သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Wednesday 13 November 2013
လေဖြန်းခြင်းသို့ လေဖြတ်ခြင်း
သေဆုံးမှု့ များလာသည့် လေဖြတ်ရောဂါ အထူးဂရုစိုက်ရန်လိုအပ်ခြင်း
ကမ္ဘာာပေါ်တွင်တစ်စက္ကန့် လျှင်လေဖြတ်ရောဂါကြောင့်  လူတစ်ဦးသေဆုံးနေရပြီး မြန်မာနိုင်ငံတွင်လေဖြတ်ရောဂါကြောင့် သေဆုံးများသူရှိနေသဖြင့်  ထို့ အပြင်လူခြောက်ဦးလျှင် တစ်ဦးသည် ဘဝသက်တမ်း
တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါခံစားနိုင်ရကြောင်း လေ့လာသိရှိရသည်၊
လေဖြတ်ရောဂါဆိုတာဘာလည်း..
ဦးဏှောက်သို့ သွေးသွားလာမှု့ ရပ်ဆိုင်းသွားခြင်းဖြစ်ပေါ်လာခြင်းပင်ဖြစ်ပြီး ဦဏှောက်၏လုပ်ငန်းများသွားလာမှု့  ပုံမှန်လိုအပ်ကြောင်းသိရသည်
ဦးဏှောက်ကသွေးမရလျှင် ဦးဏှောက်ပုံမှန်အလုပ်မလုပ်တော့ ပါဘူး ဦးဏှောက်မှ ထိမ်းချုပ်ထားသော ခန္ဒာကိုယ်၏ အစိတ်ပိုင်းတွေရပ်ဆိုင်းသွားယင် လေဖြတ်ရောဂါဝေဒနာတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးဏှောက်နှင့်  အာရုံကြောကုသမှု့ ဌာနမှ ဒေါက်တာစန်းဦးမှပြောပါသည်၊
လေဖြတ်ရောဂါနှစ်မျိုးရှိပါသည်
၁=ဦးဏှောက်တွင်း သွေးကြောပိတ်၍လေဖြတ်ခြင်းနှင့်
၂=့ ဦးဏှောက်တွင်းသွေးကြောပေါက်၍ လေဖြတ်ခြင် ဖြစ်ပေသည်။
ပထမတစ်မျိုးဦးဏှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းမှာ ဦးဏှောက်အတွင်းရှိသွေးကြောငယ်များကျဉ်းခြင်းကြောင့် လည်းကောင်း နှလုံးနှင့် သွေးလွှတ်ကြောများမှ  သွေးခဲငယ်များပိတ်ဆို့ ခြင်းကြောင့် လည်း
ဖြစ်ပွားနိုင်ကြောင်းသိရပေသည်၊
နှလုံးခုံတာက တစ်ခါတစ်လေ ရပ်နေလိုက် ခုန်သွားလိုက်ဆိုယင်  သွေးများအိုင်သွားစေပြီး နှလုံးသွေးပုံမှန်မစီးစေယင်လည်း သွေးကခဲခြင်တယ် နှလုံးခုံခြင်းနှေးတာမြန်တာ လ သို့  နှစ်နဲ့ ချီသွားယင်သွေးခဲလေးတွေဖြစ်သွားပြန်ရော ထိုသွေးခဲလေးတွေက နှလုံးကထွက်သော သွေးကြောမကြီးကနေ သွေးကြောသေးသေးလေးတွေဆီရောက် သွေးကြောသေးလေးကတစ်ဆင့်  ဦးဏှောက်သွေးကြောဆီ
သို့ ရောက်၍စုပုံပိတ်ဆို့ သွားယင်လေဖြတ်တာဖြစ်သွားပါတယ်၊
ဒုတိယဦးဏှောက်သွေးကြောပေါက်၍ လေဖြတ်ရခြင်းမှာ သွေးကြောနံရံတွင်အပေါက်များဖြစ်သွားပြီးထွက်လာသည့် သွေးများကဦးဏှောက်တွင်းသို့ စီးဝင်သွားသဖြင့် ဦးဏှောက်၏ အစိတ်ပိုင်းများ အလုပ်မလုပ်
သောကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည်။
 ပြုပြင်ပြောင်းလည်းမရနိုင်သောလေဖြတ်ခြင်းများသိရအောင်..
----------------------------------------------------------------
က=အသက်ကြီးလာခြင်း
ခ=အမျိုးသားဖြစ်ခြင်း
ဂ=လူမျိုးအရ အာဖရိကလူမည်းများနှင့် အာရှတိုက်သားများတွင်ပို၍ဖြစ်ခြင်း
ဃ=မိဘမျိုးရိုးများတွင် နှလုံးရောဂါ လေဖြတ်ခြင်း ၊လေဖြတ်သွေးကြောပိတ်ဖူးခြင်းတို့ သည် ပြုပြင်ပြောင်းမရစေသောလေဖြတ်ခြင်းတို့ ဖြစ်သည်၊
 ပြုပြင်ပြောင်းလည်းရစေနိုင်သည့် လေဖြတ်စေသည့် အကြောင်းရင်းများသိရအောင်..
--------------------------------------------------------------------------------------
က=သွေးတိုးရောဂါရှိခြင်း
ခ=နှလုံးရောဂါရှိခြင်း
ဂ=လည်ပင်းရှိသွေးကြောမကြီးထူခြင်း၊ကျဉ်းခြင်း
ဃ=ဆေးလိပ်သောက်ခြင်း
င=သွေးအတွင်းအဆီဓါတ်များခြင်း
စ=ဆီးချို သွေးတိုးရောဂါ အဝလွန်ကဲခြင်း
ဆ=အရက် ဘီယာအလွန်ကျွံ သောက်သုံးခြင်း
ဇ=ခန္ဒာကိုယ်နည်းပါး လှုပ်ရှားမှု့ နည်းခြင်းတို့ သည်ပြုပြင်ပြောင်းလည်းရနိုင်သောလေဖြတ်ခြင်း အကြောင်းတရားများပင်ဖြစ်ပါသည်၊
လေဖြန်းခြင်းသို့ (အသေးစားလေဖြတ်ခြင်း)
-------------------------------------------
၎င်းသည်စနစ်တစ်ကျ ကုသမှု့ မခံယူပါက လေဖြတ်ခြင်းအဆင့်သို့ ရောက်နိုင်၍
မျက်နှာချေလက်ရုတ်တစ်ရက်လေးလံ ထုံခြင်း ရုတ်တစ်ရက်စကားပြောမရခြင်း
ပြောသောစကားများတစ်ဘက်သားလူမှ နားမလည်ခြင်း ဗလုံးဗထွေးဖြစ်ရခြင်း
လေဖြန်းခြင်းသို့  အသေးစားလေဖြတ်ခြင်းဖြစ်လက္ခဏာများဖြစ်ရပေသည်၊
မျက်လုံးကိုသွားတဲ့ သွေးကြောလေးတွေမှာ ခနဆို့ သွားယင် မျက်စေ့ ဝါးသွားမယ် တစ်နာရီနှစ်နာရီလောက်ကြာမယ် ပြန်ကောင်းသွားတယ်ဆိုယင် ဒါဟာလေဖြတ်ခြင်သော လက္ခဏာအရိပ်ဖြစ်ပေသည်၊
လေဖြတ်ရောဂါ၏လက္ခဏာအရိပ်များ
--------------------------------------
သွေးသွားလာမှု ရပ်ဆိုင်းသွားသော ဦးဏှောက်ပေါ်မှုတည်၍ လေဖြတ်ရောဂါလက္ခဏာ အမျိုးမျိုး ကွဲပြားနိုင်သည်
အဆိုလက္ခဏာများမှာ--မျက်နှာခြေလက်ထုံခြင်း လေးလံခြင်း လုံးဝမလှုပ်ရှားနိုင်တော့ ခြင်း
စကားပြောရာအခက်ခဲရှိခြင်း ရေချိုးရခက်ခဲခြင်း။
ဆီးမထိန်းနိုင်ခြင်း ထိတွေ့ မှု့ အာရုံပျက်ယွင်းခြင်း အမြင်အာရုံချို့ ယွင်းခြင်း ခနခနသတိမေ့ တပ်ခြင်း၊
အားစိုက်မှု့ အာရုံနည်းပါးလာခြင်း စိတ်မထိမ်းချုပ်နိုင်ခြင်း မောပန်းလာခြင်း သတိလစ်မေ့မြောတက်ခြင်းတို့ ဖြစ်သည်။
သတိထားရမှာက ခေါင်းကိုက်ထာဘာမှန်းမသိတဲ့ လူက အရမ်းကိုပြင်းပြင်းထန်ထန်ကြီးခေါင်းကိုက်လာပြီဆိုလျှင်တော့  ဒါလေများဖြတ်ခြင်းဆိုတဲ့ အရိပ်ဆိုတာစဉ်းစားတပ်ရမယ်၊
မျက်လုံးမှာလည်း မျက်စေ့တစ်လုံးမှုန်သွားတာရှိပါတယ် ဘေးတစ်ခြမ်းမမြင်တာရှိပါတယ် ဒါဆိုယင်လည်းလေဖြတ်တဲ့ အုပ်စုထဲမှာပါတာဖြစ်ပါတယ်၊
တစ်ချို့ ကမှတ်ဥာဏ်တွေကျလာမယ် ပုံမှန်မှတ်သင့် တာတွေမမှတ်နိုင်ဘူး ၊အာရုံတွေမစိုက်နိုင်တော့ ဘူးဆိုယင်လည်း လေများဖြတ်သလားဆိုတာစဉ်းစားရမယ်
အယင်တုန်းကစိတ်မတိုတဲ့ လူများ စိတ်တိုလာယင်လဲလေဖြတ်တဲ့ လက္ခဏာလားဆိုတာစဉ်းစားထားရမယ်။
်ရှောင်ရန်...
-----------------------
တော်တန်ယုံဖျားနာလျှင် ဆေးထိုးရန်အတပ်နိုင်ဆုံးရှောင်ကျဉ်ရန်။
ညဘက်အချိန်မတော် ပူအိုက်သည်ဆို၍ ရေချိုး အအေးခံခြင်း။
လေပန်ကာ အဲယားကွန်းအသုံးများခြင်း။
သူဌေးရောဂါ ဖြစ်သော ဆီးချို သွေးတိုး နှလုံး ရှိပါက တိုင်းရင်းဆေးများဖြင့် အမြစ်ဖြတ်စေရန်။
အရက် ဘီယာ မှုးယစ်ဆေးဝါးသောက်သုံး၍ အကျီချွတ်ပြီး လေပန်ကာ အဲယားကွန်းခံပြီး အိပ်စက်ခြင်း။
လုပ်ငန်းအတွင်း ပူအိုက်လှောင်သည်ဟူ၍ သံမာန်တလင်း ပေါ်တွင်ခေတ္တလဲလျောင်းခြင်း။
အဝတ်စားရေစို မခြောက်တစ်ခြောက်များ ဝတ်ဆင်ခြင်း။မိုးရေအောက်တွင် ဖြတ်သန်းသွားပြီး အချိန်ကြာမြင့် စွာ အဝတ်စားခြောက်သည်အထိနေခြင်း၊
 T.V -ကွန်ပျုတာ မိုဘိုင်းဖုန်းများတွင် အာရုံစိုက်၍  နေ့ စဉ်ရက်စက်အသုံးချခြင်း။
သွေးတိုးစေသော ဝက်သား အမဲသားတို့ ဖြင့်  အရက်သေစာ ဘီယာတွဲဖက်စားသုံးများခြင်း။
ပြေး ခုန် လမ်းလျှောက် အားကစားလှုပ်ရှားမှု့ နည်းပါးခြင်း။
မော်တော်ယာဉ်မောင်းသမားများ တစ်နေကုန် မောင်းနှင်၍ ကိုယ်လက်လှုပ်ရှားဖြည့် ဆည်းမှု့ နည်းပါးခြင်း။
အဖေါ်မဲ့  ပုထုဇဉ်  ကျား/မ တစ်ကိုယ်ရေဖျော်ဖြေ Mastervation အသုံးပြု ဆန္ဒအသုံးများခြင်း။
တစ်ကိုယ်ရေ တွေဝေ တွေးတောနေတက်ခြင်း ။
ပဋိသန္ဒေ ကိုယ်ဝန်တားဆေးများ သုံးစွဲမှု့ များခြင်း။
အစရှိသည်တို့ ရှောင်ကျဉ်နိုင်ရန်လိုအပ်ပေသည်၊။
ဆောင်ရန်မှာ
-------------
လေဖြန်းဖြတ်ခြင်း ၏အဓိကမှာ သွေးလှည့် ပါတ်မှု့ ပါထို့ ကြောင့် 
ကိုယ်လက်လှုပ်ရှား လမ်းလျှောက် လေ့ကျင့်ခန်း မိမိနှစ်သက်အားသန်ရာ အားကစားလှုပ်ပေးရန်။မိမိနှလုံးသွေးများစီးဆင်းမှု့  ပုံမှန်ရှိစေရန်
အဆီအစိမ့် ကိုတပ်နိုင်သမျှလျှော့စားသုံး၍ ။လတ်ဆတ်သော အသီးရွက်အဓိကစားသုံးပေးပြီး။ချို ချဉ် ငံစပ် မျှတစွာ စားသုံးပေးရန်၊။
အစရှိသည်တို့ အား။
မြန်မာပြည်သား အားလုံးကျမ္မာသုခပြည့် စုံပါစေ...
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်