သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 24 November 2013

လူမျိုမှ လူမျိုးပြုတ်မည်

 

“ဒီနေရာလေးမှာ မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုမည်” ဆိုတဲ့ ဆောင်...ပုဒ်လေးကို အများနားလည် သဘောပေါက်အောင် အနည်းငယ်လောက်ရှင်းပြချင်ပါတယ်။
လူတော်တော်များများ နားလည်ထားတာက “လူကို မြေက မျိုတယ်” လို့ဆိုလိုက်တာနဲ့ ဘုရားဟော ကျမ်းဂန်တွေထဲက ရှင်ဒေဝဒတ်ကြီး မြေမျိုခံရတာ၊ နန္ဒလုလင်မြေမျိုခံရတာ၊ နောက်ပြီး သုပ္ပဗုဒ္ဓဘုရင်ကြီး မြေမျိုခံရတာစတဲ့ အကုသိုလ်ကံ ကြီးမားလို့ အရှင်လတ်လတ် မြေမျိုခံရတာကို ပြေးပြီး မြင်ကြပါလိမ့်မယ်။

ဒီနေရာလေးမှာ သိစေချင်တာက သက်ရှိထင်ရှားလူတစ်ဦးတစ်ယောက်ကို အရှင်လတ်လတ် မြေမျိုမှ မြေမျိုတယ်လို့ ခေါ်တာမဟုတ်ဘူး။ သေနေသောလူသေအလောင်းကောင်ကိုတွင်းတူးပြီး မြေကြီးထဲ မြှပ်ပစ်လိုက်တာဟာလည်း မြေကြီးက လူကိုအကောင်လိုက် မျိုလိုက်တာပါပဲ။ ဒါပေမယ့် မြေကြီးက မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ လူတွေကို မျိုသွားလို့ ဘယ်လူမျိုးတွေတော့ မျိုးပြုတ်သွားပြီ၊ ဘယ်ဘာသာဝင်တွေတော့ မျိုးတုံး ပျောက်ကွယ်သွားပြီလို့ မရှိခဲ့ပါဘူး။ မြေကြီးကတော့ ယခင်ကလည်း လူသေကောင်တွေ မျိုလာခဲ့သလို နောင်နှစ်ပေါင်းများစွာတိုင်အောင်လည်း မျိုနေဦးမှာပါပဲ။

နောက်ပြီး ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြောပြပါ့မယ် ကမ္ဘာ့ လူသတ်ကောင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စစ်အာဏာရှင် ဟစ်တလာဟာ သန်းပေါင်းများစွာသော ဂျူးလူမျိုးတွေကို ကမ္ဘာပ်ါမှ မျိုးတုံးပျောက်ကွယ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက်ကွယ်သွားခြင်း မရှိတဲ့အပြင် ဂျူးလူမျိုးတွေဟာ အစ္စရေးဆိုတဲ့ဂျူးနိုင်ငံကိုတောင် ထူထောင်နေနိုင်ခဲ့ကြပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြောလိုရင်းကတော့ လူမျိုးတစ်မျိုးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ပျောက်ကွယ်သွားတယ်ဆိုတာမျိုးလည်း မရှိခဲ့သလို၊ မြေကမျိုလို့ မျိုးတုံးသွားတယ် ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လူက လူကိုမျိုလို့ မျိုးတုံးပျောက်ကွယ် သွားခဲ့ဖူးတဲ့ လူမျိုးတွေကတော့ ကမ္ဘာမှာ ထင်ထင်ရှားရှား များစွာမှရှိခဲ့ကြပါတယ်။

ဒီနေရာလေးမှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့  သင်္ကေတကို ဘာသာတရားနဲ့ပဲ တိုင်းတာပြချင်ပါတယ်။ လူတွေရဲ့ သင်္ကေတကို ဘာသာတရားနဲ့ ဘာလို့တိုင်းတာပြရတာလဲလို့ဆိုရင် လူတွေဟာ များသောအားဖြင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားတစ်ခုခု ရှိနေကြလို့ပဲ။ (ဘာသာမဲ့ဆိုတဲ့သူလူတွေ ရှိနေကြပေမယ့် ဘာသာတစ်ခုခုကို ယုံကြည်နေတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လွန်စွာမှ နည်းပါးလွန်းလှပါတယ်။)
ဥပမာပြောရရင် မြန်မာနိုင်ငံလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ်ကိုလည်း ကမ္ဘာက အသိအမှတ်ပြုထားကြပါတယ်။ တစ်ချိန်က အင်ဒိုးနီးရှားနိုင်ငံဟာလည်း ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် ထင်ရှားခဲ့ပါတယ်။ အဲဒီလိုပါပဲ ပါကစ္စတန်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေဟာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝအင်များဆုံး နေထိုင်ရာ နိုင်ငံတော်အဖြစ် ရှိခဲ့ကြတယ်။

ယနေ့အချိန်မှာတော့ အဲဒီနိုင်ငံတွေမှာ နေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေ ၊ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်တွေ ရှိကြသေးရဲ့ လားလို့ဆိုရင် အဖြေကတော့ မူးလို့တောင် ရှူစရာမရှိတော့ဘူးလို့ ဖြေရမှာပဲ။ ဒါဆိုရင် ဒီဗုဒ္ဓဘာသာဝင် လူမျိုးတွေဘယ်ရောက်သွားကြကုန်ပါသလဲ။
မြေကြီးက မျိုလို့ ပျောက်သွားကုန်ကြတာလား၊ ဒါမှမဟုတ် အခြားဘာသာဝင်လူမျိုးတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ပျောက်ချင်းမလှပျောက်သွားကြ ကုန်တာလား။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြေကမျိုလို့ မျိုးပြုတ်သွားခဲ့ကြတာ မဟုတ်ဘူး။

“မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ထဲက စကားလို လူကလူကိုမြိုလို့ အားလုံးမျိုးတုံးပျောက်ကွယ်သွား ခဲ့ကြတာဖြစ်ပါတယ်။ အားလုံးသတိထားကြပါဗျာ။

မြေမျိုလို့လူမျိုးမပြုတ်ပါဘူး။ လူမျိုမှ လူမျိုးပြုတ်မည်ဖြစ်ပါသဖြင့် သတိထားဆင်ခြေကြပါလို့
________________________________

Kaung Ka Lay ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
*{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}*


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်