သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 4 November 2012

ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကန်ဒေါ်လာ သန်း ၃ဝ ကျော် EU ထောက်ပံ့မည်


ရန်ကုန်၊ နိုဝင်ဘာ ၎

ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ယခုနှစ် အတွက် ရရှိသွားသော ဥရောပ သမဂ္ဂ သည် မြန်မာ နိုင်ငံ ရှိ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရေး အတွက် အမေရိကန် ဒေါ်လာ သန်း၃ဝ ကျော်ကို ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ H.E Mr. Jose Manuel Barroso က နိုဝင်ဘာ လ ၃ ရက် နေ့ က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာန (...

Peace Center) တွင် သတင်းထောက် များအား ပြောကြားသည်။
 ဥရောပ သမဂ္ဂ အနေဖြင့် ၂ဝ၁၂ ခုနှစ်တွက် နှစ်ကုန်ပိုင်း ထိ အမေရိကန် ဒေါ်လာ ၇ သိန်း ခန့် ထောက်ပံ့ ပေးသွားမည် ဖြစ် ပြီး ၂ဝ၁၃ ခုနှစ် အတွက် အမေရိကန် ဒေါ်လာ သန်း ၃ဝ ထောက်ပံ့ သွား မည်ဖြစ် ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ထောက်ပံ့ငွေ များကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၏ ထိန်းချုပ် နယ်မြေများ ဖွံ ဖြိုးရေး လုပ်ငန်းစဉ် များတွင် အသုံး ပြု သွားမည် ဖြစ် ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းသို့ ထောက်ပံ့ ရာတွင် နိုင်ငံတော် သမ္မတ ၏ အမိန့် ကြေညာချက် ဖြင့် တရားဝင် ဖွဲ့ စည်း ထားသော မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန မှ တစ်ဆင့် အထောက် အပံ့များ ပြုလုပ် သွားမည် ဖြစ်သည့် အပြင် အစိုးရ နှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်း များ အားလုံး၊ လူပုဂ္ဂိုလ် များ အားလုံး နှင့် ပြည် နယ် အဆင့်၊ ပြည် ထောင် စု အဆင့် ဆွေးနွေး မှု့ များတွင် အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း တို့ နှစ်ဦး သဘော တူ လက်မှတ် ရေးထိုး ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေး စင်တာကို နိုဝင်ဘာလ ၃ရက် နေ့ က ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ "စစ်မှန် သော ငြိမ်းချမ်း ရေးကို တည်ထောင် နိုင်မှသာ တိုင်းရင်းသား လူမျိုးစု တိုင်း မျှော်မှန်းထား သည့် နိုင်ငံရေး ရည်မှန်းချက် များကို

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်