သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 4 November 2012

သမ္မတ၊ ဒေါ်စု ၊ ပြည်သူတွေကိုပါ ခွပ်စောင်းခုတ်လိုက်သူက ဦးအောင်သိန်းလင်း



“ပြည်သူတွေက လေ့လာမှု အားနည်းတယ် .. “ ဆိုပြီး လက်ရှိသမ္မတ သိန်းစိန်ကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော ပြည်သူပြည်သားတွေကိုရော စောင်းမြောင်းပြောဆို။ 
သတင်း/ဓါတ်ပုံ - ကေကေတီ)။
နိုင်ငံခေါင်းဆောင်ဖြစ်ရေးအ
တွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ညီညွတ်ရန်လိုကြောင်း အောင်သိန်းလင်းပြောကြားလိုက်ပါတယ်။



နိုင်ငံတော်၏ အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။ လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.
၄၈ ရာခိုင်နှုန်းမှ ထောက်ခံ အတည်ပြုထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှသာလျှင် နိုင်ငံခေါင်း ဆောင်ဖြစ်နိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု စီစစ်ရေးကော်မတီဥက္ကဋ္ဌ ကြံ့ ဖွတ် အောင်သိန်းလင်းက ပြောကြားသွားခဲ့ပါတယ်။

“နိုင်ငံရဲ့အကြီးအကဲခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ပြည်သူလူထု ရဲ့ ဆန္ဒသဘောထားတစ်ခုထဲနဲ့ မရပါဘူး။ မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်တွေနဲ့လည်း ညီညွတ်ဖို့ လိုပါတယ်။ ပြည်သူရဲ့ ဆန္ဒအပြင် နိုင်ငံတော်ရဲ့ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံး ပင်မကျော ရိုးကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်ရမယ်။

ဒီမိုကရေစီနိုင်ငံကိုသွားနေတဲ့အခါ ဖွဲ့စည်းပုံဥပဒေကို အခြေခံပြီးမှ ဥပဒေတွေ ရေးဆွဲရတာလေ၊ ပြည်သူတွေရဲ့ ဆန္ဒအပြင် ဖွဲ့စည်း ပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၅၉ ပါ နိုင်ငံခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီမှုရှိရင် ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အကြီးအမှူးခေါင်းဆောင်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုထဲမှာ မဟုတ်ဘူး ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၄/က မှာလည်း ဖော်ပြထားတာပဲ။ တိုင်းပြည်ခေါင်းဆောင်ဖြစ်ထိုက်တဲ့ အရည်အချင်းတွေ၊ ဒီဥပဒေတွေကို “ပြည်သူတွေအနေနဲ့ လေ့လာမှု အားနည်းတဲ့အခါကြတော့ သူတို့ ရဲ့ ဆန္ဒတစ်ခုထဲနဲ့ သူတို့သဘောကျတဲ့ တစ်ဦးတစ်ယောက်ကို နိုင်ငံ ခေါင်းဆောင်အဖြစ် တင်မြှောက်လို့ ရတယ်လို့ ထင်ကြတယ်။ ဒီလို မရဘူး။ ဖွဲ့စည်းပုံဥပဒေဆိုတာ ကျွန်တော် တို့နိုင်ငံရဲ့ ပင်မကျောရိုးကြီးလေ ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့ ကျွန်တော့်တို့နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်တွေကို လုံးဝသွေဖွယ်လို့ မရဘူးလေ။ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ အမတ်အရည် အချင်းနဲ့ ကိုက်ညီရမယ်။ အဲဒီကမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သမ်္မတအရည်အချင်းနဲ့ ကိုက်ညီမှ နိုင်ငံခေါင်းဆောင်ဖြစ်နိုင်မယ်” ဟု ကြံ့ ဖွတ် အမတ် အောင်သိန်းလင်းက ပြောကြားသွားခဲ့ပါတယ်။ အောင်သိန်းလင်းဟာ သူတို့ ရဲ့  ကြံ့ ဖွတ် ၂၀၀၈ ဖွဲ့ စည်းပုံကို အသေဆုတ်ကိုင်နေပြီး၊ အာဏာရာထူးနေရာကို မက်မောတွယ်တာသူ ခေါင်းမာသော ကြံ့ ဖွတ်အကြီးစား ဖြစ်ပါတယ်။

အောင်သိန်းလင်းဟာ ယခင်ကလည်း သမ္မတသိန်းစိန်ကို ကျော်လွန်ပြီး မြစ်ဆုံဆည်ကိစ္စ ဆက်လက်လုပ်ဆောင်မယ်လို့  တရုတ်မီဒီယာတစ်ခုနဲ့  အင်တာဗျူးလုပ်ခဲ့တာ လူသိရှင်ကြား ပေါ်ပေါ်လွင်လွင်ကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတသိန်းစိန်ဟာ တစ်ဦးတည်း သူ့ သဘောနဲ့  သူပြောတာလို့ ပြောတဲ့အပြင် တရုတ်ဘာသာ အင်္ဂလိပ်ဘာသာနဲ့  ရေးသားဖေါ်ပြထားတဲ့ ဒီအင်တာဗျူးပါ အချက်အလက်တွေကို မြန်မာပြည်သူပြည်သားတွေက ဘာသာပြန်တာ လွဲတယ်လို့ တောင် စော်ကားပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့  ပတ်သက်ပြီး ကြံ့ ဖွတ်ပါတီက အောင်သိန်းလင်းကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး ကြံ့ ဖွတ်ပါတီရဲ့  စည်းမျဉ်းစည်းကမ်းတွေနဲ့  အရေးယူဆောင်ရွက်မယ်လို့  ဌေးဦးတို့ က ပြောဆိုခဲ့ပေမယ့် မကြာခင်က ပြုလုပ်ပြီးစီခဲ့တဲ့ ပထမအကြိမ် ကြံ့ ဖွတ်ပါတီညီလာခံက ရွေးချယ်တင်မြောက်ပါတယ်ဆိုတဲ့ ကြံ့ ဖွတ်ပါတီဗဟိုကော်မီတီစာရင်းမှာ အောင်သိန်းလင်း ဆက်ပြီးပါရှိနေတာ တွေ့ မြင်ရပါတယ်။

သမ္မတသိန်းစိန်ကိုလည်း မထေမဲ့မြင် ပြောဆို၊ ပြည်သူလူထုကိုလည်း စော်ကားပြောဆိုခဲ့တဲ့ အောင်သိန်းလင်းဟာ ယခုလည်း ထပ်မံစော်ကားလိုက်ပြန်ပြီ။ အောင်သိန်းလင်းလိုလူမျိုးကို အရေးမယူရဲ မထိပါးရဲတာ ကြည့်ရရင် ကြံ့ ဖွတ်ပါတီဟာ မကောင်းသူများ မွေ့ လျော်ရာ အဖွဲ့ ဆက်လက်ဖြစ်နေတယ်ဆိုတာ သိသာထင်ရှားပါတော့တယ်။
from...Nik Nayman

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်