သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 29 September 2013

Diprosopus ဆိုတာ ဂရိဘာသာ က မျက်နှာ၂ခု ဆိုတဲ့ အဓိပ္ပါယ် က ဆင်းသက် လာ ပြီး မွေးရာပါ မျက်နှာ ၂ ခု ဖြစ်နေခြင်း ကို ဆိုလိုပါတယ်။

 




တချို့ သိပ် မဆိုး ၀ါးတဲ့ အခြေ အနေမှာ သန္ဓေ သား ဟာ နှာခေါင်း နှစ်ခု နဲ့ မျက်လုံး ၂လုံး က ကွာဝေး စွာ ရှိနေတတ် ပါတယ်။ အရမ်း ဆိုးဝါး တဲ့ အခါ မှာတော့ မျက်နှာ ၂ခု ဖြစ်နေတတ် တာကို တွေ့နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲ မေးရင် အမြွှာ ကိုယ်ဝန် တွေမှာ အမြွှာ နှစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ သေသေ ချာချာ မကွဲ ထွက် နိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါဟာ sonic hedgehog homolog ( SHH ) လို့ခေါ်တဲ့ သန္ဓေ သား ရဲ့ ဦးခေါင်း နဲ့ မျက်နှာ ဖြစ်ပေါ် ရာမှာ အကူ အညီ ပေးတဲ့ ပရိုတင်း တစ်မျိုး ပိုနေတာ ကြောင့်ပါ။ ဘယ်သူ တွေမှာ ဖြစ်သလဲ ဆိုတော့ လူတွေ မှာကော၊ ကြောင်၊ သိုး၊ မြွေ အစ ရှိတဲ့ တိရစ္ဆာန် တွေမှာ ကော ဖြစ်တတ် ပါတယ်။ ဓါတ်ခွဲခန်း ထဲမှာ SHH တွေကို ကြက်သား လောင်း တွေကို ပေးလိုက် တဲ့ အခါ ကြက်လေး တွေ က ခေါင်း နှစ်ခု နဲ့ ပေါက် လာတာ တွေ့ရ ပါသတဲ့။ Diprosopus ဖြစ်နေတဲ့ သန္ဓေ သားဟာ များသော အားဖြင့် ဦးနှောက် မပါတာ ( anencephaly )၊ ဦးနှောက်နဲ့ အာရုံ ကြော မကြီး ဆက်တဲ့ နေရာ မကောင်းတာ ( neural tube defects ) ပြီးတော့ နှလုံး မူမှန် မဟုတ် တာတွေ ဖြစ်နေ တတ် ပါတယ်။

ဦးနှောက် က ပါနေတာ တောင်မှ ဦးနှောက် အစိတ်အပိုင်း တွေက နှစ်ခုစီ ဖြစ်နေပြန် ပါသေး တယ်။ ပြီးတော့ မျက်နှာ ပြင် ဆိုင်ရာ ကြွက်သား တွေ ပုံမှန် မရှိတာ ကြောင့် မျက်လုံး ပိတ်လို့ မရတာ နဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ စတာ တွေလဲ ဖြစ်ပွား နိုင်ပါတယ်။ ကိုယ်ဝန် ဆောင် ဟာ diprosopus ကလေး ကို ကိုယ်ဝန်ဆောင် ထားမိ တယ် ဆိုတာ ultrasound, computer tomography ( CT ) scanning, magnetic resonance imaging ( MRI ) နဲ့ MR angiography တို့က တဆင့် သိနိုင် ပါတယ်။ နောက် တစ်မျိုး ကတော့ polyhydramnios လို့ခေါ်တဲ့ ရေမြွာ ရည် အလွန် များပြား နေမှု က လည်း သိနိုင် ပြီး ကုသ လို့ မရနိုင် ပါဘူး။ ဒီဖြစ် စဉ် ဟာ အလွန် တရာ ရှားပါး တာမို့ ခွဲစိတ် ဖို့ နည်းလမ်း တောင် နည်းနည်း ပဲ ရှိပါတယ်။ တကယ် လို့များ မမွေးခင် မှာ ultrasounds ရိုက် ကြည့် လို့ သိခဲ့ တယ် ဆိုရင် ဖျက်ချ ဖို့ အကြံပေး ပါ လိမ့်မယ်။ ကလေး တွေက သားအိမ် ထဲမှာရော၊ အပြင် မှာပါ အသက်ရှင်ဖို့ အခွင့် အလမ်း အလွန် နည်းပြီး မွေးလမ်း ကြောင်း က မွေးဖွား လာ ခဲ့မယ် ဆို မိခင်ကိုပါ အသက် အန္တရာယ် ရှိနိုင် လို့ပါ။

အဲ့ဒီတော့ diprosopus ကလေး လေး တွေကို ကိုယ်ဝန် ရလာရင် ကလေးဟာ အသေမွေး တတ်ပြီး ၁၈၆၄ ခုနှစ် ကစလို့ မှတ်တမ်း အရ အ ယောက် ၅၀ ပဲ ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ မှာတော့ အရှင် မွေးတဲ့ ကလေး နှစ်ဦး ရှိပါတယ်။ မွေးမွေး ပြီးချင်းမှာ သေဆုံး သွား ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက် ဟာ အပေါ်မှာ ပြောခဲ့ သလို သိပ်မဆိုး ၀ါးတဲ့ အခြေ အနေမှာ မွေးလာ တာပါ။ ၂၀၀၈ မှာတော့ အသက် နှစ်လ အထိ အသက်ရှင် သွားတဲ့ LaLi လို့ခေါ်တဲ့ diprosopus ကလေး မလေး တစ်ဦး India မှာ ပေါ်ပေါက် လာပါတယ်။ Lali ကိုလူဦးရေ ၁၀၀ သာ ရှိတဲ့ နယူး ဒေလီ နဲ့ မိုင်လေးဆယ် ဝေးတဲ့ ရွာလေး တစ်ရွာ မှာ မွေးဖွား ခဲ့ပါတယ်။ မိဘ များဟာ လယ်သမား တွေ ဖြစ်ပြီး သူမက သမီး ဦး လေးပါ။ India မှာလုံ လောက်တဲ့ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု စနစ် မရှိလို့ ကလေး မိခင်က ကလေး ကိုယ်ဝန်ဆောင် နေချိန်မှာ ကလေး ဘာဖြစ် နေမှန်း မသိခဲ့ ပါဘူး။ ကလေး ကို ဆေးရုံမှာ မွေးရိုး မွေးစဉ် မွေးလမ်း ကြောင်း ကနေပဲ မွေးဖွားခဲ့ ပါတယ်။

မိဘတွေ ဟာ ကလေး အတွက် အထူး ကျန်းမာရေး စောင့်ရှောက် မှု လိုတယ် ဆိုတာ မသိခဲ့ ကြ တဲ့ အပြင် ကလေးကို CT scan နဲ့ MRI ရိုက် ဖို့ တောင် ခွင့်မပြု ခဲ့ပါဘူး။ ဒါကြောင့် ခွဲစိတ်ပေး ဖို့ရာ လည်း မဖြစ် နိုင် ခဲ့ပါဘူး။ ကလေး ရဲ့ အတွင်းဘက် မျက်လုံး နှစ်လုံး ဟာ မျက်နှာပြင် က ကြွက်သား တွေ ပုံမှန် မရှိ တာကြောင့် ပိတ် လို့ မရဘဲ corneal opacity လို့ ခေါ်တဲ့ အမြင် အာရုံ ချို့ယွင်း မှု ဖြစ်စဉ် ကို ခံစားခဲ့ ရပါတယ်။ မိဘ တွေ ဟာ ဆေးရုံမှာ ထားဖို့ ငြင်းဆန် ခဲ့ တာကြောင့် လုံလောက် တဲ့ ပြုစု မှုကို မရခဲ့ပါဘူး။ အာခေါင်ကွဲ နေတာကြောင့် အိမ် မှာ နို့ဘူး တိုက် တဲ့အခါ သူမရဲ့ ကွဲနေတဲ့ အာခေါင်ကြောင့် ကောင်းကောင်း မစုပ် ယူ နိုင် ခဲ့ပါဘူး။ ကလေးဟာ အားနည်း ဖျော့တော့ လာ၊ အန် လာပြီး infection ၀င်လာ ပါတယ်။ နောက်ပိုင်း မိဘ တွေဟာ ကလေး ဖျား လာတာ၊ ရေဓါတ် ချို့တဲ့ လာ တာမို့ ဆေးရုံ ကို ပို့လိုက် ပါတယ်။ antibiotic တွေ၊ saline drip တွေကြောင့် သူမ အခြေအနေ သက်သာ လာပေမယ့် ဆေးရုံ ရောက်ပြီး ခြောက်နာရီ အကြာ အသက်၂ လ ပြည့်မှာ heart attack နဲ့သေဆုံး သွား ခဲ့ ပါတယ်။

Myanmar Youth Media Club
— with Haney Shweyi.

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်