သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 19 November 2013

ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ထိန်းကျောင်းခဲ့ဖူးသည့် သခင်လေးသောင်း




19/11/2013

သ ခင်လေးသောင် ဆိုသူမှာ အ မေစု ငယ်စဉ် အခါက ထိန်းခဲ့ဖူးပါတယ်။ ဗိုလ်ချူပ် အ ကြောင်းပြန်ပြောပြလျှင် လွန်စွာမှ နားထောင် ကောင်းပါသည်။

သူပြောပြသည့် အထဲမှ နမူနာ တစ်ခု ရေးပြပါမည်။ တစ်နေ သော် ဒေါ်ခင်ကြည် နှင့် ညီမ ဖြစ်သူတို့ ဈေးမှပြန်၍ အိမ်တို့ အလာ ရဲဘော် တစ်ဦးမှ ညီမ ဖြစ်သူအား လူပျိုစကားပြောလိုက်မိပါသည်

ထိုအ ကြောင်းကို အစ်မဖြစ်သူအား ပြန်တိုင် လိုက်သောအခါ အစ်မဖြစ်သူမှ ဗိုလ်ချူပ်အိမ်သို့ ပြန်ရောက်ရောက်ချင်းပြန်လည် ပြောပြပါတော့သည်။
ထိုစဉ် ဗိုလ်ချူပ်မှ ထိုင် ရာမှ ချက်ချင်း ထ၍ မင်္ဂလာဒုံမြို့ နယ် ရှိတပ်သို့  ကားဖြင့် ထွက်ခွာလာခဲ့သည်။

တပ်သို့ ရောက်သည် ဆိုလျှင် တပ်ဖွဲ့ဝင် များအားလုံးကို စုရုံးစေပြီ အသံပြတ်ပြတ်ဖြင့် မေးပါတော့သည်။ဒီက နေ့  ငါခယ်မကို ရည်းစာ စကား ပြောတာဘယ်သူလဲ ထွက်ခဲ့လို့  ပြောနေသည့် အချိန်....

" နောက်ဆုံးမှ ရဲဘော်တစ်ဦး ဗိုလ်ချူပ်ရှေ့ သို့ ထွက် လာကာ ကျွန်တော်ပါပဲ ကျွန်တော်မှာ အပြစ် ရှိပါတယ်။ ပေးတဲ့ အပြစ်ကို ခံပါမယ် ဆိုပြီး သတိအ နေထားဖြင့် ရပ်နေပါတယ် "

ဗိုလ်ချူပ်မှ ထိုရဲဘော်အနီးသို့  လျှောက်သွားကာ ရဲဘော်၏ ပုခုံးပေါ်သို့  လက်ကိုတင် လိုက်ပြီး ဗိုလ်ချူပ်ပြောလိုက်ပုံက ....

" ဒါမှ ငါရဲဘော် ငါသ ဘောတူတယ် " လို့ ဖြေလိုက်သည်ဆိုရင် ပဲ ဘေးမှာရှိနေကြတဲ့ ရဲဘော်အားလုံးဟာ ဟာခနဲဖြစ်သွား ကြပါတော့သည်။။

ပြောပြလျှင် ကုန်မှာ မဟုတ်သည့် အတွက် သခင် လေးသောင် နှင့်တွေ့ ကြသည့်အခါ သိချင် သမျှ မေးတာ ကြည့်ကြပါတော့ ခင် ဗျာ။

ဂျပန်စကားကို ကျွမ်းကျွမ်းကျင် ကျင် ပြောဆိုပုံကို အံ့အားသင့်မိပါသည်။
အသက် ၉၄ နှစ် ရှိပြီ ဖြစ်သော်လည်း မေ့လောက်ပြီ ထင် မှ ပြန်မေးလဲ ဒီစကားအတိုင်း ခုနှစ် သက္ကရာဇ် တွေမှ အစ အတိအကျ ပြောနိုင် ပါသေးသည်။


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်