သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 7 November 2012

အိုဘားမား သမ္မတ ပုံရိပ်တစ်ခု

အိုဘားမား သမ္မတ အဖြစ်ပြန်လည်အရွေးခံရတာ ကိုကျနော်တို့ မြန်မာတွေအနေ နဲ့ လည်းပျော်ကြတာ လက်ခံကြိုဆိုကြတာတွေ့ရပါတယ်..                                        
                                        ဘာပဲဖြစ်ဖြစ်ပေါ့.. ကျနော်တို့ နိုင်ငံရဲ့ 




အပြောင်းအလဲကို ကျေကျေနပ်နပ်ကြီး သူ့စိတ်ပါဝင်စားစွာ ထောက်ခံခဲ့တာရယ်.. ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲအတွက် သူလက်ခံကြိုဆိုခဲ့သလို သူ့ရဲ့ ထောက်ခံမှုတွေကြောင့်လည်း မြန်မာ့အရေး ကို ကမ္ဘာက ပိုပြီးစိတ်ဝင်စားလာတာဟာ ငြင်းလို့မရတဲ့ အချက်တွေထဲပါနေပါတယ်..။ သူ
တို့အနေနဲ့ မြန်မာ ကို နိုင်ငံရေးအရ အမျိုးမျိုးသော သူတို့ရဲ့ မျော်လင့်ချက်အတွက် စဉ်းစားကောင်း စဉ်းစားထားမှာ ဖြစ်ပေမဲ့လည်း သူတို့ နဲ့ လိုက်လျောညီထွေရှိနိုင်တဲ့နည်းရယ်.. နှစ်ဖက်ပြည်သူတွေအတွက်ရယ်.. ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာတွေဖြစ်လောက်အောင် အထိတော့ သူတို့ချဉ်းကပ်မှာမဟုတ်ပါဘူး..။ ဘာကြောင့်ဆို သူတို့ကိုမျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ သူတို့ရဲ့ အတိုက်အခံတွေ ရှိနေတယ်မလား...။ ဘာပဲဖြစ်ဖြစ်ပေါ့..ကျနော်တို့ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အိုဘားမား ပြန်လည်အရွေးခံရတာကိုတော့ ကျနော့်တစ်ဦးတည်းရဲ့ သဘောဆိုရင်တော့ ပျော်မိတာအမှန်ပါပဲ.....။

ဒီနေရာမှာ သူ သမ္မတ အဖြစ်ပြန်အရွေးခံရမှ မြန်မာနိုင်ငံကိုလာဖို့ သေချာမယ်ဆိုတဲ့ ပြောဆိုမှုတွေ ဟာ တကယ်တော့ မဟုတ်ပါဘူး..။ အရွေးခံရသည်ဖြစ်စေ.. မခံရသည်ဖြစ်စေ..သူ့ရဲ့ သမ္မတ သက်တမ်းဟာ မကုန်သေးတဲ့ အတွက် လာမယ်လို့ ခရီးစဉ်ဆွဲထားပြီးသား ဆိုရင်တော့ နဂိုကတည်းက သေချာပြီးသားပါ....။
                                            


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်