သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 1 March 2013

စစ်တပ်အုပ်ချုပ်မှသာ စည်းကမ်းရှိတတ်သော မြန်မာလူထု ကသာ၌ ရဲ အရာရှိအား ဓားဖြင့်ထိုး


၂၈၊ ၂၊ ၂၀၁၃ ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်ခန့်က ကသာမြို့ ရဲစခန်းတွင် တာဝန်မှူး တာဝန်ထမ်းေ ဆာင်ေ နသော ရဲအုပ်မျိုးမြင့်သိန်း ဆိုသည့် ရဲအရာရှိ တစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း တရားခံမှ ဓါးဖြင့် ထိုးခဲ့သဖြင့်ယခုအချိန်တွင် ကသာခရိုင်ပြည် သူ့ဆေးရုံကြီးခွဲစိပ်ခန်း တွင် အရေးပေါ် ခွဲစိပ်ကုသမှု ခံယူနေ ရကြောင်းသိရှိရပါသည်၊အသက်အန္တရာယ်ထိခိုက်နိုင်ရှိမရှိနှင့် ဒါဏ်ယာပြင်းထန်းမှုအခြေအနေကို မသိ ရသေးကြောင်းသတင်း ရရှိပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းကို ဒါးဖြင့်ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံစိုးစိုး(ဘ)ဦးမှတ်အား အချိန်ပိုင်းအတွင်း ကသာ ခရိုင်ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်၊
အမှုဖြစ်စဉ်မှာ ရဲအုပ်မျိုးမြင့်သိန်းတာဝန်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသော ရဲစခန်းသို့ ဒေါ်ခင်သိန်း (ခ )ဒေါ်ဒါဘီ ယာ(အသက်၇၈နှစ်)မှ လာရောက်တိုင်ကြားသည်မှာတစ်ချိန်က ချွေး မတော်စပ်ဖူးသူ နှင့် မောင်ဖြစ် သူများမှဒေါ်ခင်သိန်းပိုင် အိမ်ဝန်းအတွင်း မိမိ၏က ခွင့်မပြုပါဘဲ အိမ်ဆောက်နေသဖြင့် လာေ ရာက် တာဆီးပေးပါရန်တိုင်ကြားခဲ့သဖြင့် ရဲအုပ်မျိုးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ အမှုဖြစ်ရာ ရပ်ကွက် (၉)အပိုင်း(၃)သို့ သွားရောက်တားဆီးခဲ့ပါသည်၊
ထိုသို့တားဆီး၍ ရဲစခန်းသို့ လိုက်ပါဖြေရှင်းကြဖို့ပြောဆိုရာတွင် သန်းထွန်းမင်း(၂၈နှစ်)ဘ-ဦးမှတ်မှ ဒါး မဖြင့်ေ ပါက်ပြီး နေ အိမ်သို့ ပြန်သွားခဲ့ပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းမှ သန်းထွန်းမင်းနောက်သို့ လိုက်သွားရာ သန်းထွန်းမင်း၏ညီဖြစ်သူ စိုးစိုးမှ အရိုး အသွား ၁၃.၅လက်မ ရှိ ဓါးမြှောင်ဖြင့် အိမ်ထဲမှ ထွက် ထိုးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောဆိုပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ကသာရဲစခန်းမှ (ပ)၅၆/၂၀၁၃ဖြင့်တိုင်ချက်ရေး သွင်းပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၃/ ၁၁၄ဖြင့် အရေးယူအမှုဖွင့်ထားကြောင်းသိရပါသည်၊
Posted from ဟာဂျူလီ-ကသာ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်