သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 5 November 2012

အသက် ၁၄ နှစ် ချစ်သူလေးများ ကြောင့် ထောင်ကိုးလ ကျတဲ့ အမျိုးသား

သက် ၂၂ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတစ်ဦးဟာ အသက် ၁၄ နှစ်အရွယ်  အရွယ်မရောက်သေးသူ မိန်းကလေး ၂ ဦးနဲ့ အတူနေ ခဲ့တဲ့အတွက် တနင်္လာနေ့ ထောင် ကိုးလ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပါတယ်။
 



ကျောပိုးအိတ်ကို အိမ်အကူသယ်ခိုင်းသောကြောင့် နာမည်ကြီးခဲ့သော စင်္ကာပူစစ်မှုထမ်းလူငယ်
တရားခံဖြစ်သူဟာ ပထမမိန်းကလေးနဲ့ ၂၀၀၉ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်မှာ အတူနေခဲ့ပြီး အခြား တစ်ယောက်နဲ့ ကတော့ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှာ နေခဲ့တာဖြစ်ပါတယ်။
  
ခရိုင်တရားရုံးတွင် စစ်မေးချက်အရ တရားခံဖြစ်သူဟာ အဆိုပါပြစ်မှုကျူးလွန်ချိန်မှာ အချိန်ပြည့် စစ်မှုထမ်း တစ်ဦးဖြစ်နေပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှာ ပထမ မိန်းကလေးအား သူ၏ ချစ်သူအဖြစ် လုပ်ရန် ကမ်း လှမ်း ခဲ့ပါတယ်။ ချစ်သူတွေဖြစ်ပြီးနောက်မှာတော့ ပိတ်ရက်များမှာ အတူ လျှောက်လည် ခဲ့ကြပြီး နောက် ဆုံး မှာတော့ ၄င်း၏ အိမ်ကိုခေါ်ကာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ပါတယ်။
သို့သော် လည်း သူတို့ရဲ့ ချစ်ခရီးဟာ ကြာရှည်မခံခဲ့ပါဘူး။ အဆိုပါ အမျိုးသားအနေဖြင့် အခြားေ ကာင် မလေး တစ်ယောက် နဲ့ အတူနေ တယ်ဆိုတာ ပထမကောင်မလေး သိပြီးနောက် ၂၀၀၉ ဇူလိုင်မှာ တစ်ခန်း ရပ်ခဲ့ ပါတယ်လို့ ဖော်ပြထားပါတယ်။
မူရင်း-straitstimes

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်