သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 13 November 2013

အလင်းရောင်ကြယ်ဘလောက်ဂါမှ ပို့ စ်တင်ရန်ကြာမြင့်သော အခက်ခဲများ

မင်္ဂလာပါဟုနုတ်ဆက်ပါရစေ
ကွန်တော်အလင်းရောင်ကြယ်များ၏ ဘလောက်စပေါ့ ဆိုဒ်ကလေးသက်တမ်းမှာ ၃နှစ်ကျော်နီးပါးရောက်ရှိဖြတ်သန်းခဲ့ ပြီး


ထိုဘလောက်စတင်ရေးစဉ်ကာလက ပြည်ပ မလေးရှားတွင် 5Gb ကိုယ်ပိုင်အင်တာနက်လိုင်း ကိုင်ဆောင်၍ စိတ်ကူးရတိုင်း သတင်းနှင့်  အခြားသောမီဒီယာ အထွေထွေ ကဏ္ဍများတို့ အား အချိန်နာရီ မကန့်သတ်ဘဲ
အစဉ်မပြတ်နေ့ စဉ်ဆိုသလို UpDate အဖြစ်ရှာဖွေ ရေးသားကူးယူ လက်ဆင့် ကမ်းနိုင်ပြီး
တစ်ချိန်တည်းမှာပင် အင်တာနက်Browser Mozilla ၄ ခုအားတစ်ပြိုင်တည်း။ဖေ့စ်ဘုတ်အပါဝင် ကွန်ပျုတာ တစ်လုံးထဲနှင့်  တစ်ပြိုင်တည်း အပြန်လှန် ရှာဖွေရေးသား ကူးယူနိုင်ပြီး
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် မလေးရှားနိုင်ငံမှ အမိမြန်မာပြည်သို့  အပြီးတိုင်ပြန်လည် အခြေချသောအခါ
မြန်မာနိုင်ငံ၏ အင်တာနက်နှေးကွေး လေးလံမှု့ ။တစ်ခါက မလေးရှားတွင် ကိုယ်ပိုင်လိုင်းကိုင်ဆောင်ခဲ့ ခြင်း။နီးစပ်ရာ လမ်းဘေးစားသောက်ဆိုင် လဘ္ဖက်ရည်တစ်ခွက်လောက်သာသောက်၍ တစ်နေကုန် 10Gb
မည်သူမဆိုလွှတ်လပ်စွာ ချိတ်ဆက်အသုံးပြုနိုင်သော Free Wifi ဆိုင်များတွင် မိမိကိုယ်ပိုင် လက်တော့ပ် လေးဘေးမှာချပြီး မငြီးမငြူတမ်း အင်တာနက်ကို အသုံးချခဲ့ပြီး ၊
ယနေ့ မြန်မာပြည်ပြန်ရောက်သော အခါစိတ်သွားရာကိုယ်မပါ ။လျှပ်စစ်မီးကလည်း အားနည်း၊အင်တာနက်ဆိုင်တွင် ဝင်ရောက်ရေးသားတင်ပြသော်လည်း၊စိတ်ဆင်းရဲရသောLoading Band Wave ကြောင့်မိမိနှစ်သက်မိသော သတင်းနည်းပညာ ကဏ္ဍအထွေထွေ A4စာမျက်နှာ တစ်ဝက်ခန့် ကိုPostတင်ရန်အနည်းဆုံးအချိန်ပြောရယင်..
အောက်ပါပြသနာများရင်ဆိုင်ကြုံတွေ့ ရပါသည်။
အချို့ သော တော်ယုံမျှသာ လိုင်းကောင်းယုံလေးဆိုင်တွင် တစ်နာရီကိုကျပ်ငွေ ၃၀၀ ခန့် ပေးထိုင်ရသောဆိုင်တွင်။
မိမိစက်ကိုစတင်ထိုင်သောအခါ ဆိုင်မှတင်ထားသော Mozilla Browser မတူညီသောကြောင့်  ပထမဆုံးwww.goole.comအားပြန်လည်နေရာချရခြင်း။
 အင်တာနက်ဆိုင်မှ ကွန်ပျုတာစက်အထွေထွေ softwareများလေးလံမှု့  မြန်မာဆာဗာ connection နှေးကွေးမှု့ ။
ဂူဂယ်လ်စာမျက်နှာ ပွင့် လာသော်လည်း။နောက်ထပ် Browser တစ်ခုဖွင့်ရာအချိန်စောင့် ဆိုင်းရခြင်း။
မိမိ၏ ဘလောက်အား Post တစ်ခုတင်ရန် ကီး ပါတ်စ်။ဝင်သောအခါ ပွင့်ရန်စောင့် ဆိုင်းနေရခြင်း။Public Postတင်သောအခါလည်း စောင့် ဆိုင်းနေရခြင်း။
အခြားသတင်းတစ်ခု ကူးယူဝေမျှသောအခါ ကူးနေချိန်တွင် မီးပျက်ရခြင်း။ထပ်ဆင့် Loading ထိုးကျသွားခြင်း။
ကံဆိုးမိုးမှောင် မိမိထိုင်သော ခုံမှစက်သည် ။ဝင်းဒိုးအတုများ ဖြစ်သောကြောင့်၊Virus မကာထား၍ တစ်ကယ်အလုပ်လုပ်နေသည့်  softwareများလုပ်ဆောင်ရာတွင်လေးလံနေခြင်း၊
ဆူလွယ်နပ်လွယ် ရေးနိုင်သော microsoft word များဖြုတ်ထားခြင်း ကီးပိတ်ထားခြင်း။Copy ကူးမရခြင်း။မိမိအသင့် ရေးပြီးသား Postအား မိမိပါလာသော stick ဖြင့် ထိုးသွင်းဖွင့် ရေးပြန်တော့ လည်း
မိမိကိုယ်ပိုင်စက်၏ software နှင့် အင်တာနက်ဆိုင်မှ software လုပ်ဆောင်ချက်မတူညီသောကြောင့် type font များလုံးဝအလုပ်မလုပ်ခြင်း။
အင်တာနက်ဆိုင်စက်ထဲမှ Virus များဝင်ရောက်ဖျက်ဆီးမွှေနှောက်ခံရခြင်း။
မိမိကိုယ်လက်တော့ ပ်အား အင်တာနက်ဆိုင်တွင် ချိတ်ဆက်သုံးရန်ယူဆောင်လာသောအခါ ဆိုင်ရှင်မှချိတ်ဆက်သုံးခွင့် မပြုခြင်း ခင်ဗျားတို့ စက်တွေက ကျွန်တော်တို့ ဆီမှာ Download တွေယူမှာစိုးလို့ တဲ့ 
တော်လိုက်တဲ့  အတွေးခေါ် အိုင်တီ အင်တာနက်ဆိုင်ရှင်တွေ....
မြန်မာပြည်ရှိ လူငယ်အတော်များများ အင်တာနက်ကဖေးဆိုင်တွင် Dota ခေါ်ဂိန်းပရိုဂရမ်အား ငွေကြေးအကုန်ခံပြီး
ပြောရယင်...ထိုဂိမ်းကစားသူ ဝါသနာရှင်ကိုယ်တိုင်ပဲ ၄င်းDota Software ကမ္ဘာထဲရောက်နေသလို တစ်ဦးနှင့် တစ်ယောက် ကီးဘုတ်ပေါ်မှာ ချိတ်ဆက်၍ တစ်ဦးနှင့် တစ်ယောက်ရှေ့ နောက်တောင်မြောက်
အရပ်မျက်နှာပါမကျန် ဆူညံ ပေါက်ကွဲ အော်ဟစ် ဆဲဆို သံများလည်း။ဘလောက်ဂါရေးသော သူများ အမှန်တစ်ကယ် facebook သုံးနေသော သူများအတွက်လည်း နားညီးသော ဒုက္ခအာရုံအသံများ
အစဉ်ဆက်ခံရခြင်း။
ဒီကိစ္စပြသနာတင်ပဲ သတင်းတစ်ပုဒ် မိမိရေးခြင်သော ဆောင်းပါးထွေထွေ နာရီဝက်ခန့် အချိန်ကုန်ရပြန်ပြီ။သတင်းနှစ်ပုဒ်ဆိုယင် တစ်နာရီ ကုန်ပြီမိမိအိပ်ထဲက ကျပ်ငွေ ၃၀၀-
ခနကြာတော့  ဆိုင်ပိတ်ပါပြီတဲ့ ခင်ဗျာ.....
ပါလာတဲ့  ဟမ်းဆက် မိုဘိုင်းဖုန်းနဲ့  မြန်မာပြည်မှဝယ်ယူထားသော GSM 09*****တပ်သည့် နည်းပညာဖြင့်  ချိတ်ဆက်သုံးပြန်တော့ လည်း -ပိုးသာကုန် ဒီမောင်ဆောင်းမတပ်-ဖုန်းပူ လိုင်းကာဒ်ထဲကငွေသာ
စားသွားရပေ၏...တစ်ခါထည့် ယင် ကျပ်ငွေ၅ထောင် အထက်၁သောင်းတန်ကာဒ်
သတိရပါတယ်ဗျာ...ကျွန်တော်တို့  မလေးရှားမှာနေစဉ် မိမိကိုင်ဆောင်နေသော 5Gb တစ်လစာ အင်တာနက်ဘိုး-မလေးရှားတွင် ကျွန်တော်တို့  သာမာန်လုပ်အားခ တစ်ရက်စာပါ..ဖဲ့စမ်းရေးစမ်း ကြိုက်သလောက်
မြန်မာပြည်ပြန်ရောက်တော့  ပါတာတောင်ကုန်လုနီး မြန်မာပြည်စီးပွားရေး သာမာန်လူတစ်ဦး ဝင်ငွေ ၅ထောင်အထက် ခေတ်မှာ ။မီတာခတိုးတောင်းအုန်းမယ်ဆိုတဲ့  ပြသနာ ဟိုပြသနာဒီပြသနာ
စားဝတ်နေရေး ဘယ်မှာလည်း ကျွန်တော်တို့  အင်တာနက် ကိုအားကိုးသုံးနေသော သတင်းနည်းပညာ ဘလောက်ဂါသမားတို့ ...Update ပုံမှန်လုပ်နိုင်မှာမည်နည်း....

ဖိတ်ခေါ်ပါတယ်....ကျွန်တော့်ဘလောက်စပေါ့အား ။ကိုယ်ခြင်းစာ ဝါသနာရှင် များ

1 comment:

  1. ကိုဂေါ်လီရေကျွန်တော်တို့ကတော့ အရေထူနေပါပြီ ဒီလိုပဲစခန်းသွားနေရတာပါ ဒီမှာနေတာကြာလာတော့လည်း သည်းခံချင်းတရားနဲ့ ရင်းနှီးသွားတာပါဘဲ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်