သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 6 November 2012

ဒေသခံများ ထောက်ခံမှုမရှိသောကြောင့် KIA တပ်ဖွဲ့ဝင်များ လိုင်ဇာဌာနချုပ်သို့ အကူအညီတောင်း

မြစ်ကြီးနား၊ နိုဝင်ဘာလ ၆ ရက်

ကချင်ပြည်နယ်အတွင်း ကချင်ပြည်ထောင်စု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရအား ဆန့်ကျင် တိုက်ခိုက်ပြီး အဖျက်လုပ်ငန်းများအား ဆောင်ရွက်နေသော KIA အကြမ်းဖက်သောင်းကျန်းသူ များအား ဒေသခံပြည်သူများမှ ထောက်ခံမှုမရှိသဖြင့် KIA တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ကျဆင်းနေကြောင်း သိရပါသည်။
 
ကချင်ပြည်သူလူထု ကောင်းစားရန် ဆိုသောရည်ရွယ်ချက်ဖြင့် အစိုးရအား တွန်းလှန် ပုန်ကန်နေကြောင်း

ကြွေးကြော်ထားသော်လည်း ၄င်းတို့၏ လုပ်ဆောင်ချက်များမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို 

ပျက်စီးစေသော လုပ်ရပ်မျာဖြစ်သည့် တံတားများချိုးခြင်း၊ လမ်းမှားဖျက်ဆီးခြင်း၊ အဓိက ကုန်စည် စီးဆင်းရာလမ်းကြောင်း ဖြစ်သော မီးရထားလမ်းများကို မိုင်းထောင်ဖျက်ဆီးခြင်း၊ ကချင်လူမျိုးအချင်းချင်း မုဒိန်းကျင့်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ စားနပ်ရိက္ခာများအား အနိုင်ကျင့်တောင်းခံခြင်း၊ လုယက်ခြင်း၊ ဆက်ကြေးငွေများ မတရား တောင်းခံခြင်း စသော အကြမ်းဖက် လုပ်ရပ် များကြောင့် ဒေသခံကချင်လူထုမှ မုန်းတီးရွံရှာမှုများ တိုးပွားရလာရ ပါသည်။


ပြည်သူလူထု၏ အားပေးထောက်ခံမှုကို မရသဖြင့် KIA တပ်ဖွဲ့များအနေဖြင့် ဒေသအတွင်း သွားလာ လှုပ်ရှားရာတွင် အခက်အခဲများစွာဖြစ်နေပါသည်။ ပြည်သူလူထုအတွင်း ပုန်းလျှိုးနေသော အကြမ်းဖက် သမားများအား ပြည်သူများမှ သတင်းပေးသဖြင့် မကြာခဏ အစိုးရမှ ဖမ်းဆီးရမိနေခြင်း၊ တပ်ဖွဲ့အတွင်း လူမျိုးရေး ခွဲခြားအုပ်ချုပ်မှုများကြောင့် KIAအဖွဲ့ဝင်ရှမ်းတိုင်းရင်းသားများမှ အစိုးရထံ လက်နက်ချ အလင်းဝင်မှု များအားလည်း သတင်းစာများတွင် မကြာခဏ ဖတ်နေရပါတယ်။


KIA လက်အောက်ခံတပ်များအနေဖြင့် ပြည်သူ၏ ထောက်ခံမှုကျဆင်းနေသောကြောင့် KIA ဗဟိုသို့ တင်ပြပြီးဗဟိုမှသတ်မှတ်ပေးသောနည်းလမ်းများအတိုင်းစည်းရုံးရေးများ ဆောင်ရွက်နေခဲ့သော်လည်း

မြေပြင်တွင် ဆက်ကြေးကောက်၊ ရိက္ခာစု၊ လူသစ်စုဆောင်းခြင်းများကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပြီး ရွံရှာ မုန်းတီးမှုကို ခံနေရပါတယ်။ တပ်မဟာ ၂ လှုပ်ရှားရာနယ်မြေများဖြစ်သော တနိုင်း၊ အောင်လွပ် စသော ဒေသများတွင် ဒေသခံ ပြည်သူများမှ KIA အား မုန်းတီးရွံရှာစွာ ဆက်ဆံမှုကြောင့် တပ်မဟာ ၂ မှ လိုင်ဇာဌာနချုပ်သို့ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်များ တောင်းခံနေကြောင်း သတင်းရရှိပါသည်။ KIA ဗဟို အနေဖြင့်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြီး ပြည်သူများ စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင် ရမည်ဆိုပီး အာမခံချက်နဲ့ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေများ တိုးမြှင့်ကောက်ခံနေကြောင်း သိရှိရပြီး၊ ဆွေးနွေးပွဲတွင် KIA မှ စစ်ရေးတာဝန်ခံအနေဖြင့် အဓိက ပုဂ္ဂိုလ်များ တက်ရောက်ခြင်း မရှိပဲ ခေါင်းရှောင်နေခြင်းကြောင့်

 ပြည်သူများမှ KIA အပေါ် မကျေနပ်ချက်များ တိုးပွားလျှက် ရှိကြောင်း သတင်းရရှိပါသည်။
ref: ကချင်နေ့စဉ်သတင်း
 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်