သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 1 March 2013

ခွေးလေခွေးလွင့် ပုံပြင်...

 
 
တစ်ခါတုန်းက လူဦးရေ ၁၃၅ မျိုးရှိတဲ့ ရွာတစ်ရွာမှာ ဖြတ်သွားတိုင်း ဟောင်တတ်တဲ့ ခွေးလေခွေးလွင့်တွေ အများ ကြီး ရှိသတဲ့။ အဲဒီခွေးလေခွေးလွင့်တွေက ဟိုကကိုက်၊ ဒီကကိုက်၊ အချင်းချင်းလည်း ပြန်ကိုက်ကြ သ တဲ့။ နောက်ဆုံးမှာတော့ အင်မတန် ပညာရှိသော ပုဂ္ဂိုလ်ကြီး တစ်ဦးရောက်လာတဲ့အခါ ခွေးလေခွေး လွင့် နှိပ်ကွပ်ရေး လုပ်တော့တာပဲ။ ရှိသမျှ ခွေးတွေအကုန် ဖမ်းဆီးထောင်ချ ခွေးပါးမ၀နိုင်အောင် ဆုံးမတဲ့ အခါ ထိုခွေးများ ဖိန့်ဖိန့် တုန်အောင် ကြောက်ခဲ့ရပါသတဲ့။
ဟောင်လွန်းသည့်ခွေး လူမလေး ဆိုသလို ရွာပြင်ကနေ ဟောင်ကြ၊ အူကြတော့ မျိုးဆက်သစ်များက ထိုခွေး တွေ အကြောင်း မသိကြတော့ ဘူးပေါ့။ ဒီလိုနဲ့ ပညာရှိကြီး နေထိုင်စဉ်မှာ လူအများ အိပ်ကောင်း၊စား ကော င်း၊ နေလို့ ထိုင်လို့ ကောင်းခဲ့သတဲ့။ ကြိုးစားတဲ့သူတွေက ဆရာဝန်၊အင်ဂျင်နီယာတွေ ဖြစ် ပညာတတ်တွေ ဖြစ် ကုန်လို့ ဒီရွာက လူတွေ အသိလေးတော့ ရလောက်ပါပြီ ဆိုပြီး ပညာရှိကြီးက တရားရိပ်ကို ခိုလှုံသွား ပါ သတဲ့။
အံ့သြသင့်ဖွယ် လုပ်ဆောင်ချက်များနဲ့ ပညာရှိကြီး ထွက်သွားတဲ့ အချိန်မှာ သနားကြင်နာတတ်တဲ့ ပညာ ရှိများ ရွာလေးကို အုပ်ချုပ်ကြပါလေရော။ ခွေးလေခွေးလွင့်တွေတော့ သနားပါတယ်။ ပြဿနာ မဖြစ်ရင် ပြီးေ ရာ လူတွေနဲ့ နေပါစေ ဆိုပြီး အမိန့်ချလိုက်တဲ့အခါ ထောင်ထဲက ခွေးလေခွေးလွင့်တွေ၊ ရွာပြင်က ခွေးလေေ ခွး လွင့် တွေ ရွာထဲ ရောက်လာကြသတဲ့။ ရွာထဲက အရူးတွေ၊ စိတ်မနှံ့သူတွေက ခွေးလေခွေး လွင့်တွေ ဟောင်တိုင်း လက်ခုပ်ထတီးကြပါသတဲ့။
ပညာရှိများ၊ အေးချမ်းစွာ နေလိုသူများကတော့ ထိုခွေးလေခွေးလွင့်များ ဟောင်သံကြောင့် အိပ်ရေးပျက်ပြီး စိတ် အနှောက်အယှက် ဖြစ်ကြပါသတဲ့။ ပညာရှိ ရွာသူကြီး အသစ်များလည်း ထောင်ထဲမှာ ပိန်လှီပြီး ထောင်ပြင် ရောက်တော့ ဖောင်းကား ပေါက်ဖွားမှုနှုန်းများလာတဲ့ ခွေးလေခွေးလွင့်များကို မနှိမ်နှင်း နိုင်ေ တာ့ ဘူး။ စိတ်ပျက် ပေမယ့်လည်း ဂရုဏာတရား၊ တိရစ္ဆာန် ညှင်းဆဲမှု ဥပဒေတွေနဲ့ နိုင်ငံတကာ တိရစ္ဆာန် ဂရု စိုက် အဖွဲ့တွေကို ကြည့်ပြီး သည်းခံရသတဲ့။
နောက်ဆုံးတော့ ခွေးလေခွေးလွင့်များဟာ လက်ရှိ ပညာရှိရွာလူကြီးများကို ဟောင်လို့ ၀တဲ့အခါ၊ သူတို့ကို ထောင် ထဲ ထည့်ခဲ့တဲ့ ပညာရှိကြီးကိုပါ ကိုက်ဖို့ တောင်းဆိုလာပါလေရော။ ခွေးလေခွေးလွင့်များက ဟောင်ပြီ၊ တောင်း ဆိုပြီး ဆိုပြီး ခွေးချစ်သူများ စာစောင်တွေကလည်း ဖော်ပြကြတာပေါ့။ 
နောက်ဆုံးတော့ ပညာရှိ ရွာသူကြီးများက ခွေးလေခွေးလွင့်များကို ကြည့်ပြီး အဖြေတစ်ခုကို ဆုံးဖြတ်ဖို့ အစည်းအဝေးထိုင်ကြပါသတဲ့။
  
ပညာရှိရွာလူကြီးများမှ ခွေးလေခွေးလွင့်များ တစ်နေ့တစ်ခြား များပြားလာမှုကို ဖြေရှင်းရန်အတွက် အစည်း အဝေး ထိုင်ပြီး ဆုံးဖြတ်ကြသည့်အခါ ပညာရှိ အဟောင်းကြီးကို မေးမြန်း အကူအညီ တောင်းခံရမည်ဟု ဆုံး ဖြတ်ခဲ့ကြပါတယ်။

ဒါနဲ့ ပညာရှိကြီး ဆီကို ရောက်တော့ ခွေးကလေး အရောဝင်တော့ ပါးလျှက်နားလျှက် ဖြစ်နေပြီ မဟုတ်လား ဆိုပြီး ဆီးကြိုပြောပါသတဲ့။ ပညာရှိရွာလူကြီးများမှလည်း ခွေးရူးကောင်းစား တစ်မွန်းတည့်လို့ ထင်ခဲ့မိပြီး လွှတ် ထားပေးမိကြောင်း ၀န်ခံခဲ့ကြပါလေရော။

ပညာရှိကြီးက ဒို့ရွာမှာ လူတွေကောင်းကောင်းနေချင်ရင် ခွေးမထားရဘူး။ ခွေးတွေကို သတ်ချင်ရင်သတ်၊ မသတ်ချင်ရင် ထောင်ထဲထည့်၊ မထည့်ချင်ရင် ရွာပြင်ထုတ် ဒီနည်းလမ်းကို လုပ်ရမယ် ဆိုပြီး လုပ်နည်း လုပ် ဟန် တွေကို ရှင်းပြပါတယ်။ ဒါပေမယ့် ဂရုဏာကြီးမားပြီး ခွေးကို လူလို ဆက်ဆံချင်တဲ့ ပညာရှိရွာ လူကြီး များ ကတော့ တွေဝေပြီး နောက်တစ်ကြိမ် အစည်းအဝေး ပြန်ထိုင်ကြပြန်ပါလေရော။

အိမ်စောင့်ခိုင်းလို့ရတယ်၊ ခွေးတွေ ရှိရင် သူစိမ်းဝင်လို့ မရဘူး။ ဒီခွေးတွေက အကြောင်းသိပြီးသားဆိုတော့ အ ခွင့် အရေး ပေးလိုက်လျှင် ငါတို့ကိုတော့ ကိုက်မှာ မဟုတ်လောက်ပါဘူး ဆိုပြီး ခွေးများကို အိမ်ပေါ်ခေါ် တင်ဖို့ ဆုံးဖြတ်ကြပါတယ်။ လမ်းပေါ်က ဟောင်တဲ့အဆင့်ကနေ အိမ်ပေါ်တွေ ခေါ်တင်တဲ့နောက်မှာတော့ ခွေး များ ခွေးပါး ၀လာခဲ့ကြပါလေရော။

ခွေးအခွင့်အရေး၊ ခွေးလွတ်လပ်ခွင့်၊ ခွေးမကြောက်တရားများ ဟောင်ကြသည့်အခါ ခွေးပရိသတ် များက လည်း သဘောတူကြောင်း ၀ိုင်းဟောင်ကြပြန်သတဲ့။ ခွေးများ သဘောတူ ၀ိုင်းဟောင်သည့်အတွက် ခွေးေ ခါင်းေ ဆာင် များက အားတက်လာပြီး ပညာရှိရွာလူကြီးများ မကောင်းကြောင်း၊ သူတို့ ခွေးများ မ၀ရေစာ စားရ သည့်အတွက် ရွာလူကြီးများ၏ ပိုင်ဆိုင်မှုများ ထုတ်ပြသင့်ကြောင်း၊ ရွာထဲရှိ လုံခြုံရေးကျောင်းမှ စစ် သင် တန်းကျောင်း အောင် သူ များကို ဂရုစိုက်စရာ မလိုကြောင်း၊ လက်နက်ဖြင့် တိုက်ပါက ပါးစပ်ဖြင့် ပြန် ကိုက် မည် ဖြစ်ကြောင်း မကြောက် တရားများ ဟောပြောကြပါတယ်။

တစ်ချိန်တည်းတွင် ရွာမှာ ခွေးချစ်သူ အဘွားကြီး တစ်ဦးလည်း ရှိပြီး အဲဒီအဘွားကြီးဟာ ရွာမှာ အလွန်ပဲ သြဇာ ညောင်းလှပါတယ်။ တစ်နေ့မှာ အဘွားကြီးက ရွာနီးချုပ်စပ် လည်ရင်း ကျွန်မခွေးလောက် လူတွေ အ သိ ဥာဏ် ရှိရင် ကမ္ဘာကြီး ငြိမ်းချမ်းကြောင်း ဟောပြောခဲ့သည့်အတွက် ခွေးများ အလွန်ဝမ်းမြောက်ကြ ပါလေေ ရာ။ နေရာတိုင်းတွင် ခွေးမျက်နှာဟု ဆိုရမတတ် အဘွားကြီး၏ အထောက်အပံ့ကို ရလိုသူများက လည်း ခွေးများကို အလွန် ချစ်သွားကြပြီး ခွေးများ လုပ်သမျှ မှန်ကန်ကြောင်း ထောက်ခံကာ ခွေးများကို ပံ့ပိုးကြပါသတဲ့။

တစ်သွေးတစ်ရောင် ဖြစ်လာတဲ့ ခွေးများဟာ တစ်နေ့တစ်ခြား ပိုဆိုးပါလေရော။ ထိုခွေးများကြောင့် ခွေးချစ် သူ အဘွားကြီးက တစ်ဖက်၊ ခွေးများကို သနားသော်လည်း မနှစ်ခြိုက်သူ ပညာရှိ ရွာလူကြီးများက တစ်ဖက် မသိ မသာ အားပြိုင်မှုများ ဖြစ်လာကြပါသတဲ့။

တစ်နေ့မှာတော့ ရွာတွင်း ဆူပူမှု တစ်ခုဖြစ်ပွားသည့်အခါ ခွေးများ နောက်ကွယ်က ၀ိုင်းဟောင်သည့် အတွက် ပြဿနာများ ပိုမိုကြီးကျယ်လာပါတယ်။ ဒါနဲ့ ပညာရှိ ရွာလူကြီးများက ခွေးချစ်သူ အဘွားကြီးအား ခေါင်းဆောင် ခန့်ပြီး ဖြေရှင်းစေရပါသတဲ့။ ခွေးချစ်သူ အဘွားကြီးမှ ပညာဥာဏ်ဖြင့် ဖြေရှင်းသော်လည်း ခွေးပါး ၀နေသည့် ခွေးများက အဘွားကြီး စကားကိုပင် နားမထောင်တော့ဘဲ ဆက်လက်ဟောင်ေ နကြပါတယ်။

 ခွေးများကို အလိုလိုက်မိသည့် ရွာကလေးမှာ ခွေးများကို မထိန်းနိုင်တော့ သည့် အတွက် တစ်ရွာလုံး ခွေး ဇာတ် အခင်း ခံနေရပါတော့တယ်။ ခွေးများ အားကိုးဖြင့် ခွေးထက်မိုက်သူများကလည်း ရွာအုပ် ချုပ် သူများ ကို ခွေးစိတ်ပေါက်ကာ ပြန်ကိုက်ကြပါသတဲ့။ ခွေးကိုက်ခံရ၍ ရွာ အုပ်ချုပ်သူများ ထိခိုက် သေဆုံးမှု များ ရှိ လာသော်လည်း ခွေးများကို ယခင်ပညာရှိကြီး နည်းအတိုင်း လုပ်ဆောင်ရန် အခက်အခဲများစွာ ရှိနေခဲ့ပါ တယ်။
ဤသို့ဖြင့် ရွာကလေးမှာ ခွေးလေခွေးလွင့်များက တစ်ဖက်၊ ခွေးချစ်သူများက တစ်ဖက်၊ ခွေးကြောင့် အနှောက် အယှက် ဖြစ်သူများက တစ်ဖက်ဖြင့် စိတ်ညစ်ညူးဖွယ်များ ကြုံတွေ့ရကာ ယခင်လို အေးချမ်း သာယာသည့် ဘ၀ မျိုးကို ပြန်လည်တောင့်တရင်း ခွေးမျက်နှာကြည့်ပြီး နေရပါလေရောတော့ကွယ်..။
အောက်ပို့ စစ်အိုင်းမှ..

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်