သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 14 November 2012

ကိုကာကိုလာလျို့ ဝှက်ချက်

 
ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။


သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
ဖေ့စ်ဘုတ်မှကူးယူဝေမျှပါသည်။

2 comments:

  1. ဟယ် ..မသိဘူးကြည့်စမ်း..
    တော်တော်ကောင်းတဲ့ ကိုကာကိုလာ..
    လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးတဲ့ ကိုဂေါ်လီရေ...
    ကျေးဇူးပါဗျာ...

    ReplyDelete
  2. ကိုကာကိုလာတွင်မကပါ ပက်စီကိုလာတွင်လည်း ပါရှိပါတယ် အဘယ့် ကြောင့် ဆိုသော် Co2 ခေါ်သော
    ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်အနည်းငယ်ပါလို့  ဟုပြောကြပါသေးတယ် ဘာပဲဖြစ်ဖြစ် ငါးသေတ္တာ(စည်သွတ်)ဗူးနဲ့  ငါးအသေကောင်ကိုပုတ်ခံပြီး လုပ်ထားတဲ့ ငပိရည်ငံပြာရည်ကိုကြည့် ပါ၊
    တစ်ကယ်တော့  ငါးသေတ္တာနဲ့ အခြားစီသွတ်ဗူးတွေဟာ တာရှည်ခံအောင်ဓါတုဗေဒတွေနဲ့ လုပ်ထားတာလေ
    ငပိကလောက်သာတွယ်ရုံပြင်ဘာမှမဖြစ်ဘူး ဒီလောက်နည်းပညာတွေများစွာပါဝင်နေမှတော့ တန်ဆေးလွန်ဘေးဥပါဒ်ဆိုတာ သတိပြုစေချင်ပါတယ်
    သဘောတစ်ခုမှာ ကိုဂေါ်လီကို့မလေးရှားမှာ တစ်နေကုန်ဝရိန်တွေဆော်နေတယ် မျက်စေ့ တွေဖွင့် မရဘူး၊မီးအလင်းဟတ်လို့ လေ ချက်ချင်း ပနယ်လ်ဒေါဆေး၂ပြားနဲ့  ကိုကာကိုလာသံဗူးမှ သုံးချိုးတစ်ချိုး သောက်လိုက်တယ် နာရီပိုင်းတွင်းကောင်းလာတယ် ၊မှုးယစ်ဆေးဝါးသောက်ရသလိုပဲ ခံစာရိတိတိမှုးတယ်၊ဖြစ်တိုင်းသောက်လို့ မကောင်းပြန်ဘူး နောက်နေ့ ဝမ်းချုပ်လေတွေထိုးအောင့် တယ်
    ဓါတုဗေဒဟာတယ်ကယ်တော့ မကောင်းပါဘူး၊ထပ်ပြီးမယုံစမ်းကြည့် ပါ အင်မတန်မာကျောလှတဲ့ အမဲသား ကျွဲသား၊နောက်ဆုံးကုန်ပြောမယ်ငါးသားလောက်ပေါင်းချက်ရာ အမြန်နူးစေချင်ယင် ဘာမီတွန်ဆေးတစ်ပြားထည့် ချက်ကြည့် ပါ၊နူးအိလာပြီးကျက်တာလည်းမြန်လာလိမ့် မယ်၊
    ဒါဟာမလေးရှားက မြန်မာထမင်းဆိုင်တစ်ခုက လျို့ ဝှက်ချက်ပြောတာပါ၊
    နောက်ထပ်ကြုံယင်လည်းဖော်ကောင်လုပ်ပေးပါအုန်းမယ်...အဲမှာလိုက်ပါရစေ မိမိကိုယ်ငါကိုကာကိုလာသောက်နေတယ်ဆိုပြီး မာနမထားပါနဲ့ ...ကိုကာကိုလာကန်ထဲအလုပ်သမားပြုတ်ကျပြီးသေနေတာလည်းရှိဘူတယ်နော်..ဟဲဟဲ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်