သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 1 March 2013

မင်းကိုနိုင်၏အကြာင်းတစ်စေ့တစ်စောင်း


ဒီမိုကရေစီ အင်အားစုတွေ ၂၀၁၅ မှာ ဒေသအလိုက် အနိုင်ရခဲ့တယ်ပဲ ဆိုပါဦး၊ ကျွန်တော်ထပ်မေးချင်တာက ၁၉၉၀ တုန်းကလည်း ခင်ဗျားတို့ နိုင်ပြီးပြီ မဟုတ်လား။ ၁၉၉၀ တုန်းကလို အသိအမှတ်မပြုဘူး။ မပေးဘူး ဆိုရင် ဘယ်နဲ့လုပ်မလဲ။

ထိုစကားများသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven တွင် မင်းကိုနိုင်ပြောခဲ့သော စကား များ ပင် ဖြစ်သည်။ မင်းကိုနိုင်ဟူသည် ၁၉၈၈ တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သူ တစ်ဦး ဖြစ်ရာမှ ထောင်များ အကြိမ်ကြိမ်ကျပြီးနောက် ကျောင်းသား ခေါင်းဆောင် နာမည်ခံထားသူ ဖြစ်သည်။ ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ဖူးသူ မဟုတ်သလို ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ အနိုင်ရ၍ လွှတ်တော် အတွင်း ရောက်လာကြချိန်တွင်လည်း အစိုးရ အပုပ်ချမှုများကို လုပ်ဆောင်ခဲ့သူသာ ဖြစ်သည်။
ယခုအခါတွင်တော့ အန်အယ်လ်ဒီမှ ရွေးကောက်ပွဲ လမ်းကြောင်း ပြင်ဆင်နေပြီမို့ ကျန်သည့် ဒီမိုကရေစီ လမ်း ကြောင်းသွားမည့် အဖွဲ့များကို သွေးခွဲ ဆူပူမှုများ ဆက်တိုက်ဖန်တီးနေပြီ ဖြစ်သည်။
 
Anonymous said...
အားလုံးပူးပေါင်းဆောင်ရွက် ရမယ့်အချိန်ရောက်နေပါပြီ အလုပ်အကိုင်မဲ့ ထောင်ထွက်တစ်ယောက်ရဲ့စကားကို ထည့်တွက်မနေပါနဲ့။
မောင်မှန် said...
ကိုမင်းကိုနိုင် ပြောတဲ့စကားတွေက တစ်ဖက်စောင်း နင်း ဖြစ်နေသလိုပဲဗျာ။ ၁၉၉၀ တုန်းက အစိုးရနဲ့ အခုအစိုးရ မတူသလို ၂၀၁၅ မှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်နဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေက ၁၉၉၀ တုန်းကပုံစံမျိုး တစ်ထပ်တည်း ဖြစ်လာ လိမ့်မယ်လို့ လှေနံဓါးထစ် မှတ်ထားလို့ မရနိုင်ပါဘူး။

က္ဈန်တော် ဒီလိုပြောတော့ တစ်ချို့က ထုံးစံအတိုင်း စစ်ခွေးလို့ ထောပနာ ပြုကြပါလိမ့်မယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ငြိမ်းချမ်းစွာ ရောက်ရှိချင်တဲ့ ပြည်သူတစ် ယောက်အနေနဲ့ ကိုယ်မြင်တဲ့ အမြင်ကို ရိုးသားစွာ တင်ပြတာပါ။
Anonymous said...
ဝေဖန်တာ မခက်ပါဘူးဗျာ။ ခင်များကိုယ်တိုင်ရော ဘာတွေလုပ်ပြနိုင်လို့လဲ။ ဒီလိုရေးရင် ခင်များတို့က အာ......ဒီကောင်က အစိုးရဘက်တော်သားလို့ ဆိုချင်ကြမယ်။ ကျနော်က ပါတီစွဲ မရှိဘူး။ ကောင်းတာလုပ်ရင် အားပေးမယ်။ဒါပဲ။ ကိုမင်းကိုနိုင်တို့ အုပ်စုရဲ့ နိုင်ငံရေးလမ်းကြောင်းက ဘာလဲ။ ကိုယ်တိုင်က ခြေထောက် တခြား လမ်းတခြား သွားနေပြီး သူများကို ဝေဖန်။ ကျနော်မကြိုက်ဆုံးက ဆူဆူပူပူနေရာဆို သူတို့ကရောက်ပြီ။ အမှုကို ကြီးသထက်ကြီးအောင်လုပ်။ စုံစမ်းရေးကျ လက်ရှောင်။ လက်ပတောင်းကိစ္စကိုကြည့်။ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးဆိုတာ ခင်များမပြောလဲသိတယ်။ မကူညီချင်နေ မနှောက်ယှက်နဲ့။ နိုင်ငံခြားမှာသွားပြီး သိက္ခာချရလောက်အောင်တော့ မဆိုးသေးပါဘူး။ အာပေါက်အောင်ပြောလဲ ခင်များတို့က သိမှာမဟုတ်ဘူး။ ၈၈ကတည်းက ကျောင်းသား ခုလည်းကျောင်းသားပဲရှိသေးတယ်။ အရေးအခင်းနောက်ပိုင်းမွေးတဲ့ ကျုပ်တောင် ဘွဲ့ရပြီးပြီ။ ဘွဲ့ရဘာလုပ်ရလည်း မမေးနဲ့။ ကျနော်တို့က သင်ရင်တတ်တယ်။ မတတ်တာ ဘယ်သူလဲ။
ကိုဇင်(မုံရွာ)
Anonymous said...
မင်းကိုနိုင်တို့များ.. ပြောတတ်ပါ့တော်.. ပွဲဆူအောင် ဖွတတ်ပုံများတော့.. ခါချဉ်အုံ ဒုတ်နဲ့ ထိုးချသလား.. မှတ်ရ
Anonymous said...
အယ်.. ညည်းကတော့ ပြောရော့မယ် ကောင်မရယ်.. မင်းကိုနိုင်က ပွဲဆူအောင် လျှောက်လုပ်နေတာ မဟုတ်ပါဘူးအေ့.. သူ့ကို ထောင်ထဲပို့ခဲ့တဲ့ စစ်ဗိုလ်ချုပ် တွေကို အခုထိ အခဲမကြေသေးတာပါ.. အခဲမကြေ ပုံများတော့.. နဖူးက အမာရွတ်မြင်တိုင်း မဟော်သဓာ ကို အမှတ်ရတဲ့ ကေးဝဋ်ပုဏ္ဏားလား.. မှတ်ရ
အုန်းဖောင် said...
ပုလင်းကိုကိုင် အဲ ငပျင်းအိုနိုင် ဟာဟုတ်သေးပါဘူး

အဲအဲဟုတ်ပြီ မင်းဘိုထိုင် =

မင်းစိုးရာဇာ တို့အသုံးပြုရန်အိမ်သာခွက်
Anonymous said...
မင်းကိုနိုင်.. မင်းကိုနိုင်.. ဟုတ်မလားလို့ စောင့်ကြည့် မိပါတယ်.. အစိုးရမကောင်းကြောင်း အတော်ပြောတာ ပဲကိုး.. အစိုးရ မကောင်းကြောင်း ပြောဘို့ဆို သူ့ပါးစပ် ကြီးက မြင်းအီးပေါက်သလား.. မှတ်ရ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်