သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 9 November 2012

တစ်ချိန်ကမြန်မာ့ စေတီတော်ပုံနှင့် အန်းဒိတ်ပုံများကြည့် ရအောင်

၁၉၀၃ ခုနှစ်မှ ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်

 
၁၉၀၃ ခုနှစ်မှ ရွှေတိဂုံဘုရားရင်ပြင်တော်တနေရာ 



 ၁၉၀၃ခုနှစ်မှ ရွှေတိဂုံဘုရား ရင်ပြင်တော်ရှိ တနင်္ဂနွေထောင့် 


၁၉၀၃ ခုနှစ် ရွှေတိဂုံဘုရား ရင်ပြင်တော်တနေရာ 


၁၉၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ရိုက်ကူးထားသော ရွှေတိဂုံဘုရား ရင်ပြင်တော်တနေရာ
 
၁၉၀၃ ခုနှစ်မှ ရွှေတိဂုံဘုရားရင်ပြင်တော်တနေရာ(ပုံရဲ့ကွာလတီကလဲ မကောင်းတဲ့အပြင် ဖေ့ဘုတ်ကလဲ ထပ်လျှော့လိုက်တော့ မှုံဝါးဝါးတွေဖြစ်ကုန်တယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းထဲကပုံတပုံမို့လို့ တင်ပြလိုက်ရပါတယ်။) 


၁၉၄၅ ခုနှစ် မန္တလေးမြို့မှ နာရီစင်ကြီး 


ဒီဓာတ်ပုံလေး ကတော့ ၁၉၄၄ ခုနှစ် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား ရောက် ကိုးရီးယား မိန်းမပျိုများကို ရိုက်ကူးထားတဲ့ပုံပဲဖြစ်ပါတယ်။ ကိုးရီးယား ဆိုလို့ အခုခေတ်ကိုးရီးယား ဒရမ်မာ ဇာတ်လမ်းတွဲတွေထဲကလို ဆံပင်ဖြောင့်ဖြောင့်နဲ့ အစစ အရာရာအဆင်ပြေ ပြီး ယောကျာ်းလေးများရဲ့ ဝိုင်းဝန်းပိုးပန်းတာခံရတဲ့ ကမ္ဘာကျော် မိန်းမချော လေးတွေလို့ မမှတ်လိုက်ကြပါနဲ့ဦး။ တကယ်တော့ သူတို့တွေဟာ ဖက်ဆစ်ဂျပန် စစ်
သားများရဲ့ ကာမ အလိုဆန္ဒကို ဖြည့်ဆီးပေးဖို့သက်သက် ခေါ်လာ တနည်းပြောရရင် ပေါ်တာဆွဲလာခဲ့တဲ့ Comfort Girl များပဲဖြစ်ပါတယ်။ ကိုးရီးယားကျွန်းဆွယ်တခုလုံး ဂျပန်လက်အောက်ကို ကျရောက်ပြီးနောက်ပြီး ဒီလို ဂျပန်တပ်များရဲ့ ခေါ်ဆောင်ခံခဲ့ကြရတဲ့ မိန်းမပျို အရေအတွက် အတိအကျ ပြောလို့မရနိုင်ပေမဲ့ အနီးစပ်ဆုံး အားဖြင့် ၂၀၀၀၀၀ လို့တော့ ခန့်မှန်းထားပြီး အများစုက ကိုးရီးယားမှဖြစ်ပြီး ကျန်အနည်းငယ်သော မိန်းမပျိုများမှာတော့ မလေးရှား၊ ဂူအမ်၊ဖိလစ်ပိုင် နဲ့ တရုတ် နိုင်ငံ ဒေသအချို့မှဖြစ်ကြပါတယ်။ ဒီလို မျိုး သမိုင်းမှားကို ချေဖျက်နိုင်ဖို့အတွက်လဲ နောက်ဆက်ခံတဲ့ ဂျပန် အစိုးရအဆက်ဆက်မှ ခံစားခဲ့ရသူ ကာယကံရှင်များကို ဝန်ချ တောင်းပန်ခဲ့ရပြီးဖြစ်ပါတယ်
------------------------------------------------------------------------
 
  
ခေတ်စမ်း စာပေဦးဆောင်သူ များထဲမှ တယောက်ဖြစ်သော ကဗျာဆရာကြီးဇော်ဂျီ
၁၉၉၀ခုနှစ် စက်တင်ဘာ ၂၆ရက် ဗဟန်းမြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
မူရင်းလင့်http://my.wikipedia.org/wiki/File:Syarzawgyi.gif 

 
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က အရှေ့အလယ်ပိုင်း ဒေသ ဂျော်ဒန် နိုင်ငံ Petra အမည်ရှိ ကျောက်တုံးမြို့တော်ဟု အဓိပ္ပါယ်ရသည့်နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများအကြား နစ်မြုပ်နေခဲ့သည်။ ကမ္ဘာလှည့် ခရီးသည်များသည် အဆိုပါအံ့ဘနန်း နေရာသို့ ရောက်ရှိရန် အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁ ဒသမ ၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ အဆိုပါမြို့တော်တွင် သင်္ချိုင်းဂူပေါင်း ၁၀၀၀ ၊ ယဇ်
ပူဇော်ရာစင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ရှိသည် ။ ၄င်းအပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွားဂျိုဟမ်ဘာ့ခ်ဟက်ဒ်က ၁၈၁၂ ခုနှစ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။ဘီစီ ၃၆၃ တွင် ရောမ အင်ပါယာ အောက်သို့ သိမ်းသွင်းခံရပြီးသည့်နောက်ပိုင်း ငလျှင် အကြီးအကျယ်လှုပ်ကာ အနီးအနားရှိ ရေကာတာများ ကျိုးကျပျက်စီး၍ ရေလွှမ်းမိုးခံရခြင်းကြောင့် ပျက်စီးသွားခဲ့ရသည်ဟုယူဆရလေသည်။ယူနက်စကို ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင် ဒေသအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာ့လှည့်ခရီးသွားများ အတွက် ကျော်ကြားသော ခရီးစဉ်တခုဖြစ်သည်။
— with SenorAye Thein, ပုံပ မာ and Han Nin

 
မြန်မာနိုင်ငံတွင်ထူးဖော်ရရှိသော လွန်ခဲ့သာနှစ်ပေါင်းတထောင်ကျော်လောက်က လည်ဆွဲများ။ ပျူတို့၏ အသုံးအဆောင်လည်ဆွဲဖြစ်နိုင်သည်ဟု ယူဆရသည်။ 

 
မန်မာနိုင်ငံတွင်ထူးဖော်ရရှိသော လွန်ခဲ့သာနှစ်ပေါင်းတထောင်ကျော်လောက်က လည်ဆွဲတခု။ ပျူတို့၏ အသုံးအဆောင်လည်ဆွဲဖြစ်နိုင်သည်ဟု ယူဆရသည်။ — with Ko Htut Htut, Myo Swe Than and Nay Hlaing

 
လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ လည်စွဲတခု 
 
 လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ ပုတီးစေ့တစေ့။ အလွန်လက်ရာမြောက်သည်ဟုပြောနိုင်သည်။ 

 
လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ ပုတီးစေ့တစေ့။ အလွန်လက်ရာမြောက်သည်ဟုပြောနိုင်သည်။ 

 
၁၉၄၀ ခုနှစ်မှ အောင်ဘာလေ ထီလက်မှတ်တစောင်၊ ဦးဘိုး မျိုင် ဆင်ကူးတရုတ်စု သိန်းဆုရအောင် အထက်ဆရာကြီး "မ" ပါ။ 

 
၁၉၃၉ ခုနှစ် မှအောင်ဘာလေ ထီလက်မှတ်တစောင်၊ မပန်းစိန် စိန်နားကပ်ဝယ်ဖို့ 

 
အရင်တုန်းကထီလက်မှတ် တစောင် ၊အဲဒီတုန်းက ထီလက်မှတ်တွေပေါ်မှာ အတိတ်သဘောမျိုး ကိုယ်ရေးချင်တာရေးလို့ရတယ်။ 

 
၁၉၃၀ ခုနှစ် အောက်တိုဘာလ ၂ ရက်နယူးယောက်မြို့ မင်ဟတ်တန်ရပ်ကွက် ၂၈လမ်း ပါတဲ့ခင်မျာ။ အခုလတ်တလော ရေလွှမ်းခံထားရတဲ့နေရာတွေထင်ပါ့။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်