို့ဆီကနေ
သင်္ဘောတွေဖြတ်ယူဖို့ တန်ဂျွန်ပီလီပ ဆိပ်ကမ်း သူတည်ဆောက်ခဲ့တယ်။
ရထားလမ်းကြောင်းဖြတ်တောက်ဖို့ သူဆန္ဒရှိလာပြန်တယ်။ ဒီရထားလမ်းက
ဂျူရောင်းဆိပ်ကမ်းနဲ့ တန်ဂျွန်ပါဂါကို ဆက်သွယ် ထားတာ။ တာရင်ဂနူက ကျောက်သံပစ္စည်းတွေ
အိတ်စပို့လုပ်ကြဖို့ပဲ။ ၁၉၉၂- ခုနောက်မှာ ရထားလမ်းလည်းပိတ်သွားတယ်။ ပြီးတော့
ကလန်းဆိပ်ကမ်းဖက် ဦးလှည့်ကြတယ်။ နောက်ဆုံးတော့ အခု တန်ဂျွန်းပီလီပ ဆိပ်ကမ်းပေါ့။
သူတို့သဘောထားက “ I win, you lose” ပဲ။ အင်ဒိုနီးရှားကလည်း သိပ်မကွာလှဘူး။
ဂျကာတာဆိပ်ကမ်းနားက Tanjung Priok ဆိပ်ကမ်းကို ပုဂ္ဂလိကပိုင်ချပေးတော့မယ်ဆိုတော့
သူတို့ဘာပြောတယ်ထင်လဲ။ နိုး စင်ကာပူတဲ့။ အဲဒီဆိပ်ကမ်းကို ဟောင်ကောင်က ဟူချီဆန်ကိုပေးလိုက်တယ်။
ဘာတန် ဆိပ်ကမ်းကိုလည်း သူတို့ တိုးချဲ့ကြတယ်။ တို့ဆီက ကာစတန်မာတွေကို
ဖြတ်ယူဖို့ပဲ။
ငါတို့ကို သူတို့ကြည့်မရတာက ငါတို့က
နိုင်ငံတကာနဲ့ ဆက်ဆံနေသူတွေဖြစ်လို့ပဲ။ ဒီလိုနိုင်ငံတွေက တကမ္ဘာလုံးမှာရှိနေတာ။
လူဖြူတွေကို ကြည့်။ တောင်အာဖရိက၊ အာဖရိက၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ
တကမ္ဘာလုံးမှာရှိတယ်။ တကယ်တော့ လူ့ယဉ်ကျေးမှု သမိုင်းကကိုပဲ မဆုံးနိုင်တဲ့လူတွေ
ရွေ့ပြောင်းအခြေချ နေထိုင်နေကြတဲ့ အကြောင်းအရာ တစ်ခုပဲ။
နောက်ဆုံး တတိယအချက်ကတော့
စင်ကာပူလူထုပဲ။ တို့က တစ်ယောက်နဲ့ တစ်ယောက် ထိုင်ပြီးငြင်းခုံနေကြရင် ဘယ်လိုလုပ်တိုးတက်လာမလဲ။
တို့လွတ်လပ်ရေး ရပြီးတဲ့နောက် ဘာဖြစ်လို့အင်္ဂလိပ်စာကို ရုံးသုံးအဖြစ်
ရွေးချယ်ခဲ့တယ်ထင်သလဲ။ ငါ့ရဲ့ မီမ်မွား(ကိုယ်ရေးမှတ်တမ်း) ထဲမှာ ဒီအကြောင်း
ထည့်ရေးခဲ့ပြီးပြီ။ တရုတ်ဘာသာစကားကို ရုံးသုံးထားဖို့ တော်တော်များများက
ဆန္ဒရှိကြတယ်။ သူတို့ ထောက်ပြတာက တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာပြီး တရုတ်စကားဟာလည်း
အရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်လာတော့ မယ်ပေါ့။ သူတို့ကို ငါစိုက်ကြည့်လိုက်တယ်။
မင်းတို့မှာ ဒီပြဿနာမျိုး ရှိနေသကိုး။ မင်းတို့နဲ့ ဆန့်ကျင်ပြီး လုပ်ရလိမ့်မယ်။
စင်ကာပူကို သီရိလင်္ကာပုံစံဖြစ်သွားမှာကို မလိုလားဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက်
အင်္ဂလိပ်ရုံးသုံးကို ဖျက်သိမ်းပြီး ဆင်ဟလီဘာသာ ရုံးသုံး လုပ်လိုက်တယ်။ ဒီတော့
အင်္ဂလိပ်စာကောင်းကောင်းတတ်ထားတဲ့ တမီး(လ်) တွေ ဘာမှ အသုံးမကျဖြစ်သွားရော။ အဲဒီနောက်
ပြဿနာပေါင်း သောင်းခြောက်ထောင် ဆက်တက်တော့တာပဲ။
ငါ့အကြောင်းပြချက်တွေက ရှင်းပါတယ်။
နံပါတ်တစ်- ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရမယ်။ လူတိုင်းတန်းတူအခွင့်အရေးရမယ်။
လူတိုင်းအင်္ဂလိပ်စာ သင်ရမယ်။ ဘယ်သူမှ အင်္ဂလိပ်မဟုတ်တော့ ဘယ်သူမှ အခွင့်အရေး
ပိုမရဘူး။
ဒုတိယက- ကမ္ဘာ့စီးပွါးရေးလောက
သုံးစွဲတဲ့ဘာသာစကား။ ၁၉၆၀- ခုတွေမှာ တရုတ်က ဘာစီးပွါးရေးတွေများ ရှိနေလို့လဲ။
တရုတ်ပစ္စည်း၊ တရုတ်ဆေး၊ တရုတ်ဗိန္ဓောဆေး၊ ဒါပဲ။ အမေရိကန်တွေ TV ကနေ လုပ်ချလိုက်တော့
အင်္ဂလိပ်စကားက ကမ္ဘာကိုပြန့်သွားရော။ အခု အင်တာနက်။ တကမ္ဘာလုံးကို ခြုံမိနေပြီ။
အခုငါတို့က ပညာရေးဌာနချုပ်ဖြစ်နေပြီ။ အာဆီယံနိုင်ငံတွေက အင်္ဂလိပ်စာသင်ရမယ်လို့
သိလာကြပြီ။ ဒါဆို ငါတို့က ရှေ့ကရောက်နေနှင့်ပြီးသားပဲ။
ဘယ်အချက်က ငါ့ကိုမောင်းနှင်ခဲ့တာလဲ။
ပြည်တွင်းတည်ငြိမ်အေးချမ်းရေးပဲ။
လူတိုင်းကို တန်းတူရည်တူဆက်ဆံတယ်။ မင်းလုပ်နိုင်တာတွေပေါ် အခြေခံပြီး
ငါတို့ဆုံးဖြတ်ချက်ချတယ်။ ဒါဟာ တန်းတူရည်တူ အခွင့်အရေးပဲ။ လူမျိုး၊ ဘာသာစကား၊
ကိုးကွယ်တဲ့ဘာသာတွေကို ကြည့်မနေဘူး။ မင်းအလုပ်လုပ်နိုင်ရင် မင်းအလုပ်ရမယ်။ ဒါပဲ။
ဒါက ငါတို့ကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတာ။
လွန်ခဲ့တဲ့ နှစ်နှစ်က Gallup က နိုင်ငံတစ်ခုရဲ့ တိုးတက်မှုအတွက် သုတေသနလုပ်ပြီး
လေ့လာကြတယ်။ အဓိကအချက်က အရည်အသွေးလို့ သူတို့ဆိုတယ်။ ၁၉၈၀- ခုတွေက သူတို့ပြောခဲ့တာရှိတယ်။
ဂျပန်နဲ့ ဂျာမဏီက စီးပွါးရေးမှာ အမေရိကကို ကျော်တက်တော့မယ်တဲ့။
မကျော်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ။ အမေရိက က တစ်ကမ္ဘာလုံးက ပညာရှင်တွေကို
ဆွဲဆောင်နိုင်တယ်။ တရုတ်ပြည်ဟာ စူပါပါဝါဖြစ်လာနိုင် သလားဆိုတာ တရုတ်ပြည်ဟာ
ကမ္ဘာ့ပညာရှင်တွေကို ဆွဲဆောင်နိုင်သလားဆိုတာပေါ်မှာ မူတည်နေတယ်။
စင်ကာပူက လက်ရှိအရည်အချင်းရှိသူတွေကို
ရအောင်ထိန်းပြီး အရည်အချင်း အသစ်တွေကို ရအောင်ဆွဲဆောင်ရမယ်။ အရည်အချင်းဆိုရာမှာ
ပညာရေးတစ်ခုတည်းကို ပြောနေတာမဟုတ်ပါဘူး။ ဘောလုံးသမားတွေ၊ တင်းနစ်သမားတွေ၊
အဆိုကျော်တွေ၊ အားလုံးအကုန်ပဲ။ ဒီတော့မှ နိုင်ငံက လှုပ်ရှားတက်ကြွနေမယ်။
မြို့ကိုတည်ဆောက်ရင်း တချိန်တည်းမှာ နိုင်ငံတော်ကိုပါ တည်ဆောက်ပြီးသား ဖြစ်နေရမယ်။
အရည်အချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လေးမျိုးခွဲကြည့်ကြတယ်။
၁။ တည်ထွင်ကြံဆသူ
၂။ စီးပွါးရေး ကျွမ်းကျင်သူ
၃။ ဦးဆောင်သူ
၎။ ဦးဆောင်သူကို လမ်းပြသူ- တဲ့။
၂။ စီးပွါးရေး ကျွမ်းကျင်သူ
၃။ ဦးဆောင်သူ
၎။ ဦးဆောင်သူကို လမ်းပြသူ- တဲ့။
အမေရိကန်တွေက အားလုံးကို
အနိုင်ရလိုက်တယ်ဆိုတာက သူတို့မှာ အဲဒီလေးမျိုးစလုံး ရှိနေလို့ပဲ။ ဒီယဉ်ကျေးမှုကို
သူတို့က စနစ်တကျ မွေးမြူပြီး အရည်အချင်းကို ပျိုးထောင်ယူကြတယ်။
အစတုန်းကတော့ ဒါတွေကို
ငါလည်းနားမလည်ခဲ့ဘူး။ ငါတို့ ဗြိတိန်မှာ ကျောင်းပြီးခဲ့တာဖြစ်ပြီး ဗြိတိသျှတွေက
အမေရိကန်တွေနဲ့ မတူဘူး။ သူတို့က အပြောင်းအလဲ လုပ်ဖို့ လက်နှေးတယ်။ သူ့ယဉ်ကျေးမှုနဲ့
သူပဲနေကြတယ်။ အမေရိကန်တွေကမှ တကယ့်စူးစမ်းရေးသမားတွေ။ ဒီကနေ့ ဘာလေ့လာမိသလဲဆိုရင်
စင်ကာပူဟာ အကျိုးအမြတ်ရအောင် လုပ်နိုင်တဲ့နိုင်ငံ ဖြစ်ရမယ်။ ဒါမှ နိုင်ငံလည်း
တိုးတက်ချမ်းသာ လာမယ်။ ဒါမှလည်း ကာကွယ်ရေးတောင့်တင်းပြီး အေးအေးချမ်းချမ်း
နေလို့ရမယ်။ စင်ကာပူဟာ နော်ဝေလို၊ ဆွီဒင်လို၊ ဒိန်းမတ်လို အတူတူပဲလို့သာ
သဘောထားလို့ကတော့ စင်ကာပူလည်း ပျောက်သွားမယ်။ စင်ကာပူဆိုတာ ရွံ့မြေပေါ်မှာ
ဆောက်ထားတဲ့ အထပ်ရှစ်ဆယ်ရှိ တိုက်တစ်လုံးပဲ။ ဘယ်နည်းနဲ့ ဖြစ်နိုင်သလဲဆိုတာ
တို့ခက်ခက်ခဲခဲ စဉ်းစားအကြံထုတ်ခဲ့ရတယ်။ အခုဆို နောက်ထပ် အထပ်(၂၀) တိုးပြီး
အထပ်တရာရှိတဲ့ တိုက်တွေဆောက်နိုင်ပြီ။ ဒါက ငါတို့ဖောင်ဒေးရှင်း
ဘယ်လောက်ကောင်းနေပြီလဲဆိုတာ မင်းတို့သဘောပေါက်ဖို့ သာဓကထုတ်ပြတာ။ စင်ကာပူရဲ့ အဓိက
အရေးအကြီးဆုံးအချက်က လူမျိုးပေါင်းစုံတာ၊ ကိုးကွယ်ယုံကြည်မှု အချင်းချင်း
နားလည်မှုရှိတာပဲ။ ဒါမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြမယ်ဆိုရင်
စင်ကာပူတော့သွားပြီ။
မေး။
။ အချင်းချင်း ငြင်းခုံနေကြရင်ဆိုတာက နိုင်ငံရေးအယူအဆ မတူသူတွေကို
ထိန်းသိမ်းတတ်တာရဲ့ ဆင်ခြေများဖြစ်မနေဘူးလား။
ဖြေ။
။ မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ လူမျိုးစုခြင်း၊ ယုံကြည့်မှုခြင်း၊
ယဉ်ကျေးမှုခြင်း၊ ဘာသာစကားခြင်းဖြစ်တတ်တဲ့ ပဋိပက္ခတွေကို ပြောတာ။ နိုင်ငံရေးသဘောထား
မတူညီမှုက တခြားသပ်သပ်။ တကယ်လို့ ငါတို့မှာသာ လူမျိုးစုခြင်း၊ ယုံကြည်ကိုးကွယ်မှုခြင်း၊
ပဋိပက္ခတွေဖြစ်ကြည့် စင်ကာပူလည်း Beirut လို ပြိုကွဲသွားမယ်။ စင်ကာပူထဲမှာရှိတဲ့
မလေးတွေ၊ ပညာသိပ်မတတ်ရှာတဲ့ အိန္ဒိယန်းတွေကို သူတို့လည်း ဒီအဖွဲ့အစည်းထဲမှာပါတယ်၊
သူတို့လည်း ကိုယ်ပိုင်တိုက်ခန်းတွေရှိတယ်၊ အလုပ်အကိုင်တွေရှိတယ်၊ သူတို့ ကလေးတွေ
လည်း အားလုံးရဲ့ကလေးတွေနဲ့အတူတူ ကျောင်းမှာပညာသင်ကြားခွင့်ရတယ်ဆိုတဲ့ အသိသာ
ပေးမထားနိုင်ဘူးဆိုရင် ငါတို့လည်း Beirut လို ဖြစ်သွားမှာပဲ။ ဗုံးတွေ
တစ်လုံးပြီးတစ်လုံး ပေါက်ထွက်လာမယ်။ (Beirut ဆိုတာ လက်ဘနွန်နိုင်ငံထဲက ခရစ်ယာန်နဲ့
မွတ်ဆလင်တို့ကြား ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပါ။ ၁၉၇၅- ခုနှစ်ကနေ ၁၉၉၀- အထိ
ကြာမြင့်ခဲ့ပါတယ်။)
မေး။
။ ဒီလို ထိလွယ်ရှလွယ်တဲ့ နိုင်ငံတစ်ခုက နိုင်ငံရေးအယူအဆ ကွဲပြားမှုကို
လက်ခံကျင့်သုံးသွားနိုင်ပါသလား။
မင်းတို့က နိုင်ငံရေးသဘောထားတွေ
ပျော့ပြောင်းသင့်ပြီ၊ အတိုက်အခံပါတီကို ခွင့်ပြုသင့်ပြီလို့ ဆိုကြတယ်။ ဒါဆိုရင်
မင်းတို့ပတ်ဝန်းကျင်ကို ခဏလောက်လှည့်ပြီး ကြည့်လိုက်။
အရှေ့တောင်အာရှမှာပဲဖြစ်ဖြစ်၊ အရှေ့အာရှမှာပဲဖြစ်ဖြစ် အစိုးရအပြောင်းအလဲ
လုပ်ပြီးတဲ့နောက် နိုင်ငံရေးတည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ခရီးဆက်နိုင်တဲ့
နိုင်ငံတွေ့မိရင် ငါ့ကိုပြောပြစမ်းပါ။
ငါ့ရည်ရွယ်ချက်က ပီအေပီပါတီကို
အမွှမ်းတင်ဖို့၊ ငါ့ကိုယ်ငါအမွှမ်းတင်ဖို့၊ ဘယ်ခေါင်းဆောင်ကိုမှ အမွှမ်းတင်ဖို့
မဟုတ်ဘူး။ စင်ကာပူရဲ့အနာဂတ် လုံခြုံကောင်းမွန်ဖို့၊ အေးအေးချမ်းချမ်းနဲ့
ပုံမှန်တိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ပဲ။ ငါက လုပ်ခဲ့ပြီးပါပြီ။ စင်ကာပူ အတွက်
ဘာမှ ငါထပ်လုပ်မပေးနိုင်တော့ပါဘူး။
အခု ငါလုပ်နိုင်သေးတာကတော့
အတွေ့အကြုံတွေကို စေ့စေ့စပ်စပ် ပြန်လည်လေ့လာ သုံးသပ်ပြီး စင်ကာပူရှေ့ခရီး
ဖြောင့်ဖြောင့်ဆက်ဖို့ အတွေ့အကြုံ ဖြန့်ဝေပေးခဲ့ဖို့ပါပဲ။ စင်ကာပူ ဒီအတိုင်းပဲ
အမြဲရှိနေမလား။ ဒါကို ငါမသိဘူး။ စင်ကာပူဟာ တခြားအာဆီယံနိုင်ငံတွေနဲ့
မတူခြားနားသလား။ အခုထိတော့ မတူခြားနားဆဲပဲ။ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှုရှိဖို့
နေရာကောင်းမှာရှိနေကြတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်။ လွတ်လွတ်လပ်လပ်
ပြောဆိုလို့ရတယ်။
ဒါဆိုရင် ငါတို့က နယူးဇီလန်လို
အန္တရာယ်ရှင်း ဘေးကင်းတဲ့အနေအထားမှာလား။ ငါတို့လေတပ်တွေ ဖျက်သိမ်းပြီး နယူးဇီလန်လို
အေးအေးဆေးဆေးပဲ နေကြတော့မှာလား။
ငါတော့ နယူးဇီလန်လို မဖြစ်ချင်ဘူး။
စီးပွါးရေးအရ အလုပ်ဖြစ်ပေမယ့် စိတ်လှုပ်ရှားစရာ မကောင်းဘူး။ ဟုတ်တယ်။ သူတို့က
ကမ္ဘာမှာ အကောင်းဆုံးမြက်တွေ စိုက်ပျိုးနိုင်တယ်။ မြင်းတွေ၊ နို့စားနွားတွေ၊ သိုးဆိတ်တွေ
မွေးမြူရာမှာတော်တယ်။ ဒါပေမယ့် ဘဝက ပျင်းစရာကြီးလို့ ငါထင်တယ်။ ငါတို့က ကမ္ဘာမှာ
တိုးတက်မှုအမြန်ဆုံး တရုတ်နှင့် အိန္ဒိယကြားမှာ နေနေကြရတာ။ ငါတို့ပါရောပြီး
တိုးတက်မလာဘူးဆိုရင် ငါတို့ရူးနေလို့ပဲ။
မေး။
။ မစ္စတာလီ စင်ကာပူရပ်တည်ရေးအတွက် အဓိကအချက်တွေအကြောင်း ပြောစဉ်မှာ
ကျွန့်တော့်ခေါင်းထဲမှာ စွဲသွားတာကတော့ ဒီလိုအမြင်တွေ လူထုထဲမှာ သိပ်မတွေ့ရဘူး
ဆိုတာပါပဲ။ ပြီးတော့ ဒီလိုအတွေးအခေါ်တွေ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဆီရောက်
သွားအောင် ဘယ်လိုဖြန့်ဝေရမလဲ ဆိုတာပါ။
ဖြေ။
။ အမှန်ပဲ။
မေး။
။ လူထုကြီးရဲ့အမြင်ကရော ဘယ်လိုရှိမလဲ။
ဖြေ။
။ တို့နိုင်ငံဟာ ထုထည်မခိုင်မာလှဘူး။ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာ လူထုကို
ဘယ်လိုပြောပြမလဲ၊ ဘယ်အခါ ပြောရမလဲဆိုတာ ဆုံးဖြတ်ရတယ်။ ဒါက လူထုရဲ့ မော်ရယ်လ် ကို
ထိခိုက်နိုင်တယ်။ ဒါတွေက ငါစိုးရိမ်မိတာတွေ၊ ဒါတွေ ဆယ်နှစ်အတွင်းဖြစ်လာနိုင်သလား။
မဖြစ်နိုင်ဘူးလို့ ငါတော့ဖြေမယ်။ နှစ် ၂၀ ဆိုလည်း မဖြစ်နိုင်သေးဘူးလို့
ပြောရမှာပဲ။ ဒီကိုရောက်လာပြီး မိသားစုအမြစ်ပါတွယ်နေကြတဲ့ လူတွေက နှစ်ပေါင်းနှစ်ဆယ်
လာနေကြတာ မဟုတ်ဘူး။ ထာဝရနေဖို့ ရောက်လာကြတာ။ ဟုတ်လား၊ မဟုတ်ဘူးလား။ ဆိုပါစို့၊ ငါက
အားအားရှိတိုင်း စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ ဖိုက်တင်ချနေရမယ်လို့ ပြောကြည့်၊
တရုတ်၊ အိန္ဒိယက လာရောက်အခြေချတဲ့လူတွေက “ပြန်တာပဲ ကောင်းပါတယ်။ ဒါမှမဟုတ် အမေရိက
(သို့) သြစတေးလျကိုလှမ်းကူးမှ။ သြစတေးလျက ဒီအန္တရာယ်ဇုန်နဲ့ ဝေးတယ်။
အကောင်းဆုံးကတော့ အမေရိကပဲ” လို့ အတွေးဝင်သွားကြလိမ့်မယ်။
စင်ကာပူးရီးယန်းတစ်ချို့တောင်
အခုဒီအတိုင်း တွေးနေကြပြီ။
ရာယ်ရှိပြီး နိုင်ငံရေးကတော့ ဒီလိုမဟုတ်ဘူးလို့ ထင်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက အဓိကအရေးပါတဲ့အချက်တွေ ဖြစ်ပါလိမ့်မယ်။

မှုယင်းကိုဇင်ဝေသော်ဆိုက်မှဖြစ်ပါတယ်
မှုယင်းကိုဇင်ဝေသော်ဆိုက်မှဖြစ်ပါတယ်
No comments:
Post a Comment